မဲဖောက်ပွဲ တပ်ထဲမဲဖောက်မယ်ဆိုတဲ့အသံကြားထဲက စိန်စိန် ရင်တွေခုန်နေပြီဟုတ်တယ်လေ မခုန်လို့လဲမဖြစ်သူမှာ နေစရာကတပ်ထဲကလိုင်းခန်းကလွဲရင် ဘယ်မှာမှမရှိ
စစ်သားယူမိလို့ မိဘနဲ့အမျိုးတွေက သေခန်းဖြတ်ထား တာ နှစ်အစိတ်ကျော်ပြီသူယူတဲ့ ဘကျော်ဆိုတဲ့စစ်သားကလဲ သူနဲ့ယူထဲက သာမာန်ရဲဘော် နှစ်အစိတ်ကြာလဲ တစ်ရစ်မှမရမရဆိုအမြဲမူးနေတာ ရန်သူကလွဲရင်အကုန်လိုက်ပြသနာရှာတော့ ဘယ်အရာရှိကမှ အရစ်လဲမပေး လထစ်လဲမပေး အဲ့..ဆောရီး
စိန်စိန်အလှပြင်ပြီ ရူပ်ပွနေတဲ့ ဆံပင်ကို တရော်ကင်ပွန်းနဲ့သေခြာလျှော်တယ် တစ်ကိုယ်လုံးသန့်အောင် ကာပေါ်လစ်နဲ့ တစ်နေရာမကျန်တိုက် တစ်ကိုယ်လုံးကို စိတ်ရှိလက်ရှိသန့်ပလိုက်တယ်မှန်ရှေ့ထိုင်လိုက်တယ် အသက်က၅ဝနီးပါးဆိုတော့
ပါးရေကတွန့်ချင်နေပြီ လူကလဲဝတော့ ပါးဆုံထွက် နူတ်ခမ်းကမွေးရာပါထော်ထော်လေး ဒါသူ့အတွက် အားသာချက်ဖြစ်မလားဘကျော်တိုက်ပွဲကျတယ်ဆိုထဲက တပ်ရင်းမှူးမိန်းမဆီသွားတစ်ပတ်လောက်အိမ်အလုပ်တွေလုပ်ပေး မဲဖောက်တဲ့စာရင်းထဲသူပါဖို့ကြိုးစားခဲ့တာ ဟိုက ကဲ နင့်ကံပဲ ငါထည့်ပေးလိုက်မယ် တပ်ထဲလဲ မဲဖောက်ရမယ့်သူတွေက များနေပြီ
မဲနိုက်မယ့် ရဲဘော်ကနည်းနေတော့ တစ်လင် ငါးမယားတောင်လုပ်ရမလို ဖြစ်နေပြီ ဟဲ့ လို့ပြောပေမယ့် စိန်စိန်အတွက် နေရေး စားရေးကအရေးကြီးတယ်လေတပ်ထဲလဲ ရဲဘော်ကမကျန်တော့ တစ်ချို့ဆို မဲ၃ခါလောက်ဖောက်ခံမယ့် မိန်းမတွေကများနေပြီ ရှေ့တန်းကပြန်ဝင်လာပြီဆို လူကသိပ်မပါ အကုန်တိုက်ကျချည်းပဲဆိုတော့ တပ်ထဲကျန်တဲ့ လူလွတ်တွေကမျက်နှာ သိပ်ပွင့်တယ်လေ
စိန်စိန်က အားလုံးထက်အားသာတာ တစ်တပ်လုံးမှာ ဖျင်အကြီးဆုံးပဲ ဒါကိုသူအသုံးချမှဖြစ်မယ် ဆုံးဖြတ်ထားတယ် တပ်ထဲမဲဖောက်တာ ရှေ့တန်းပြန်ဝင်လာပြီး ၁ဝရက်လောက်နေရင် လုပ်လေ့ရှိတယ်အခုတစ်ခေါက်သူတို့တပ်တာဝန်ကျတာ မြို့ပေါ်မှာ ဂွင်တအားတည့်တယ်လို့သတင်းကရထားတယ် ပြန်ဝင်လာသူတွေရဲ့မယားတွေ ရွှေသီးပြီ စိန်စိန်ယောက်ျား
ဘကျော်ကဒီအခွင့်အရေးမရလောက် အမူးလွန်ပြီး ကားပေါ်ကပြုတ်ကျသေသွားတာဒါကို ကြားကောင်းအောင် တိုင်းပြည်အတွက်အသက်စွန့်တယ်ဘာညာ လုပ်ထားတာတပ်ထဲကရဲဘော်တွေက စိန်စိန်ကို မျက်နှာချင်းဆိုင် ရင်သာမကြည့်တာ ကျော်သွားရင် နောက်ကနေဖျင် ကြီးကိုကြည့်တတ်ကြတယ် စိန်စိန်ကလဲသိတယ် အခု စိန်စိန်အတွက် ဒီဖျင်က အသုံးဝင်ပြီလေ
ဒီလိုနဲ့ သူတို့တပ် ပြန်ဝင်မယ်ဆိုတော့ ရဲဘော်မယား ဗိုလ်မယား တပ်ရင်းမှူးမယားတွေထိ ကြိုဖို့ပြင်ကြဆင် ကြလုပ်ကြတယ် ဒါတပ်ထုံးစံလေ စိန်စိန်လဲ ပန်းစီးလေးကိုင် အများနည်းတူတပ်ရှေ့ထွက် တန်းစီနေတယ်သိပ်မကြာဘူး တပ်ထဲကားတွေဝင်လာကြတယ်
“ဟင် ”ကားတွေသာ ဝင်လာတယ် တစ်ယောက်မှရဲဘော်ပါမလာဘူး ကားမောင်းတဲ့ရဲဘော်တွေပဲ ကားပေါ်က ဆင်းလာတယ် ဒါနဲ့ တပ်ရင်းမှူးမိန်းမက “ဟဲ့ တပ်ကရဲဘော်တွေရော ကားနဲ့ပါမလာပဲ လမ်းလျှောက်လာကြလို့လား”
မေးတော့ ကားဒရိုင်ဘာက မျက်နှာကိုအောက်ချပြီးအသံတုန်တုန်နဲ့“အကုန်သေကုန်ပြီအမ ”“ဟင် ”ဆိုကာ သတိလစ်သွားတော့တယ် တပ်ထဲက ရဲဘော်မယားတွေလဲ ဝိုင်းပြုစုမှသတိပြန်ရလာတယ်အကုန်လုံးက တပ်ရင်းမှူးမိန်းမကို
“အမ ဘယ်လိုလုပ်ကြမလဲ ကျမတို့အကုန်မုဆိုးမတွေဖြစ်ကုန်ပြီ ဟိုလေ မဲလဲ ဘယ်လိုဖောက်….”တပ်ရင်းမှူးကတော်လဲ လဲနေရာမှ ထထိုင်ကာ“နင်တို့ကိုမဲဖောက်ပေးဖို့နေနေသာသာ ငါ့တောင် ဘယ်သူမဲဖောက်မလဲ စောင့်ရတော့မယ် ဟဲ့”လို့ အော်လိုက်တော့တယ်လေ….မုဆိုး လက်