Unicode,
လမ်းခွဲပြီးနောက် Exပေးခဲ့တဲ့အမှတ်တရပစ္စည်းများကို လွှင့်ပစ်မည့်အစားပြန်လည်ရောင်းချနိုင်တဲ့ အသည်းကွဲဈေးတန်း…
လမ်းခွဲခြင်းကိုချစ်ဖူးတဲ့သူတိုင်းကြုံတွေ့ဖူးကြမှာဖြစ်ပြီးဝမ်းနည်းမှုတွေနဲ့ခံစားရစဉ်အတူရှိစဉ်က
အမှတ်တရအဖြစ်လက်ဆောင်ပစ္စည်းလေးတွေကို မြင်တွေ့တိုင်း မေ့မရနိုင်တာမျိုး သို့မဟုတ် နာကျင်ရတာမျိုးတွေဖြစ်လေ့ရှိကြသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှ Dinh Thang အမည်ရှိသောလူ ငယ်တစ်ဦးသည် အသည်းကွဲခံစားရပြီးနောက်
အနားမှာထားရှိဖို့ မသင့်တော့သည့် ရည်းစားဟောင်းမှ ပေးခဲ့သော လက်ဆောင်ပစ္စည်းများကို
စွန့်ပစ်ဖို့မတွေးပဲ ပြန်လည်ရောင်းချနိုင်ရန် အသည်းကွဲဈေးတန်းတစ်ခုကို တည်ထောင်ခဲ့သည်။
ထိုဈေးတန်းလေးသည် စပြီးဖွင့်လှစ်ကတည်းက လူငယ်အများစုသည် ရည်းစားနဲ့ပြတ်ပြီး ဝမ်းနည်းခံစားရကာ
သူတို့အား အမြန်ဆုံးမေ့ပျောက်နိုင်ဖို့ သူတို့ပေးခဲ့တဲ့ လက်ဆောင်ပစ္စည်းတွေကို ရောင်းချဖို့ စည်ကားခဲ့သည်။
ထိုဈေးတန်းတွင် အသည်းကွဲလူငယ်များသာ လာရောက်ကြပြီး အချို့ ကျတော့လည်း အသည်းကွဲခံစားရတာချင်း တစ်ယောက်ကို တစ်ယောက်ရင်ဖွင့်မိကြပြီး
ကံကောင်းလျှင် အသည်းကွဲတာပျောက်၍ ချစ်သူရည်းစားအသစ်တွေပါ ရကုန်တတ်ကြသည်။
ခရက်ဒစ် – Rain (For Ialinks)