ၾကားသိရသမွ်

အာလူးေၾကာ္ အိတ္ထဲ ဘာ့ေၾကာင့္ေလျဖည့္ထားရပါသလဲ…?

အာလူးကြော် အိတ်ထဲ ဘာ့ကြောင့်လေဖြည့်ထားရပါသလဲ…?

အာလူးကြော် အိတ်တွေထဲမှာ လေကတစ်ဝက်လောက်နီးပါး ပါနေတာ ကြုံဖူးကြမှာပါ။ တစ်ချို့လူတွေကတော့ လေတွေက အိတ်တစ်ဝက်လောက်နေရာယူနေတာကို မကျေမနပ်ဖြစ်ကြမှာပါပဲ။

စားဖို့အာလူးကြော်က တစ်ဝက်လောက်ပဲ ပါတာကိုး။ ဒါပေမယ့် ဒီလိုမျိုး အိတ်ထဲကိုလေတစ်ဝက်ဖြည့်ထားတာက အကြောင်းအရင်းရှိပါ

တယ်။ ဒီလိုဖြည့်ထားမှသာ အာလူးကြော်ကြွပ်ကြွပ်ရွရွလေးကို ပုံစံမပျက်စားသုံးနိုင်မှာပါ။

အမှတ်တမဲ့ကြည့်ရင်တော့ အိတ်ကလေတွေနဲ့ချည်း ပြည့်နေတယ်ထင်ရပေမယ့် သိပ္ပံနည်းကျလုပ်ထားတဲ့ အကြောင်းရင်းတစ်ခုရှိပါသေးတယ်။

ဒီလိုဖြည့်ထားရတဲ့နောက်ကွယ်မှာ ရည်ရွယ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ထိခိုက်ကျိုးပျက်မှုများကို ကာကွယ်နိုင်ဖို့ဖြစ်ပြီး နောက်တစ်ခုကတော့ တာရှည်ခံဖို့ဖြစ်ပါတယ်။

လွတ်နေတဲ့နေရာလေးတွေကို လေဖြည့်ထားပြီး သယ်ယူပို့ဆောင်တဲ့နေရာမှာ ပွတ်တိုက်ဖိချေခံရပြီး ကျိုးကြေပျက်စီးမှုများကို ကာကွယ်ရန်ဖြစ်ပါတယ်။

လေမဖြည့်ပဲဒီအတိုင်းအာလူးကြော်ချည်းထည့်ထားတဲ့အထုပ်က လေဖြည့်ထားတဲ့အထုပ်ထက်ပိုပြီး ကြေမွပျက်စီးဖို့ ပိုမိုလွယ်ကူပါတယ်။

တစ်ကယ်တော့အာလူးကြော်ထုပ်တွေထဲဖြည့်ထားတာက လေ( အောက်စီဂျင်) မဟုတ်ပါဘူး။ ဒါတွေက နိုက်ထရိုဂျင်တွေပါ။ အောက်စီ

ဂျင်ကအာလူးကြော်တွေကို ပျော့ပြီး ပျက်စီးသွားအောင်၊

စားလို့အဆင်မပြေတော့အောင်လုပ်နိုင်ပါတယ်။ဒါပေမယ့်နိုက်ထရိုဂျင်ကတော့ တာရှည်ခံကြွပ်ရွနေအောင် စားတဲ့အခါအရသာရှိအောင်လုပ်ပေးပါတယ်။

ဒါဟာ နိုက်ထရိုဂျင်ဖြည့်ထားရခြင်းအကြောင်းရင်းဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်း အမေရိကန်တွေဟာ ပျှမ်းမျှအားဖြင့် အာလူးကြော်လေးပေါင်လောက် စားဖြစ်ပါတယ်။

အမေရိကန်မှာ တစ်နှစ်ကိုတစ်ဒဿမငါးဘီလီယံပေါင်ရှိတဲ့အာလူးကြော်တွေကိုစားကြပါတယ်။ ဒီ့အတွက် နိုက်ထရိုဂျင်တွေ တော်တော်များများကိုသုံးထားပါတယ်။

ဒါဟာကျန်းမာရေးနဲ့မကိုက်ညီဘူးထင်ရင် အိမ်မှာကိုယ့်ဘာသာကိုယ် သန့်ရှင်းလတ်ဆတ်စွာ ကြော်စားနိုင်ပါတယ်။ အာလူးကြော်ထုပ်

အပြင် လေဖြည့်ထားတဲ့ စားစရာတော်တော်များများဟာ ဒီနည်းလမ်းအတိုင်း အသုံးပြုထားကြတာ ဖြစ်ပါတယ်။

Crd

zawgyi

အာလူးေၾကာ္ အိတ္ထဲ ဘာ့ေၾကာင့္ေလျဖည့္ထားရပါသလဲ…?

အာလူးေၾကာ္ အိတ္ေတြထဲမွာ ေလကတစ္ဝက္ေလာက္နီးပါး ပါေနတာ ႀကဳံဖူးၾကမွာပါ။ တစ္ခ်ိဳ႕လူေတြကေတာ့ ေလေတြက အိတ္တစ္ဝက္ေလာက္ေနရာယူေနတာကို မေက်မနပ္ျဖစ္ၾကမွာပါပဲ။

စားဖို႔အာလူးေၾကာ္က တစ္ဝက္ေလာက္ပဲ ပါတာကိုး။ ဒါေပမယ့္ ဒီလိုမ်ိဳး အိတ္ထဲကိုေလတစ္ဝက္ျဖည့္ထားတာက အေၾကာင္းအရင္းရွိပါ

တယ္။ ဒီလိုျဖည့္ထားမွသာ အာလူးေၾကာ္ႂကြပ္ႂကြပ္႐ြ႐ြေလးကို ပုံစံမပ်က္စားသုံးႏိုင္မွာပါ။

အမွတ္တမဲ့ၾကည့္ရင္ေတာ့ အိတ္ကေလေတြနဲ႔ခ်ည္း ျပည့္ေနတယ္ထင္ရေပမယ့္ သိပၸံနည္းက်လုပ္ထားတဲ့ အေၾကာင္းရင္းတစ္ခုရွိပါေသးတယ္။

ဒီလိုျဖည့္ထားရတဲ့ေနာက္ကြယ္မွာ ရည္႐ြယ္ခ်က္ႏွစ္ခုရွိပါတယ္။ တစ္ခုကေတာ့ ထိခိုက္က်ိဳးပ်က္မႈမ်ားကို ကာကြယ္ႏိုင္ဖို႔ျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ တာရွည္ခံဖို႔ျဖစ္ပါတယ္။

လြတ္ေနတဲ့ေနရာေလးေတြကို ေလျဖည့္ထားၿပီး သယ္ယူပို႔ေဆာင္တဲ့ေနရာမွာ ပြတ္တိုက္ဖိေခ်ခံရၿပီး က်ိဳးေၾကပ်က္စီးမႈမ်ားကို ကာကြယ္ရန္ျဖစ္ပါတယ္။

ေလမျဖည့္ပဲဒီအတိုင္းအာလူးေၾကာ္ခ်ည္းထည့္ထားတဲ့အထုပ္က ေလျဖည့္ထားတဲ့အထုပ္ထက္ပိုၿပီး ေၾကမြပ်က္စီးဖို႔ ပိုမိုလြယ္ကူပါတယ္။

တစ္ကယ္ေတာ့အာလူးေၾကာ္ထုပ္ေတြထဲျဖည့္ထားတာက ေလ( ေအာက္စီဂ်င္) မဟုတ္ပါဘူး။ ဒါေတြက ႏိုက္ထ႐ိုဂ်င္ေတြပါ။ ေအာက္စီ

ဂ်င္ကအာလူးေၾကာ္ေတြကို ေပ်ာ့ၿပီး ပ်က္စီးသြားေအာင္၊

စားလို႔အဆင္မေျပေတာ့ေအာင္လုပ္ႏိုင္ပါတယ္။ဒါေပမယ့္ႏိုက္ထ႐ိုဂ်င္ကေတာ့ တာရွည္ခံႂကြပ္႐ြေနေအာင္ စားတဲ့အခါအရသာရွိေအာင္လုပ္ေပးပါတယ္။

ဒါဟာ ႏိုက္ထ႐ိုဂ်င္ျဖည့္ထားရျခင္းအေၾကာင္းရင္းျဖစ္ပါတယ္။ ႏွစ္တိုင္းႏွစ္တိုင္း အေမရိကန္ေတြဟာ ပွ်မ္းမွ်အားျဖင့္ အာလူးေၾကာ္ေလးေပါင္ေလာက္ စားျဖစ္ပါတယ္။

အေမရိကန္မွာ တစ္ႏွစ္ကိုတစ္ဒႆမငါးဘီလီယံေပါင္ရွိတဲ့အာလူးေၾကာ္ေတြကိုစားၾကပါတယ္။ ဒီ့အတြက္ ႏိုက္ထ႐ိုဂ်င္ေတြ ေတာ္ေတာ္မ်ားမ်ားကိုသုံးထားပါတယ္။

ဒါဟာက်န္းမာေရးနဲ႔မကိုက္ညီဘူးထင္ရင္ အိမ္မွာကိုယ့္ဘာသာကိုယ္ သန႔္ရွင္းလတ္ဆတ္စြာ ေၾကာ္စားႏိုင္ပါတယ္။ အာလူးေၾကာ္ထုပ္

အျပင္ ေလျဖည့္ထားတဲ့ စားစရာေတာ္ေတာ္မ်ားမ်ားဟာ ဒီနည္းလမ္းအတိုင္း အသုံးျပဳထားၾကတာ ျဖစ္ပါတယ္။

Crd

Leave a Reply

Your email address will not be published. Required fields are marked *