ၾကားသိရသမွ်

(၃) မိနစ္ ေရေႏြးအိုးေတြကို အသစ္အတိုင္း ျပန္ျဖစ္ေစမယ့္ သန႔္ရွင္းနည္းမ်ား…

ယေန႔ေခတ္မွာ ေဈးႏႈန္းအမ်ိဳးမ်ိဳးနဲ႔ အခုလို သုံးမိနစ္ ေရေႏြးအိုးလို႔ ေခၚၾကတဲ့ ေရေႏြးအိုးေတြကို လူတန္းစားအမ်ိဳးမ်ိဳးက အသုံးျပဳလ်က္ ရွိပါတယ္။

ေရေႏြးဆူတာ ျမန္တယ္ အခ်ိန္ကုန္သက္သာတယ္ သယ္ရ လြယ္ကူတယ္ စတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ လူေတြရဲ့ သေဘာက်မႈကို ရရွိေနတာပါ။

ဒါေပမယ့္ သူ႔ရဲ့ အားနည္းခ်က္ တစ္ခုက​ေတာ့ ေဆးေၾကာဖို႔ မလုပ္တာပဲ ျဖစ္ပါတယ္။

အသုံးျပဳတာ ၾကာေလ အိုးရဲ့ အတြင္းမွာ အညႇိလိုမ်ိဳးေတြ ညစ္ႏြမ္းလာတတ္ပါတယ္။ ဒါေၾကာင့္ သန႔္ရွင္းလို႔ ရမယ့္ နည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ရပါတယ္။

နည္းလမ္း (၁)ပထမဆုံး အေနနဲ႔ ေရနဲ႔ ရွာလကာရည္ကို အခ်ိဳးက် ေရာစပ္ၿပီး ေရေႏြးအိုးထဲကို ထည့္ပါ။

တစ္နာရီေလာက္ၾကာေအာင္ ေရေႏြးအိုးထဲမွာ ထားထားရပါမယ္။ တစ္နာရီၾကာၿပီးရင္ေတာ့ ေရေႏြးအိုးကို ဆူေအာင္ တည္လိုက္ပါ။

ေရဆူရင္ေတာ့ ၁၅ မိနစ္ သို႔ မိနစ္ ၂၀ ေလာက္ အဲ့သည့္အတိုင္း ဆက္ထားလိုက္ပါ။ ဒီလို ထားၿပီးရင္ေတာ့ ေရေႏြးအိုးထဲက ေရေတြကို သြန္ၿပီး ေရထည့္ၿပီး က်င္းလိုက္ရင္ ရပါၿပီ။

နည္းလမ္း (၂)ေရေႏြးအိုးထဲကို ေရထည့္ပါ။ ေရထဲကို မုန္႔္ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္း တစ္္ဇြန္္းစာေလာက္ပါ ထည့္လိုက္ပါ။ ၿပီးရင္ေတာ့ ေရေႏြးဆူေအာင္ တည္လိုက္ပါ။

ေရဆူသြားတဲ့အခါ မိနစ္ ၂၀ ေလာက္ ေရေႏြးအိုးထဲမွာပဲ ဆကၳားပါ။ မိနစ္ ၂၀ ၾကာၿပီးရင္ေတာ့ ေရေႏြးအိုးထဲက ဆူထားတဲ့ေရေတြကို သြန္ပစ္ၿပီး ေရေအးေအးနဲ႔ က်င္းၿပီး အသုံးျပဳနိုင္ပါၿပီ။

နည္းလမ္း (၃)ဒီနည္းကေတာ့ လီမြန္သီး သို႔ သံပယိုသီး ရွိရင္ အဆင္ေျပပါတယ္။

လီမြန္ရည္နဲ႔ ေရကို ၁၅ ဆ ၁ ဆ အခ်ိဳးျဖင့္ ေရာစပ္ၿပီး ေရေႏြးအိုးထဲကို ထည့္ပါ။ တစ္နာရီေလာက္ ၾကာေအာင္ ေရေႏြးအိုးထဲမွာ ထည့္ထားၿပီးတဲ့အခါမွာ ေရဆူေအာင္ တည္္လိုက္ပါ။

ၿပီးရင္ ဆူၾသားတဲ့ ေရေတြကို သြန္ပစ္ၿပီး ေရအသန႔္ ထပ္ထည့္ၿပီး ေနာက္တစ္ႀကိမ္ ေရဆူေအာင္ တည္လိုက္ပါ။ ၿပီးရင္ေတာ့ ေရေအးနဲ႔ ေဆးၿပီး မူလအတိုင္း အသုံးျပဳလို႔ ရပါၿပီေနာ္။ crd

Unicode,

ယနေ့ခေတ်မှာ ဈေးနှုန်းအမျိုးမျိုးနဲ့ အခုလို သုံးမိနစ် ရေနွေးအိုးလို့ ခေါ်ကြတဲ့ ရေနွေးအိုးတွေကို လူတန်းစားအမျိုးမျိုးက အသုံးပြုလျက် ရှိပါတယ်။

ရေနွေးဆူတာ မြန်တယ် အချိန်ကုန်သက်သာတယ် သယ်ရ လွယ်ကူတယ် စတဲ့ အကြောင်းပြချက်တွေနဲ့ လူတွေရဲ့ သဘောကျမှုကို ရရှိနေတာပါ။

ဒါပေမယ့် သူ့ရဲ့ အားနည်းချက် တစ်ခုကတော့ ဆေးကြောဖို့ မလုပ်တာပဲ ဖြစ်ပါတယ်။

အသုံးပြုတာ ကြာလေ အိုးရဲ့ အတွင်းမှာ အညှိလိုမျိုးတွေ ညစ်နွမ်းလာတတ်ပါတယ်။ ဒါကြောင့် သန့်ရှင်းလို့ ရမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

နည်းလမ်း (၁)ပထမဆုံး အနေနဲ့ ရေနဲ့ ရှာလကာရည်ကို အချိုးကျ ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။

တစ်နာရီလောက်ကြာအောင် ရေနွေးအိုးထဲမှာ ထားထားရပါမယ်။ တစ်နာရီကြာပြီးရင်တော့ ရေနွေးအိုးကို ဆူအောင် တည်လိုက်ပါ။

ရေဆူရင်တော့ ၁၅ မိနစ် သို့ မိနစ် ၂၀ လောက် အဲ့သည့်အတိုင်း ဆက်ထားလိုက်ပါ။ ဒီလို ထားပြီးရင်တော့ ရေနွေးအိုးထဲက ရေတွေကို သွန်ပြီး ရေထည့်ပြီး ကျင်းလိုက်ရင် ရပါပြီ။

နည်းလမ်း (၂)ရေနွေးအိုးထဲကို ရေထည့်ပါ။ ရေထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာလောက်ပါ ထည့်လိုက်ပါ။ ပြီးရင်တော့ ရေနွေးဆူအောင် တည်လိုက်ပါ။

ရေဆူသွားတဲ့အခါ မိနစ် ၂၀ လောက် ရေနွေးအိုးထဲမှာပဲ ဆက္ထားပါ။ မိနစ် ၂၀ ကြာပြီးရင်တော့ ရေနွေးအိုးထဲက ဆူထားတဲ့ရေတွေကို သွန်ပစ်ပြီး ရေအေးအေးနဲ့ ကျင်းပြီး အသုံးပြုနိုင်ပါပြီ။

နည်းလမ်း (၃)ဒီနည်းကတော့ လီမွန်သီး သို့ သံပယိုသီး ရှိရင် အဆင်ပြေပါတယ်။

လီမွန်ရည်နဲ့ ရေကို ၁၅ ဆ ၁ ဆ အချိုးဖြင့် ရောစပ်ပြီး ရေနွေးအိုးထဲကို ထည့်ပါ။ တစ်နာရီလောက် ကြာအောင် ရေနွေးအိုးထဲမှာ ထည့်ထားပြီးတဲ့အခါမှာ ရေဆူအောင် တည်လိုက်ပါ။

ပြီးရင် ဆူသြားတဲ့ ရေတွေကို သွန်ပစ်ပြီး ရေအသန့် ထပ်ထည့်ပြီး နောက်တစ်ကြိမ် ရေဆူအောင် တည်လိုက်ပါ။ ပြီးရင်တော့ ရေအေးနဲ့ ဆေးပြီး မူလအတိုင်း အသုံးပြုလို့ ရပါပြီနော်။ crd

Leave a Reply

Your email address will not be published. Required fields are marked *