ၾကားသိရသမွ်


အမေ အဆင်ပြေပါတယ်သားရယ် ဆိုတဲ့ အဖွားအိုတစ်ဦးရဲ့ အဖြစ်

အေမ…

ဘာလဲသား

အိမ်မှာက လူတွေလည်း များလာပြီ။ အမေ့မြေးတွေက လူကြီးတွေ ဖြစ်လာတော့ သူ့အခန်းလေးနဲ့သူ နေချင် လာကြပြီ အမေ…

အသက် ၈၀ ကျော် ဒေါ်မြရွှေက ဆန်ပြုတ်လေးသောက်နေရာမှ ပန်းကန်ကို ဖယ်လိုက်ပြီး သားက ဘာလုပ်ချင်လို့လဲကွယ် ပွင့်ပွင့်လင်းလင်းပြောပေါ့

ဒီအိမ်ကိုဖျက်ပြီးတော့ တိုက်သစ်ဆောက်ချင်တယ်အမေ…

အိုကွယ် … ဒီအိမ်က မင်းအဖေ လစာ တစ်လ ၇ ကျပ်ခွဲရကတည်းက စုဆောင်းပြီး ဆောက်ထားတဲ့ အိမ်ပါကွယ်။မိဘ လက်ငုတ်လက်ရင်းဆိုတာ မဖျက်ကောင်းပါဘူး။

ပြီးတော့ မင်းအဖေက သားစဉ် မြေးဆက် နေနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ တစ်အိမ်လုံးကို ကျွန်း၊ ပျဉ်းကတိုးတွေနဲ့ ဆောက်ထားတာဆိုတော့ နေလို့ ရနေသားပဲ

ရတော့ ရတာပေါ့အမေရယ် … ဒါပေမဲ့

ဘာလဲကွယ် ဒါပေမဲ့က….

အမေ့ချွေးမက ဆိုင်လေးလည်း ဖွင့်ချင်တယ်။ ပြီးတော့ သူက ကျဉ်းကျဉ်းကျုတ်ကျုတ် မနေတတ်ဘူးတဲ့

အေးလေ … ငါ့သားကလည်း ဒီအိမ်အိုလေးမှာ မနေချင်တော့ဘူးနဲ့တူတယ် …

သားတိုက်သစ်ဆောက် ချင်ရင်လည်း ဒီအိမ်လေးကိုတော့ မဖျက်ပါနဲ့ကွယ်။

အမေသေမှ သားသဘော ဒါဆိုရင်အမေ … အမေ့အိမ်ရှေ့မှာ မြေကျယ်တာပဲ … နှစ်ထပ်တိုက်တစ်လုံး ဆောက်လိုက်မယ်နော်…

သားဆန္ဒရှိရင်လုပ်ပါကွယ်…

ဤသို့ဖြင့် ဒေါ်မြရွှေ ခြံဝင်းထဲတွင် နှစ်ထပ်တိုက်အိမ်ကြီးတစ်လုံး တစ်နှစ်အတွင်း အကောင်အထည်ပေါ်လာသည်။

အိမ်က လမ်းနှင့်ကပ်သွားသဖြင့် အောက်ထပ်ကို ကုန်စုံဆိုင်ခန်းဖွင့်သည်။

အိမ်ရှေ့က မြေဖို့ကာ ပိတ်ကာလိုက်သောကြောင့် အိမ်နောက်မှ သစ်သားအိမ်လေးအောက်တွင်ရေဝပ်လာ သည်။

ထို့ပြင် ပိုပြီးမှောင်သလိုလိုဖြစ်သဖြင့် ခြင်ပိုကိုက်သည်။

ဒေါ်မြရွှေ၏ သားကြီးက သူ့ဇနီးကို ငါတို့ အမေ့ကို တိုက်အပေါ်မှာ အခန်းတစ်ခန်းပေးရအောင်။ ဘုရားခန်းဘေးက အခန်း လွတ်နေတာပဲ။

အိမ်ကမှောင်ပြီး အောက်မှာ ရေဝပ်နေတော့ အမေခြင်ကိုက်တယ်…

အို … အပေါ်မှာ ကလေးတွေ ကျယ်ကျယ်ဝန်းဝန်း နေပါစေ။ ပြီးတော့ သူတို့က ဂိမ်းကစား၊ တီဗီကြည့်၊ စာကျက် အနှောင့်အယှက်ဖြစ်ပါတယ်”

အမေအိုကား အိမ်အိုလေးထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ရှာသည်။ နေ့ချင်းညချင်း ပိုပြီး အိုစာသလို ဖြစ်သွားသည်။

ဟဲ့ … အငယ်ကောင် ချစ်တူးလေး … ဖွားဖွားဆီ လာပါဦး မိချို … ဖွားဖွားကို လာနင်းပေးဦးလေ

မာလာရေ … ဖွားဖွားကို တရားခွေလာဖွင့်ပေးပါဦး

ဒေါ်မြရွှေက တကြော်ကြော် သာအော်နေသည်။ သူ့ထံကို မည်သူမျှ ရောက်မလာ။

ထမင်းစားချိန် အိမ်ရှေ့ စားပွဲလေးပေါ်တွင် လာတင်သွားသည်။ သူတို့စားစေချင်တာတွေ လာတင်သွားသည်။

ခါတိုင်းလို ရေခဲသေတ္တာဖွင့်ကာ ရွေး၍မရ။ ချိုချို ချဉ်ချဉ်လေးတွေ သူတို့စားသည့်အထဲမှ နှိုက်စား၍မရ။

ကျွေးတာစားအဆင့်ကို ရောက်လာသည်။ ပိုဆိုးသည်က တစ်ယောက်တည်း အထီးကျန်လာခြင်းဖြစ်သည်။

သားရေ … မာလာကို အမေနဲ့ လာထားပါလား…

အမေ့မြေးကြီးက စာကျက်နေရပြီအမေ။ နောက်ဆုံးနှစ်ဆိုတော့ ဂရုစိုက်နေရတယ်…

အမေ့ဆီမှာလည်း စာကျက်လို့ရတာပဲ…

အမေ့ဆီမှာ ခြင်ကိုက်တာနဲ့ သူနေမှာ မဟုတ်ဘူး အမေအို ဝမ်းနည်းသွားသည်။သူနှင့်ခြင်ဆေး ဓာတ်မတည့်။ ခြင်ဆေးနံ့လည်း မခံနိုင်။

စားချိန်လေးပဲ အပြင်ထွက်ကာ ကျန်တချိန်လုံးခြင်ထောင်ထဲနှင့် ခုတင်ပေါ်နေရသည်မှာ ခြေထောက်တွေ ညောင်းလာသည်။

သားရေ အမေ အိမ်ထဲနေရတာကြာပြီကွယ် ဘုန်းကြီးကျောင်း သွားချင်တယ်၊ ဥပုသ်သွားစောင့်မလို့…

အိမ္မွာပဲ တီဗီက သီလယူလိုက္ပါလားအေမ … ဒီမွာက မနက္ဆို ဘယ်သူမွ အားကြတာ မဟုတ္ဘူး

မင်းတို့ မအားတာပါကွယ် … အမေ အားနေတာပဲ အမေ့ဘာသာ သွားမှာပေါ့…

ဒါဆိုလည်း သွားလေ အောင်မြင့်ကို ပို့ခိုင်းလိုက်မယ်…

ချွေးမက

အို … အစ်ကိုကလည်း ကားက သမီးကြီးကို ကျောင်းပို့ရမှာလေ ပြီးတော့ဈေးမှာ ကုန်ထုပ်ဝင်ယူခိုင်းထားတယ်…

နေပါစေ သားရယ် အမေ ဆိုက်ကားနဲ့ပဲ သွားမယ်…

အောင်မြင့်ရေ ဆိုက်ကားတစ်စီး သွားခေါ် အမေအိုက ဆိုက်ကားနှင့် ဘုန်းကြီးကျောင်းကိုလာခဲ့သည်။

အခိုက်အတန့်လေးတွင် စိတ်ချမ်းသာလိုက်သည်မှာ မည်သို့ ပြောရမည်ပင်မသိ။ ဘုန်းကြီးကျောင်းရောက်သော် ဆရာတော်က…

ဒကာမကြီး

ဘုရား

တိုက်သစ်ကြီးနဲ့ဆိုတော့ နေရထိုင်ရတာ ဇိမ်ကျနေမှာပေါ့…

တပည့်တော်က အိမ်လေးထဲမှာပဲ နေခဲ့တယ်ဘုရား

ဘာဖြစ်လို့လဲ ဒကာမကြီး

တိုက်က အပေါ်ထပ်ဆိုတော့ ဆင်းရတက်ရ မလွယ်ပါဘူးဘုရား … သားကတော့ အခန်းတစ်ခန်းနဲ့ ကျကျနန အထားသား။

သူတို့က အဲကွန်းတွေနဲ့ဆိုတော့လည်း အေးတယ်ဘုရား။ တပည့်တော်က မနေတတ်ပါဘူး…။

သို့သော် ဒေါ်မြရွှေက တိုးတိုးလေး ပြောလိုက်မိသည်မှာ တော်ပါသေးရဲ့ သီလမယူရသေးလို့..။ ။

#Crd

Leave a Reply

Your email address will not be published. Required fields are marked *