လူတိုင်း အိပ်မက်တွေထဲမှာ တကယ့်အပြင်က သက်ရှိ၊သက်မဲ့တွေကို ထည့်မက်ဖူးကြမှာပါ။ တစ်ခါတစ်ရံမှာတော့ အိပ်မက်တွေထဲက အရာတွေက ဝိုးတဝါးအဖြစ်နဲ့သာ မြင်တွေ့ရပေမယ့်
တစ်ခါတစ်ရံမှာတော့ ထင်ထင်ရှားရှားမြင်တွေ့ရတတ်ပါတယ်။ တကယ်တော့ အိပ်မက်တွေထဲမှာမြင်တွေ့ရတဲ့ အရာတွေ အားလုံးက
သင့်ရဲ့ စိတ်အခြေအနေနဲ့ လာမယ့် အနာဂါတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတွေကို ဖော်ညွှန်းချက်တွေလို့ တချို့ကယုံကြည်ကြပါတယ်။
အိပ်မက်တွေထဲက ဘယ်လိုအရာတွေက ဘယ်လိုအဓိပ္ပာယ်ဆောင်သလဲဆိုတာကို ဖော်ပြပေးသွားမှာပါ။
(၁) သေတ္တာများ
အိပ်မက်တွေထဲမှာ သေတ္တာတွေကို မြင်တွေ့ရတာကို မြင်တွေ့ဖူးကြမှာပါ။ ဒီလိုသေတ္တာတွေကို ထည့်မက်တယ်ဆိုတာ သင့်ရဲ့ မသိစိတ်ကနေ
သင်ဖုံးကွယ်ထားတဲ့ အရာတွေနဲ့ မြိုသိပ်ထားတဲ့ အရာတွေကို ရည်ညွှန်းပါတယ်။ လူတိုင်း လူတိုင်းမှာ လျှို့ဝှက်ချက်တွေ၊ ဖုံးကွယ်မှုတွေ ကိုယ်စီရှိနေတတ်ကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေကို သိမ်းထားတယ်ဆို
တဲ့ မသိစိတ်က လေးလံလာတဲ့အချိန်မှာတော့ အိပ်မက်တွေထဲမှာ သေတ္တာတွေအဖြစ် မြင်တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အိပ်မက်ထဲမှာ
သေတ္တာတစ်လုံးကို ဖွင့်နေတယ်၊ ဖွင့်ခါနီးအခြေအနေတွေကို မြင်မက်တယ်ဆိုရင်တော့ သင်ဟာ သင်မှာ ရှိနေတဲ့ လျှို့ဝှက်ချက်တွေ၊
မြိုသိပ်ထားရတဲ့ အရာတွေ အားလုံးကို လူတွေသိအောင် ဖွင့်ပြောခါနီး အခြေအနေကို ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။
တကယ်လို့ အိပ်မက်ထဲမှာ သေတ္တာအလွတ်တစ်လုံးထဲကို ငုံ့ကြည့်နေတယ်ဆိုတာကို မြင်မက်ရင်တော့ သင့်ဘဝကို သင်လုံးဝစိတ်ပျက်ကာ အားလျော့နေပြီဆိုတာကို ရည်ညွှန်းနေတာပဲဖြစ်ပါတယ်။
(၂) အမြင့်ကနေ ပြုတ်ကျခြင်း
တိုက်တာအဆောက်အဦတွေ (သို့) အမြင့်တစ်နေရာရာကနေ အောက်ကို ရုတ်ချည်းပြုတ်ကျတဲ့ အိပ်မက်တွေက အိပ်မက်တွေထဲမှာ သိသိသာသာ
မြင်မက်တဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒီလို အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်တွေကိုမြင်မက်ခြင်းဟာ သင့်မှာ စိတ်ပူစရာတွေ၊
စိုးရိမ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေ များပြားနေတယ်ဆိုတာကို ရည်ညွှန်းပါတယ်။ ဒီလို အမြင့်ကနေ ပြုတ်ကျတဲ့ အိပ်မက်တွေက သင့်ဘဝမှာ
အထိန်းအကွပ်မရှိတဲ့အချိန်တွေ၊ လေလွင့်နေတဲ့အချိန်တွေနဲ့ စိတ်တည်ငြိမ်မှုမရှိဘဲ ဆောက်တည်ရာမရဖြစ်နေတဲ့ အခိုက်အတန့်တွေမှာ ပိုမိုမက်လေ့ရှိကြပါတယ်။
စိတ်ဖိစီးမှုများတဲ့အခြေအနေတွေ၊ အင်မတန်စိတ်ဓာတ်ကျနေတဲ့ အခြေအနေတွေမှာလည်း ဒီလိုပြုတ်ကျတဲ့ အိပ်မက်တွေကို
မက်လေ့ရှိတာမို့ ကျန်းမာရေးကို အထူးဂရုစိုက်သင့်ကြောင်း ပြောပြနေတဲ့ အိပ်မက်တွေပဲဖြစ်ပါတယ်။
(၃) ကြောင်များ
အိပ်မက်တွေထဲမှာ တိရစ္ဆာန်လေးတွေကို မြင်မက်တာတွေလည်း ရှိတတ်ကြပါတယ်။ ဒီလို တိရစ္ဆာန်တွေကို မက်တဲ့ အိပ်မက်တွေထဲမှာ ကြောင်တွေကို မြင်မက်တဲ့အိပ်မက်တွေကတော့ ထူးခြားလှပါတယ်။ သင်ဟာ ကြောင်ချစ်သူ
တစ်ယောက်မဟုတ်လည်းပဲကြောင်တွေကို မြင်မက်လေ့ရှိပါတယ်။ တချိုကတော့ ကြောင်တွေကို အိပ်မက် မက်ခြင်းကို မကောင်းတဲ့
နိမိတ်ပုံတစ်ခုလို့ မြင်ကြပေမယ့် ရှေးကရှိခဲ့တဲ့ ကျမ်းစာတွေနဲ့ ရှေးစကားတွေမှာတော့ အိပ်မက်ထဲကို ကြောင်တွေအလည်လာခြင်းက ကောင်းသောနိမိတ်ပုံတစ်ခုလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် သင့်ရဲ့ လက်တွေ့ဘဝမှာ အမျိုးသမီးတစ်ယောက်ယောက်နဲ့ ရင်းနှီးပတ်သက်မှုအတိုင်းအတာတစ်ခုအထိ ရှိလာချိန်မှာ အခုလို
ကြောင်တွေကို အိပ်မက်အဖြစ် မြင်မက်တတ်ပါသေးတယ်။ ကြောင်တွေက စွမ်းအားကြီးတဲ့ နိမိတ်ပုံတွေဖြစ်ပြီး ဒီလို အမျိုးသမီးတွေ၊ မဓာတ်တွေဝင်ရောက်လာချိန်တွေမှာ အိပ်မက်ထဲကို ကြောင်တွေက အလိုလို
ရောက်လာတတ်ပါတယ်။ ဒါ့အပြင့် သင့်မှာ နာမ်ပိုင်းဆိုင်ရာတွေ ဖွံ့ဖြိုးလာတော့မယ့် အချိန်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အရင်ထက်ပိုကောင်းတဲ့
အပြောင်းအလဲတွေဖြစ်လာတော့မယ်ဆိုရင် ကြောင်တွေ ရောက်လာတတ်တာမို့ ကြောင်အိပ်မက်တွေကို အထူးဂရုစိုက်ကာသတိထားသင့်ပါတယ်။
(၄) သွားများ
အိပ်မက်တွေထဲမှာ သွားတွေ ကျွတ်ကျခြင်းတွေ၊ ပဲ့ကြွေတာတွေကို မြင်မက်ရလေ့ရှိပါတယ်။ ဒီလို သွားတွေကို အိပ်မက်ထဲမှ
ာ မြင်ရခြင်းကို လူတွေကတော့ အိပ်မက်ဆိုးကြီးတစ်ခုအဖြစ်နဲ့သာ ရှုမြင်ကြလေ့ရှိပါတယ်။ တကယ်တော့ သွားတွေကို အိပ်မက်မက်ခြင်းက
အကောင်းနဲ့ အဆိုးဒွန်တွဲနေပါတယ်။ သွားတွေ ကျွတ်သွားတာ၊ ပဲ့ကြွေလာတာတွေက အရွယ်ရောက်ခြင်းနဲ့ အသက်အရွယ်အိုမင်းလာခြင်းရဲ့ နိမိတ်ပုံတွေသာဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာတော့ မိမိရဲ့ခန္ဓာကိုယ်အပြင်အဆင်နဲ့ ပတ်သက်ပြီး စိတ်အလိုမကျမှုတွေများလာခဲ့ရင်လည်း သွားတွေကို အိပ်မက်မက်လေ့ရှိတယ်လို့ ဆိုကြပါတယ်။
(၅) ပုရွက်ဆိတ်များ
အိပ်မက်ထဲမှာ ပုရွက်ဆိတ်လိုမျိုး အင်းဆက်တွေကို မြင်မက်ခြင်းက မိမိ အလုပ်နဲ့ ပတ်သက်တဲ့ စိတ်ရှုပ်ထွေးစရာတွေကနေ ဖြစ်လာတဲ့တုန်ပြန်မှုတွေသာဖြစ်ပါတယ်။
အလုပ်မှာ စိတ်တိုခြင်းတွေ၊ ဒေါသထွက်ခြင်းတွေနဲ့ အခြားသော စိတ်အဆင်မပြေစရာအခြေအနေတွေ များလာခဲ့ရင် အိပ်မက်တွေထဲမှာ ပုရွက်ဆိတ်တွေကို မြင်မက်လေ့ရှိကြပါတယ်။
ဒါ့အပြင် ပုရွက်ဆိတ်ဆိုတာ အများနဲ့ ဝိုင်းဖွဲ့ကာ အလုပ်တွေကို အောင်အောင်မြင်မြင်လုပ်တတ်တဲ့ အကောင်တွေမို့လို့ ရိုးရိုးတစ်ယောက်တည်း
အလုပ်လုပ်နေတာထက် Team-Work ဆန်ဆန်အလုပ်တွေကို လုပ်ရင်ပို အောင်မြင်လာမယ်ဆိုတာကိုလည်း ပြောပြနေပါတယ်။
ဒါ့အပြင် မိမိရဲ့ သူငယ်ချင်းမိတ်ဆွေ၊ အပေါင်းအသင်းနဲ့ မိသားစုတွေရဲ့ တန်ဖိုးတွေကိုလည်း ပုရွက်ဆိတ်တွေက ရည်ညွှန်းနေပါသေးတယ်။
(၆) ရေများ
သင့်ဘဝမှာ အကြီးမားဆုံးအလှည့်အပြောင်းတွေဖြစ်လာခါနီး အချိန်တွေမှာလည်း ရေတွေကို မြင်မက်တတ်ပါတယ်။ သင့်ဘဝရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ စွန့်စွန့်စားစားနဲ့သွားလိုသူတစ်ယောက်ဖြစ်
တယ်ဆိုတာကို ဒီ အိပ်မက်တွေက ညွှန်းဆိုနေပါတယ်။ ဒီလို သွားရာလမ်းတစ်လျှောက်မှာလည်း ကြုံတွေ့ရမယ့် ပြဿနာတွေ၊ ရင်ဆိုင်ရမယ့်
အချိုးအကွေ့တွေ၊ ရှုံးနိမ့်မှုတွေအတွက်ကိုပါ ရင်ဆိုင်နိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို ရေအိပ်မက်တွေက ပြောပြနေပါတယ်။
(၇)ပျံသန်းခြင်း
တစ်ခါတစ်ရံမှာတော့ မိုးကောင်းကင်ပေါ်မှာ ပျံသန်းနေရပြီး အရာအားလုံးကို အပေါ်စီးကနေ မြင်တွေ့နေတယ်ဆိုတဲ့ အိပ်မက်တွေကို
မက်လေ့ရှိကြပါတယ်။ ဒီလိုမျိုး သင်ခန္ဓာကိုယ်တစ်ခုလုံးက ပျံသန်းနိုင်တဲ့ အစွမ်းအစတွေရှိတယ်ဆိုတာကို မြင်မက်ရင်တော့ ကောင်းသောအရာများဖြစ်လာတော့မယ့် နိမိတ်တွေလို့ မှတ်ယူနိုင်ပါတယ်။
အိပ်မက်ထဲမှာ
ပျံသန်းနေခြင်းကို မြင်မက်ခြင်းဟာ တကယ့်လက်တွေ့ဘဝမှာ ကြောက်စိတ်ကင်းမဲ့ကာ အရာအားလုံးအပေါ်မှာ ရဲရဲရင့်ရင့်နဲ့
ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာကို ပြောဆိုနေပါတယ်။ ဒါ့အပြင် ပျံသန်းခြင်းအိပ်မက်တွေကို သင် ကြုံတွေ့နေရမယ့်အခက်အခက်တွေ၊
စိတ်ဖိစီးမှုတွေ၊ သင် မလိုချင်တဲ့နှောင်ကြိုးတွေကနေ ရုန်းထွက်လာနိုင်တော့မယ်ဆိုတာကိုလည်း ပြောဆိုနေတဲ့ နိမိတ်တွေလို့လည်း မှတ်ယူလို့ရပါသေးတယ်။
(၈) ရွှံ့များ
ကားတစ်စီးက ရွှံ့ထဲမှာ နစ်နေရင် ရုန်းထွက်ရခက်သလိုမျိုးပဲ လူတစ်ယောက်လည်း ရွှံ့ထဲမှာ နစ်နေရင် ရုန်းထွက်ရခက်နေတာကို ရည်ညွှန်းနေပါတယ်။
ဒါကြောင့် သင့်အနေနဲ့ ရွှံ့တွေကို အိပ်မက်မက်နေတယ်ဆိုရင် သင့်စိတ်က ခုလက်ရှိ ကြုံတွေ့နေရတဲ့ ရွေးချယ်မှုတစ်ခုမှာ ရုန်းထွက်မရအောင်
ဖြစ်နေတယ်ဆိုတာကို ရည်ညွှန်းနေတာဖြစ်ပြီး သင့်အနေနဲ့ လွှတ်မြောက်ဖို့ အချိန် ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။
နောက်ပြီး ရွှံ့က ပြန်လည်မွေးဖွားခြင်းကို ကိုယ်စားပြုနေပါတယ်။ ပန်းပွင့်လေးတစ်ပွင့်က ရွှံ့ထဲမှာ ကြီးထွားလာသလိုပဲ အိပ်မက်ထဲမှာ ရွှံ့ ကို မက်တာက သင့်ရဲ့ ပျော်ရွှင်စရာ မကောင်းတဲ့ ဘဝကြီးကိုလည်း အသစ်တဖန် ပြန်လည်စတင်ခွင့်ရနေပြီဆိုတာ သတိပေးနေတာပဲ ဖြစ်ပါတယ်။
(၉) အစိမ်းရောင်
အစိမ်းရောင်နဲ့ ပတ်သတ်တဲ့ အရာတွေကိုသာ အိပ်မက်မက်နေတယ်ဆိုရင်တော့ သင့်အနေနဲ့ စိတ်ချမ်းသာရာရတဲ့ နေရာမှာ
အတည်တကျဖြစ်နေပြီး သင့်ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း သင့်အနေနဲ့ ချစ်ခင်မြတ်နိုးနေပြီလို့ ဆိုလိုပါတယ်။
သင့်အနေနဲ့ သင့်နေရက်တွေကို စိတ်ပါပါ မဖြတ်သန်းနေဘူးဆိုရင် အစိမ်းရောင်အိပ်မက်တွေက သင့်ကို စိတ်ပါပါနဲ့ ဖြတ်သန်းဖို့နဲ့ ဘေးပတ်ဝန်းကျင်က သူငယ်ချင်း အပေါင်းအသင်းတွေကို ချစ်ခင် မြတ်နိုးဖို့ အချက်ပေးနေတာပဲ ဖြစ်ပါတယ်။
နောက်တစ်ခုက အစိမ်းရောင်ကို အိပ်မက် မက်တယ်ဆိုရင် သင့်အနေနဲ့ စိတ်ကုစားတဲ့ အခိုက်အတန့်တစ်ခုကို ကျော်ဖြတ်ရတော့မယ်ဆိုတာကို
အချက်ပြနေတာဖြစ်ပြီး သင့်သူငယ်ချင်း အပေါင်းအသင်းတွေက သင့်ကို အများကြီး ကူညီပေးကြလိမ့်မယ်လို့ ဖော်ညွန်းနေပါတယ်။
Zawgyi
အခုတစ္ေခါက္ တင္ဆက္ေပးသြားမယ့္အေၾကာင္းအရာကေတာ့ သင္လုံးဝ လ်စ္လ်ဴမရႈထားသင့္တဲ့ သင့္ရဲ႕အိပ္မက္ထဲက နိမိတ္ပုံေတြအေၾကာင္းပဲျဖစ္ပါတယ္။
လူတိုင္း အိပ္မက္ေတြထဲမွာ တကယ့္အျပင္က သက္ရွိ၊သက္မဲ့ေတြကို ထည့္မက္ဖူးၾကမွာပါ။ တစ္ခါတစ္ရံမွာေတာ့ အိပ္မက္ေတြထဲက အရာေတြက ဝိုးတဝါးအျဖစ္နဲ႔သာ ျမင္ေတြ႕ရေပမယ့္
တစ္ခါတစ္ရံမွာေတာ့ ထင္ထင္ရွားရွားျမင္ေတြ႕ရတတ္ပါတယ္။ တကယ္ေတာ့ အိပ္မက္ေတြထဲမွာျမင္ေတြ႕ရတဲ့ အရာေတြ အားလုံးက
သင့္ရဲ႕ စိတ္အေျခအေနနဲ႔ လာမယ့္ အနာဂါတ္မွာ ျဖစ္လာမယ့္ အေၾကာင္းအရာေတြကို ေဖာ္ၫႊန္းခ်က္ေတြလို႔ တခ်ိဳ႕ကယုံၾကည္ၾကပါတယ္။
အိပ္မက္ေတြထဲက ဘယ္လိုအရာေတြက ဘယ္လိုအဓိပၸာယ္ေဆာင္သလဲဆိုတာကို ေဖာ္ျပေပးသြားမွာပါ။
(၁) ေသတၱာမ်ား
အိပ္မက္ေတြထဲမွာ ေသတၱာေတြကို ျမင္ေတြ႕ရတာကို ျမင္ေတြ႕ဖူးၾကမွာပါ။ ဒီလိုေသတၱာေတြကို ထည့္မက္တယ္ဆိုတာ သင့္ရဲ႕ မသိစိတ္ကေန
သင္ဖုံးကြယ္ထားတဲ့ အရာေတြနဲ႔ ၿမိဳသိပ္ထားတဲ့ အရာေတြကို ရည္ၫႊန္းပါတယ္။ လူတိုင္း လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္ေတြ၊ ဖုံးကြယ္မႈေတြ ကိုယ္စီရွိေနတတ္ၾကပါတယ္။ အဲဒီလွ်ိဳ႕ဝွက္ခ်က္ေတြကို သိမ္းထားတယ္ဆို
တဲ့ မသိစိတ္က ေလးလံလာတဲ့အခ်ိန္မွာေတာ့ အိပ္မက္ေတြထဲမွာ ေသတၱာေတြအျဖစ္ ျမင္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ အိပ္မက္ထဲမွာ
ေသတၱာတစ္လုံးကို ဖြင့္ေနတယ္၊ ဖြင့္ခါနီးအေျခအေနေတြကို ျမင္မက္တယ္ဆိုရင္ေတာ့ သင္ဟာ သင္မွာ ရွိေနတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ၊
ၿမိဳသိပ္ထားရတဲ့ အရာေတြ အားလုံးကို လူေတြသိေအာင္ ဖြင့္ေျပာခါနီး အေျခအေနကို ရည္ၫႊန္းေနတာပဲျဖစ္ပါတယ္။
တကယ္လို႔ အိပ္မက္ထဲမွာ ေသတၱာအလြတ္တစ္လုံးထဲကို ငုံ႔ၾကည့္ေနတယ္ဆိုတာကို ျမင္မက္ရင္ေတာ့ သင့္ဘဝကို သင္လုံးဝစိတ္ပ်က္ကာ အားေလ်ာ့ေနၿပီဆိုတာကို ရည္ၫႊန္းေနတာပဲျဖစ္ပါတယ္။
(၂) အျမင့္ကေန ျပဳတ္က်ျခင္း
တိုက္တာအေဆာက္အဦေတြ (သို႔) အျမင့္တစ္ေနရာရာကေန ေအာက္ကို ႐ုတ္ခ်ည္းျပဳတ္က်တဲ့ အိပ္မက္ေတြက အိပ္မက္ေတြထဲမွာ သိသိသာသာ
ျမင္မက္တဲ့ အိပ္မက္ေတြပဲျဖစ္ပါတယ္။ တကယ္ေတာ့ အဲဒီလို အျမင့္ကေန ျပဳတ္က်တဲ့ အိပ္မက္ေတြကိုျမင္မက္ျခင္းဟာ သင့္မွာ စိတ္ပူစရာေတြ၊
စိုးရိမ္ပူပန္စရာေတြ၊ စိတ္ဖိစီးမႈေတြ မ်ားျပားေနတယ္ဆိုတာကို ရည္ၫႊန္းပါတယ္။ ဒီလို အျမင့္ကေန ျပဳတ္က်တဲ့ အိပ္မက္ေတြက သင့္ဘဝမွာ
အထိန္းအကြပ္မရွိတဲ့အခ်ိန္ေတြ၊ ေလလြင့္ေနတဲ့အခ်ိန္ေတြနဲ႔ စိတ္တည္ၿငိမ္မႈမရွိဘဲ ေဆာက္တည္ရာမရျဖစ္ေနတဲ့ အခိုက္အတန႔္ေတြမွာ ပိုမိုမက္ေလ့ရွိၾကပါတယ္။
စိတ္ဖိစီးမႈမ်ားတဲ့အေျခအေနေတြ၊ အင္မတန္စိတ္ဓာတ္က်ေနတဲ့ အေျခအေနေတြမွာလည္း ဒီလိုျပဳတ္က်တဲ့ အိပ္မက္ေတြကို
မက္ေလ့ရွိတာမို႔ က်န္းမာေရးကို အထူးဂ႐ုစိုက္သင့္ေၾကာင္း ေျပာျပေနတဲ့ အိပ္မက္ေတြပဲျဖစ္ပါတယ္။
(၃) ေၾကာင္မ်ား
အိပ္မက္ေတြထဲမွာ တိရစာၦန္ေလးေတြကို ျမင္မက္တာေတြလည္း ရွိတတ္ၾကပါတယ္။ ဒီလို တိရစာၦန္ေတြကို မက္တဲ့ အိပ္မက္ေတြထဲမွာ ေၾကာင္ေတြကို ျမင္မက္တဲ့အိပ္မက္ေတြကေတာ့ ထူးျခားလွပါတယ္။ သင္ဟာ ေၾကာင္ခ်စ္သူ
တစ္ေယာက္မဟုတ္လည္းပဲေၾကာင္ေတြကို ျမင္မက္ေလ့ရွိပါတယ္။ တခ်ိဳကေတာ့ ေၾကာင္ေတြကို အိပ္မက္ မက္ျခင္းကို မေကာင္းတဲ့
နိမိတ္ပုံတစ္ခုလို႔ ျမင္ၾကေပမယ့္ ေရွးကရွိခဲ့တဲ့ က်မ္းစာေတြနဲ႔ ေရွးစကားေတြမွာေတာ့ အိပ္မက္ထဲကို ေၾကာင္ေတြအလည္လာျခင္းက ေကာင္းေသာနိမိတ္ပုံတစ္ခုလို႔ ေျပာဆိုထားပါတယ္။
ဒါ့အျပင္ သင့္ရဲ႕ လက္ေတြ႕ဘဝမွာ အမ်ိဳးသမီးတစ္ေယာက္ေယာက္နဲ႔ ရင္းႏွီးပတ္သက္မႈအတိုင္းအတာတစ္ခုအထိ ရွိလာခ်ိန္မွာ အခုလို
ေၾကာင္ေတြကို အိပ္မက္အျဖစ္ ျမင္မက္တတ္ပါေသးတယ္။ ေၾကာင္ေတြက စြမ္းအားႀကီးတဲ့ နိမိတ္ပုံေတြျဖစ္ၿပီး ဒီလို အမ်ိဳးသမီးေတြ၊ မဓာတ္ေတြဝင္ေရာက္လာခ်ိန္ေတြမွာ အိပ္မက္ထဲကို ေၾကာင္ေတြက အလိုလို
ေရာက္လာတတ္ပါတယ္။ ဒါ့အျပင့္ သင့္မွာ နာမ္ပိုင္းဆိုင္ရာေတြ ဖြံ႕ၿဖိဳးလာေတာ့မယ့္ အခ်ိန္၊ စိတ္ဓာတ္ပိုင္းဆိုင္ရာမွာ အရင္ထက္ပိုေကာင္းတဲ့
အေျပာင္းအလဲေတြျဖစ္လာေတာ့မယ္ဆိုရင္ ေၾကာင္ေတြ ေရာက္လာတတ္တာမို႔ ေၾကာင္အိပ္မက္ေတြကို အထူးဂ႐ုစိုက္ကာသတိထားသင့္ပါတယ္။
(၄) သြားမ်ား
အိပ္မက္ေတြထဲမွာ သြားေတြ ကြၽတ္က်ျခင္းေတြ၊ ပဲ့ေႂကြတာေတြကို ျမင္မက္ရေလ့ရွိပါတယ္။ ဒီလို သြားေတြကို အိပ္မက္ထဲမွ
ာ ျမင္ရျခင္းကို လူေတြကေတာ့ အိပ္မက္ဆိုးႀကီးတစ္ခုအျဖစ္နဲ႔သာ ရႈျမင္ၾကေလ့ရွိပါတယ္။ တကယ္ေတာ့ သြားေတြကို အိပ္မက္မက္ျခင္းက
အေကာင္းနဲ႔ အဆိုးဒြန္တြဲေနပါတယ္။ သြားေတြ ကြၽတ္သြားတာ၊ ပဲ့ေႂကြလာတာေတြက အ႐ြယ္ေရာက္ျခင္းနဲ႔ အသက္အ႐ြယ္အိုမင္းလာျခင္းရဲ႕ နိမိတ္ပုံေတြသာျဖစ္ပါတယ္။
တစ္ခါတစ္ရံမွာေတာ့ မိမိရဲ႕ခႏၶာကိုယ္အျပင္အဆင္နဲ႔ ပတ္သက္ၿပီး စိတ္အလိုမက်မႈေတြမ်ားလာခဲ့ရင္လည္း သြားေတြကို အိပ္မက္မက္ေလ့ရွိတယ္လို႔ ဆိုၾကပါတယ္။
(၅) ပု႐ြက္ဆိတ္မ်ား
အိပ္မက္ထဲမွာ ပု႐ြက္ဆိတ္လိုမ်ိဳး အင္းဆက္ေတြကို ျမင္မက္ျခင္းက မိမိ အလုပ္နဲ႔ ပတ္သက္တဲ့ စိတ္ရႈပ္ေထြးစရာေတြကေန ျဖစ္လာတဲ့တုန္ျပန္မႈေတြသာျဖစ္ပါတယ္။
အလုပ္မွာ စိတ္တိုျခင္းေတြ၊ ေဒါသထြက္ျခင္းေတြနဲ႔ အျခားေသာ စိတ္အဆင္မေျပစရာအေျခအေနေတြ မ်ားလာခဲ့ရင္ အိပ္မက္ေတြထဲမွာ ပု႐ြက္ဆိတ္ေတြကို ျမင္မက္ေလ့ရွိၾကပါတယ္။
ဒါ့အျပင္ ပု႐ြက္ဆိတ္ဆိုတာ အမ်ားနဲ႔ ဝိုင္းဖြဲ႕ကာ အလုပ္ေတြကို ေအာင္ေအာင္ျမင္ျမင္လုပ္တတ္တဲ့ အေကာင္ေတြမို႔လို႔ ႐ိုး႐ိုးတစ္ေယာက္တည္း
အလုပ္လုပ္ေနတာထက္ Team-Work ဆန္ဆန္အလုပ္ေတြကို လုပ္ရင္ပို ေအာင္ျမင္လာမယ္ဆိုတာကိုလည္း ေျပာျပေနပါတယ္။
ဒါ့အျပင္ မိမိရဲ႕ သူငယ္ခ်င္းမိတ္ေဆြ၊ အေပါင္းအသင္းနဲ႔ မိသားစုေတြရဲ႕ တန္ဖိုးေတြကိုလည္း ပု႐ြက္ဆိတ္ေတြက ရည္ၫႊန္းေနပါေသးတယ္။
(၆) ေရမ်ား
သင့္ဘဝမွာ အႀကီးမားဆုံးအလွည့္အေျပာင္းေတြျဖစ္လာခါနီး အခ်ိန္ေတြမွာလည္း ေရေတြကို ျမင္မက္တတ္ပါတယ္။ သင့္ဘဝရဲ႕ ရည္မွန္းခ်က္ပန္းတိုင္ေတြဆီကို ဘယ္လိုအခက္အခဲေတြပဲရွိရွိ စြန႔္စြန႔္စားစားနဲ႔သြားလိုသူတစ္ေယာက္ျဖစ္
တယ္ဆိုတာကို ဒီ အိပ္မက္ေတြက ၫႊန္းဆိုေနပါတယ္။ ဒီလို သြားရာလမ္းတစ္ေလွ်ာက္မွာလည္း ႀကဳံေတြ႕ရမယ့္ ျပႆနာေတြ၊ ရင္ဆိုင္ရမယ့္
အခ်ိဳးအေကြ႕ေတြ၊ ရႈံးနိမ့္မႈေတြအတြက္ကိုပါ ရင္ဆိုင္ႏိုင္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီဆိုတာကို ေရအိပ္မက္ေတြက ေျပာျပေနပါတယ္။
(၇)ပ်ံသန္းျခင္း
တစ္ခါတစ္ရံမွာေတာ့ မိုးေကာင္းကင္ေပၚမွာ ပ်ံသန္းေနရၿပီး အရာအားလုံးကို အေပၚစီးကေန ျမင္ေတြ႕ေနတယ္ဆိုတဲ့ အိပ္မက္ေတြကို
မက္ေလ့ရွိၾကပါတယ္။ ဒီလိုမ်ိဳး သင္ခႏၶာကိုယ္တစ္ခုလုံးက ပ်ံသန္းႏိုင္တဲ့ အစြမ္းအစေတြရွိတယ္ဆိုတာကို ျမင္မက္ရင္ေတာ့ ေကာင္းေသာအရာမ်ားျဖစ္လာေတာ့မယ့္ နိမိတ္ေတြလို႔ မွတ္ယူႏိုင္ပါတယ္။ အိပ္မက္ထဲမွာ
ပ်ံသန္းေနျခင္းကို ျမင္မက္ျခင္းဟာ တကယ့္လက္ေတြ႕ဘဝမွာ ေၾကာက္စိတ္ကင္းမဲ့ကာ အရာအားလုံးအေပၚမွာ ရဲရဲရင့္ရင့္နဲ႔
ရင္ဆိုင္ေက်ာ္လႊားႏိုင္မယ္ဆိုတာကို ေျပာဆိုေနပါတယ္။ ဒါ့အျပင္ ပ်ံသန္းျခင္းအိပ္မက္ေတြကို သင္ ႀကဳံေတြ႕ေနရမယ့္အခက္အခက္ေတြ၊
စိတ္ဖိစီးမႈေတြ၊ သင္ မလိုခ်င္တဲ့ေႏွာင္ႀကိဳးေတြကေန ႐ုန္းထြက္လာႏိုင္ေတာ့မယ္ဆိုတာကိုလည္း ေျပာဆိုေနတဲ့ နိမိတ္ေတြလို႔လည္း မွတ္ယူလို႔ရပါေသးတယ္။
(၈) ႐ႊံ႕မ်ား
ကားတစ္စီးက ႐ႊံ႕ထဲမွာ နစ္ေနရင္ ႐ုန္းထြက္ရခက္သလိုမ်ိဳးပဲ လူတစ္ေယာက္လည္း ႐ႊံ႕ထဲမွာ နစ္ေနရင္ ႐ုန္းထြက္ရခက္ေနတာကို ရည္ၫႊန္းေနပါတယ္။
ဒါေၾကာင့္ သင့္အေနနဲ႔ ႐ႊံ႕ေတြကို အိပ္မက္မက္ေနတယ္ဆိုရင္ သင့္စိတ္က ခုလက္ရွိ ႀကဳံေတြ႕ေနရတဲ့ ေ႐ြးခ်ယ္မႈတစ္ခုမွာ ႐ုန္းထြက္မရေအာင္
ျဖစ္ေနတယ္ဆိုတာကို ရည္ၫႊန္းေနတာျဖစ္ၿပီး သင့္အေနနဲ႔ လႊတ္ေျမာက္ဖို႔ အခ်ိန္ ျဖစ္ေကာင္းျဖစ္လာႏိုင္ပါတယ္။
ေနာက္ၿပီး ႐ႊံ႕က ျပန္လည္ေမြးဖြားျခင္းကို ကိုယ္စားျပဳေနပါတယ္။ ပန္းပြင့္ေလးတစ္ပြင့္က ႐ႊံ႕ထဲမွာ ႀကီးထြားလာသလိုပဲ အိပ္မက္ထဲမွာ ႐ႊံ႕ ကို မက္တာက သင့္ရဲ႕ ေပ်ာ္႐ႊင္စရာ မေကာင္းတဲ့ ဘဝႀကီးကိုလည္း အသစ္တဖန္ ျပန္လည္စတင္ခြင့္ရေနၿပီဆိုတာ သတိေပးေနတာပဲ ျဖစ္ပါတယ္။
(၉) အစိမ္းေရာင္
အစိမ္းေရာင္နဲ႔ ပတ္သတ္တဲ့ အရာေတြကိုသာ အိပ္မက္မက္ေနတယ္ဆိုရင္ေတာ့ သင့္အေနနဲ႔ စိတ္ခ်မ္းသာရာရတဲ့ ေနရာမွာ
အတည္တက်ျဖစ္ေနၿပီး သင့္ေဘးပတ္ဝန္းက်င္က လူေတြကိုလည္း သင့္အေနနဲ႔ ခ်စ္ခင္ျမတ္ႏိုးေနၿပီလို႔ ဆိုလိုပါတယ္။
သင့္အေနနဲ႔ သင့္ေနရက္ေတြကို စိတ္ပါပါ မျဖတ္သန္းေနဘူးဆိုရင္ အစိမ္းေရာင္အိပ္မက္ေတြက သင့္ကို စိတ္ပါပါနဲ႔ ျဖတ္သန္းဖို႔နဲ႔ ေဘးပတ္ဝန္းက်င္က သူငယ္ခ်င္း အေပါင္းအသင္းေတြကို ခ်စ္ခင္ ျမတ္ႏိုးဖို႔ အခ်က္ေပးေနတာပဲ ျဖစ္ပါတယ္။
ေနာက္တစ္ခုက အစိမ္းေရာင္ကို အိပ္မက္ မက္တယ္ဆိုရင္ သင့္အေနနဲ႔ စိတ္ကုစားတဲ့ အခိုက္အတန႔္တစ္ခုကို ေက်ာ္ျဖတ္ရေတာ့မယ္ဆိုတာကို
အခ်က္ျပေနတာျဖစ္ၿပီး သင့္သူငယ္ခ်င္း အေပါင္းအသင္းေတြက သင့္ကို အမ်ားႀကီး ကူညီေပးၾကလိမ့္မယ္လို႔ ေဖာ္ၫြန္းေနပါတယ္။