ၾကားသိရသမွ်
Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်ပြီး
Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်ပြီး အခေါက်ရွှေတစ်ကျပ်သား ၂၇ သိန်းခွဲအထိ စျေးတက်၊ ကျပ်ငွေတန်ဖိုး တရှိန်ထိုး ကျဆင်းနေ
ရန်ကုန်၊ ဩဂုတ် ၁၃
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျော် သွားပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းခွဲအထိ စျေးထိုးတက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ဝါဇီစက်ရုံမှ ထုတ်ဝေလိုက်သည့် ငွေစက္ကူ အသစ် ဘီလီယံ ၄၀၀ ကို အခမ်းအနားဖြင့် လွှဲပြောင်းမှုကို ဩဂုတ်လ ၁၂ ရက်နေ့တွင် ဆောင်ရွက်ပြီးနောက် ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျသွားခြင်းဖြစ်သည်။
လက်ရှိ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီစျေးနှုန်းမှာ အခေါက်ရွှေ ၁၆ ပဲရည် (အကယ်ဒမီ မီးလင်းရွှေ) ၂၇ သိန်း ၅ သောင်း ကျပ်၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၁၀ ကျပ် စျေးပေါက်လျက်ရှိသည်။
“ငွေစက္ကူတွေ ဘီလီယံချီ ရိုက်ထုတ်တဲ့ အကျိုးဆက်ပါပဲ။ လက်ကြီးတွေ အကုန်လုံး မြန်မာငွေတွေ ထုတ်ကုန်ကြပြီ။ အဲဒါကြောင့် ။ ပိုဆိုးလာဖို့ပဲရှိပါတယ်။ ကျပ်ငွေတွေ တအားကို တန်ဖိုးထိုးကျနေတယ်ဗျာ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။
ယမန်နေ့က ရွှေစျေးနှုန်းသည် ၂၆ သိန်းကျော်ကျော်သာရှိခဲ့ရာမှ ယနေ့တွင် ၂၈ သိန်းနီးပါး စျေးထိုးတက်လာပြီး ဒေါ်လာစျေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ယမန်နေ့ ၂၈၀၀ ကျပ်ကျော်သာရှိရာမှ ယနေ့ ၃၀၀၀ ကျပ်ကျော်သွားခြင်းဖြစ်သည်။
Breaking News- အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၃၀၀၀ ကျော်ပြီး အခေါက်ရွှေတစ်ကျပ်သား ၂၇ သိန်းခွဲအထိ ဈေးတက်၊ ကျပ်ငွေတန်ဖိုး တရှိန်ထိုး ကျဆင်းနေ
ရန်ကုန်၊ ဩဂုတ် ၁၃
ပြည်တွင်းစီးပွားရေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၀၀ ကျော် သွားပြီး ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းခွဲအထိ ဈေးထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
လက်ရှိ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီဈေးနှုန်းမှာ အခေါက်ရွှေ ၁၆ ပဲရည် (အကယ်ဒမီ မီးလင်းရွှေ) ၂၇ သိန်း ၅ သောင်း ကျပ်၊ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၁၀ ကျပ် ဈေးပေါက်လျက်ရှိသည်။
ယမန်နေ့က ရွှေဈေးနှုန်းသည် ၂၆ သိန်းကျော်ကျော်သာရှိခဲ့ရာမှ ယနေ့တွင် ၂၈ သိန်းနီးပါး ဈေးထိုးတက်လာပြီး ဒေါ်လာဈေးနှုန်းမှာလည်း တစ်ဒေါ်လာလျှင် ယမန်နေ့ ၂၈၀၀ ကျပ်ကျော်သာရှိရာမှ ယနေ့ ၃၀၀၀ ကျပ်ကျော်သွားခြင်းဖြစ်သည်။
Leave a Reply
Your email address will not be published. Required fields are marked *