ျပည္တြင္းသတင္း

စာသင္ေက်ာင္းေတြ ဖြင့္ေပးေနပါတယ္၊ တိုက္ပြဲေတြလည္းျဖစ္ေနဆဲပါ”

စာသင္ေက်ာင္းေတြ ဖြင့္ေပးေနပါတယ္၊ တိုက္ပြဲေတြလည္းျဖစ္ေနဆဲပါ”

(ဗိုလ္နဂါး- PDF ေခါင္းေဆာင္- စစ္ကိုင္းတိုင္း)

(၁၀-၇-၂၀၂၂)

စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္းရွိ PDF ထိန္းခ်ဳပ္ေဒသေတြမွာ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က မူလတန္းေက်ာင္းေတြ ျပန္ဖြင့္ေပးေနၿပီး တခ်ိန္တည္းမွာပဲ အခ်ိဳ႕ေနရာေတြမွာ တိုက္ပြဲေတြ ျဖစ္ေနတယ္လို႔ စစ္ကိုင္းတိုင္း ပုလဲနယ္က ေဒသခံ PDF ေခါင္းေဆာင္တဦးျဖစ္သူ ဗိုလ္နဂါး ကေျပာပါတယ္။

NUG က အုပ္ခ်ဳပ္ေရးခ်ထားတဲ့ ၿမိဳ႕နယ္ေပါင္း ၃၀ ေက်ာ္မွာ ျပည္သူ႔ဝန္ေဆာင္လုပ္ငန္းေတြ ဘယ္လိုေဆာင္႐ြက္ေပးေနသလဲ၊ PDF ေတြက ဘယ္လိုပူးေပါင္းေဆာင္႐ြက္ေနသလဲဆိုၿပီး BNN သတင္းဌာနမွ ဦးထက္ေအာင္ေက်ာ္က ေမးျမန္းစဥ္ သူက အဲဒီလို ေျဖၾကားခဲ့တာပါ။

အခုထုတ္လႊင့္ေပးမယ့္ ေမးျမန္းခ်က္ ပထမ ပိုင္းမွာ…

– စစ္ကိုင္းတိုင္းအတြင္းက တိုက္ပြဲေတြရဲ႕ ေနာက္ဆုံးအေျခအေန…

– ႐ြာမီးရႈိ႕ခံရမႈအေျခအေန၊၊ စစ္ေျပးဒုကၡသည္မ်ားအတြက္ အကူအညီလိုအပ္ခ်က္မ်ားအေၾကာင္း…

– စာသင္ေက်ာင္းနဲ႔ ေဆး႐ုံေဆးခန္း ဝန္ေဆာင္မႈေတြကို NUG က ဘယ္လိုေဆာင္႐ြက္ေပးေနသလဲ…

– စစ္ကိုင္း-မေကြးေဒသတြင္းရွိ ေတာ္လွန္ေရးတပ္ေတြ ပူူးေပါင္းစစ္ဆင္ေရး ေဆာင္႐ြက္ႏိုင္ၿပီလား…

– NUG ဆီေတာင္းထားတဲ့ လက္နက္ေတြ ရမယ့္အလားအလာ ပိုနီးလာၿပီလား…

စတဲ့အေၾကာင္းအရာေတြကို ေဆြးေႏြးတင္ျပထားပါတယ္။

(ေႏြဦးေတာ္လွန္ေရး တႏွစ္ခြဲအေျခအေန သုံးသပ္ခ်က္ပါတဲ့ ဒုတိယ ပိုင္းကိုေတာ့ မနက္ဖန္ ညမွာ ဆက္လက္ထုတ္လႊင့္ေပးမွာျဖစ္ပါတယ္)

စာသင်ကျောင်းတွေ ဖွင့်ပေးနေပါတယ်၊ တိုက်ပွဲတွေလည်းဖြစ်နေဆဲပါ”

(ဗိုလ်နဂါး- PDF ခေါင်းဆောင်- စစ်ကိုင်းတိုင်း)

(၁၀-၇-၂၀၂၂)

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းရှိ PDF ထိန်းချုပ်ဒေသတွေမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မူလတန်းကျောင်းတွေ ပြန်ဖွင့်ပေးနေပြီး တချိန်တည်းမှာပဲ အချို့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်း ပုလဲနယ်က ဒေသခံ PDF ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်နဂါး ကပြောပါတယ်။

NUG က အုပ်ချုပ်ရေးချထားတဲ့ မြို့နယ်ပေါင်း ၃၀ ကျော်မှာ ပြည်သူ့ဝန်ဆောင်လုပ်ငန်းတွေ ဘယ်လိုဆောင်ရွက်ပေးနေသလဲ၊ PDF တွေက ဘယ်လိုပူးပေါင်းဆောင်ရွက်နေသလဲဆိုပြီး BNN သတင်းဌာနမှ ဦးထက်အောင်ကျော်က မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခုထုတ်လွှင့်ပေးမယ့် မေးမြန်းချက် ပထမ ပိုင်းမှာ…

– စစ်ကိုင်းတိုင်းအတွင်းက တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ…

– ရွာမီးရှို့ခံရမှုအခြေအနေ၊၊ စစ်ပြေးဒုက္ခသည်များအတွက် အကူအညီလိုအပ်ချက်များအကြောင်း…

– စာသင်ကျောင်းနဲ့ ဆေးရုံဆေးခန်း ဝန်ဆောင်မှုတွေကို NUG က ဘယ်လိုဆောင်ရွက်ပေးနေသလဲ…

– စစ်ကိုင်း-မကွေးဒေသတွင်းရှိ တော်လှန်ရေးတပ်တွေ ပူူးပေါင်းစစ်ဆင်ရေး ဆောင်ရွက်နိုင်ပြီလား…

– NUG ဆီတောင်းထားတဲ့ လက်နက်တွေ ရမယ့်အလားအလာ ပိုနီးလာပြီလား…

စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး တနှစ်ခွဲအခြေအနေ သုံးသပ်ချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ညမှာ ဆက်လက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်)

Leave a Reply

Your email address will not be published. Required fields are marked *