ၾကားသိရသမွ်

ပိုင်ဆိုင်သမျှမြေကွက်နဲ့ ဆိုင်ခန်းလေးတွေရောင်းချပြီး ဆေးရုံတက်ခွဲစိတ်ရမယ့် မေမေ့ကို အနီးကပ်ပြုစုပေးနေတဲ့ ခင်ရတနာစိုး

ပိုင်ဆိုင်သမျှမြေကွက်နဲ့ ဆိုင်ခန်းလေးတွေရောင်းချပြီး ဆေးရုံတက်ခွဲစိတ်ရမယ့် မေမေ့ကို အနီးကပ်ပြုစုပေးနေတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးကတော့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Winner ဆုရှင်အဖြစ် ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါ။

ခင်ရတနာစိုးဟာ ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် သူမရဲ့ပြိုင်ပွဲပြီးဆုံးပြီးချိန်မှာ ကပ်ရောဂါအခြေအနေတွေနဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်

အနုပညာလမ်းကြောင်းပေါ်ကို ရောက်သင့်သလောက် မရောက်ခဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်။

 

ဒါ့အပြင် လတ်တလောမှာလည်း ခင်ရတနာစိုးဟာ သူမမိခင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အနုပညာအလုပ်တွေကို အချိန်မပေးနိုင်ဖြစ်နေခဲ့ရတာဖြစ်ပါတယ်။


ခင်ရတနာစိုးရဲ့မေမေဟာ ချော်လဲပြီးပေါင်ထိပ်ရိုးကျိုးခဲ့တာကြောင့် ခွဲစိတ်ပြီး စတီးလ်ရိုးထည့်ကုသရမှာဖြစ်ပြီး ခင်ရတနာစိုးကလည်း သူမတို့မိသားစုပိုင် မြေကွက်တွေနဲ့

ဆိုင်ခန်းလေးတွေရောင်းချပြီး မေမေ့အတွက် ရန်ကုန်ပင်လုံဆေးရုံကြီးမှာ အခန်းကျယ်ကြီးနဲ့ သက်တောင့်သက်သာ ဆေးကုသမှုခံယူနိုင်ဖို့ စီစဉ်ပေးခဲ့တာပဲဖြစ်ပါတယ်။

 

ဒီကနေ့မှာတော့ ခင်ရတနာစိုးရဲ့မေမေဟာ ခွဲစိတ်ကုသမှုခံယူပြီးခဲ့ပြီဖြစ်ပြီး ခွဲစိတ်မှုကလည်း အစစအရာရာအဆင်ပြေချောမွေ့ခဲ့တယ်လို့ သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ခင်ရတနာစိုးကတော့ သူမရဲ့ဖခင်ကို ငယ်ငယ်ကတည်းက ဆုံးရှုံးခဲ့ရတာမို့ လက်ရှိမှာ တစ်ယောက်တည်းကျန်တော့တဲ့ မေမေ့အတွက် သူမတတ်နိုင်သလောက် အကုန်ဖြည့်ဆည်းပေးနေတာပဲဖြစ်ပါတယ်။

ခင်ရတနာစိုးကတော့ တကယ့်ကို သမီးကောင်းရတနာလေးတစ်ယောက်ပါပဲနော်။
MyanmarCelebritΜ

Leave a Reply

Your email address will not be published. Required fields are marked *