မီတာခ သုံးတာထက်ပိုမကျဖို့ရာ အသုံးပြုပြီးတိုင်း ပလပ်ဖြုတ်ထားသင့်သော လျှပ်စစ်ပစ္စည်းများ
မသုံးစွဲပဲ ပိတ်ထားပေမယ့် လည်း လျှပ်စစ်အားသုံး ကို စွဲယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းများ အကြောင်းကို ပြောပြ ချင်ပါတယ်။
၁။ ဖုန်း Charger
လူတွေတော်တော် များများက ဖုန်းအားသွင်း တဲ့ ခလုတ် (Charger) ကို ဖုန်းနဲ့ မသွင်းထားရင် တောင် ပလပ်ပေါက်နဲ့ ဒီအတိုင်း တပ်ထားလေ့ရှိပါတယ်။
အဲ့လိုထားရင် ဖုန်းအား မသွင်းပဲနဲ့တောင် တစ်နေ့လုံးကို 1.2 W လောက် ကုန်နေပါလိမ့်မယ်။ ဒါကြောင့် ဖုန်းအား သွင်းပြီးရင် charger ပါဖြုတ်ထား ပါ။
၂။ TV Tuner
တီဗီရဲ့ Channel လိုင်းလေး တွေကို ရှာပေးတဲ့ Digital TV Tuner လေးတွေ ကို တီဗီပဲ ပိတ်ပြီး Tuner ကို မပိတ်ပဲ ထားမိရင် တစ်နေ့ကို 22W ကုန်နေ ပါလိမ့်မယ်။ တော်တော်များများက တီဗီပိတ်ရုံ နဲ့ပဲ လုံလောက်ပြီ လို့ ထင်နေကြတတ် ပါတယ်။
၃။ တီဗီ (TV)
တီဗီကို ခလုတ် လုံးဝ ပိတ်လိုက်တာ မဟုတ်ပဲ Standby Mode ပဲ ထားရင်လည်း တစ်နေ့ကို လျှပ်စစ်မီး 24 W လောက် ကုန်နေ ပါလိမ့်မယ်။
၄။ ကွန်ပျုတာ
ကွန်ပျုတာတို့ Laptop တို့ကို ပိတ်ရုံဘဲ ပိတ်ပြီး ပလပ်တွေ မဖြုတ်ထားပါက တစ်နေ့ကို 96 W လောက်ကုန်နေ ပါလိမ့်မယ်။ အကယ်၍ Standby Mode တို့ Sleep Mode တို့ထားပြီး ပလပ်ကို မဖြုတ်ထားရင် ဒီထက် ၁ဆ ခွဲလောက် ကုန်ပါ လိမ့်မယ်။
၅။ Timer ပါတဲ့ အိမ်သုံးစက် ပစ္စည်း
Timer ပါတဲ့ အိမ်သုံးစက် ပစ္စည်းတွေဖြစ်တဲ့ Oven တို့ကို ပလပ်ကြိုး မဖြုတ်ထား ပါက တစ်နေ့ကို 108 W လောက်ကုန် နေပါ လိမ့်မယ်။ တတ်နိုင်ရင် ကိုယ်မသုံးသေးဘူး ဆိုရင် လျှပ်စစ်ပစ္စည်းတွေ ရဲ့ ပလပ်ကြိုးတွေ ကိုဖြုတ်ထား ပါ။
ခလုတ် ပိတ်ထားရင် တောင်မှ သူတို့က လျှပ်စစ် ပါဝါကို ဆွဲနေတတ် ပါတယ်။ ဒါကြောင့် အိမ်မှာ ဘယ်သူမှ မရှိတဲ့အချိန် ဝါယာရှော့တွေ မဖြစ်အောင် လည်း ပလပ်ကြိုးတွေကို ဆွဲဖြုတ် ထားဖို့ လိုပါတယ်။
သူ့အလိုလို အလဟဿသ ဖြစ်နေတဲ့ လျှပ်စစ်မီးတွေက တစ်ခုချင်းစီ ဆိုရင် နည်းတယ်လို့ ထင်ရပေမယ့် လျှပ်စစ်ပ စ္စည်း အများကြီးကို ရက်ပေါင်းများစွာ၊ လပေါင်းများစွာ စုလိုက်ရင် အနည်းဆုံး ကိုယ့် ပိုက်ဆံ သောင်းဂဏန်း သိန်း ဂဏန်း လောက်က အလဟဿ. ဖြစ်နေမှာ ဖြစ်ပါတယ်။
Credit – Nyein Zaw Aye
zawgyi
မီတာခ သုံးတာထက္ပိုမက်ဖို႔ရာ အသုံးျပဳၿပီးတိုင္း ပလပ္ျဖဳတ္ထားသင့္ေသာ လွ်ပ္စစ္ပစၥည္းမ်ား
မသုံးစြဲပဲ ပိတ္ထားေပမယ့္ လည္း လွ်ပ္စစ္အားသုံး ကို စြဲယူသုံးေနတဲ့ လွ်ပ္စစ္ပစၥည္းမ်ား အေၾကာင္းကို ေျပာျပ ခ်င္ပါတယ္။
၁။ ဖုန္း Charger
လူေတြေတာ္ေတာ္ မ်ားမ်ားက ဖုန္းအားသြင္း တဲ့ ခလုတ္ (Charger) ကို ဖုန္းနဲ႔ မသြင္းထားရင္ ေတာင္ ပလပ္ေပါက္နဲ႔ ဒီအတိုင္း တပ္ထားေလ့ရွိပါတယ္။
အဲ့လိုထားရင္ ဖုန္းအား မသြင္းပဲနဲ႔ေတာင္ တစ္ေန႔လုံးကို 1.2 W ေလာက္ ကုန္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ဖုန္းအား သြင္းၿပီးရင္ charger ပါျဖဳတ္ထား ပါ။
၂။ TV Tuner
တီဗီရဲ႕ Channel လိုင္းေလး ေတြကို ရွာေပးတဲ့ Digital TV Tuner ေလးေတြ ကို တီဗီပဲ ပိတ္ၿပီး Tuner ကို မပိတ္ပဲ ထားမိရင္ တစ္ေန႔ကို 22W ကုန္ေန ပါလိမ့္မယ္။ ေတာ္ေတာ္မ်ားမ်ားက တီဗီပိတ္႐ုံ နဲ႔ပဲ လုံေလာက္ၿပီ လို႔ ထင္ေနၾကတတ္ ပါတယ္။
၃။ တီဗီ (TV)
တီဗီကို ခလုတ္ လုံးဝ ပိတ္လိုက္တာ မဟုတ္ပဲ Standby Mode ပဲ ထားရင္လည္း တစ္ေန႔ကို လွ်ပ္စစ္မီး 24 W ေလာက္ ကုန္ေန ပါလိမ့္မယ္။
၄။ ကြန္ပ်ဳတာ
ကြန္ပ်ဳတာတို႔ Laptop တို႔ကို ပိတ္႐ုံဘဲ ပိတ္ၿပီး ပလပ္ေတြ မျဖဳတ္ထားပါက တစ္ေန႔ကို 96 W ေလာက္ကုန္ေန ပါလိမ့္မယ္။ အကယ္၍ Standby Mode တို႔ Sleep Mode တို႔ထားၿပီး ပလပ္ကို မျဖဳတ္ထားရင္ ဒီထက္ ၁ဆ ခြဲေလာက္ ကုန္ပါ လိမ့္မယ္။
၅။ Timer ပါတဲ့ အိမ္သုံးစက္ ပစၥည္း
Timer ပါတဲ့ အိမ္သုံးစက္ ပစၥည္းေတြျဖစ္တဲ့ Oven တို႔ကို ပလပ္ႀကိဳး မျဖဳတ္ထား ပါက တစ္ေန႔ကို 108 W ေလာက္ကုန္ ေနပါ လိမ့္မယ္။ တတ္ႏိုင္ရင္ ကိုယ္မသုံးေသးဘူး ဆိုရင္ လွ်ပ္စစ္ပစၥည္းေတြ ရဲ႕ ပလပ္ႀကိဳးေတြ ကိုျဖဳတ္ထား ပါ။
ခလုတ္ ပိတ္ထားရင္ ေတာင္မွ သူတို႔က လွ်ပ္စစ္ ပါဝါကို ဆြဲေနတတ္ ပါတယ္။ ဒါေၾကာင့္ အိမ္မွာ ဘယ္သူမွ မရွိတဲ့အခ်ိန္ ဝါယာေရွာ့ေတြ မျဖစ္ေအာင္ လည္း ပလပ္ႀကိဳးေတြကို ဆြဲျဖဳတ္ ထားဖို႔ လိုပါတယ္။
သူ႔အလိုလို အလဟႆသ ျဖစ္ေနတဲ့ လွ်ပ္စစ္မီးေတြက တစ္ခုခ်င္းစီ ဆိုရင္ နည္းတယ္လို႔ ထင္ရေပမယ့္ လွ်ပ္စစ္ပ စၥည္း အမ်ားႀကီးကို ရက္ေပါင္းမ်ားစြာ၊ လေပါင္းမ်ားစြာ စုလိုက္ရင္ အနည္းဆုံး ကိုယ့္ ပိုက္ဆံ ေသာင္းဂဏန္း သိန္း ဂဏန္း ေလာက္က အလဟႆ. ျဖစ္ေနမွာ ျဖစ္ပါတယ္။
Credit – Nyein Zaw Aye