အေထြအေထြဗဟုသုတ

မိဘနှင့် ရုပ်အဆင်းတူသော သားသမီး စီးပွားရေးမှာ ပိုပြီးအောင်မြင်နိုင်တယ်လို့ဆို











ဘနှင့် ရုပ်အဆင်းတူသော သားသမီး စီးပှားရေးမှာ ပိုပြီးအောင်မြင်နိုင်တယ် မိဘနှင့် ရုပ်ချင်းဆင်တူသော သားသမီးများ စီးပွားရေးတွင် ပို၍ အောင်မြင်နိုင်ပါသည်

လောကမှာ မိဘနှစ်ပါး မွေးမြူမှ လူဖြစ်လာကြတဲ့ လူတွေအထဲမှာ တချို့က အဖေနဲ့ ရုပ်ချင်းဆင်တူတာရှိကြသလို တချို့က အမေနဲ့ တူ တက်ကြပြီး

တချို့ကအမေနဲ့လည်းမတူ အဖေနဲ့လည်းမတူ ရုပ်အဆင်းတွေ ပိုင်ဆိုင်မှု ကွဲပြားခြားနားကြတာရှိပါတယ့်

အမေနဲ့တူတဲ့ သားသမီးများဟာ များသောအားဖြင့် စိတ်ဓါတ်နူညံ့သိမ့်မွေ့ပြီး မေတ္တာဂရုဏာနဲ့ ပြည့်စုံ ကြပြီးရှေ့ရေးအမျှော် အမြင်ရှိကြပြီး

ပညာကြွယ်ဝပြီးကာလ သုံးပါးကိုဝေဖန်ပိုင်းခြားနိုင်တဲ့သူတွေဖြစ်ကြသလိုအားနာတက်တယ် သည်းခံတက်တယ် နှစ်ဦးနှစ်ဖက်မျှတစွာ တွေးပေးတက်ကြတယ်

ဒါကြောင့် အပေါင်းအသင်းပေါကြတယ် လူချစ်လူခင်များကြတယ်နှစ်လိုဖွယ် အပြုံးပိုင်ရှင်များလည်း ဖြစ်ကြတယ် အနုပညာဝါသနာထုံသူများဖြစ်ကြသလိုအနည်းဆုံးတော့ သီချင်းတအေးအေးနဲ့ နေတက်ကြတဲ့သူတွေပါ

ကျန်းမာရေး အနည်းငယ်သာညံ့တက်ကြပြီး စူးစမ်းလေ့လာပြီးအောင်မြင်မှုရရှိကြတဲ့သူကအများပါ့ အငြင်းအခုန်လေးတော့ နည်းနည်းဝါသနာပါတက်ကြတယ်ဘာသာတရားကိုင်းရှိုင်းမူအားကောင်းပြီးအပြောကြွယ် သူများလည်းဖြစ်ကြသည်

ငယ်ရွယ်သူများအဖို့မျက်နှာများတယ်ဟုအပြောခံရတဲ့ထိအချစ်ရေးမှာစန်းပွင့်ကြတယ် လူလက်ပိုင်းတွေဆို အိမ်ထောင်ရေးသာယာသူကအများပါဘဲ့ သက်ကြီးသူတွေဆိုအိုဇာတာကောင်း ကြပါတယ်

စီးပွားရေးဆိုလည်းဆင်းရဲနွမ်းပါးသူကရှားပါတယ်မရှိသလောက်ပါဘဲ့အကောင်းကြိုက်အသန့်ကြိုက်စိတ်ကူးစိတ်ဖန်ကောင်းတဲ့သူအများမို့ရုပ်ရှင်လောကအဆိုတော်လောက ဒီဇိုင်နာလောက ဆရာဝန် လောက အထက်လူကြီးလောကတွေမှာ အမေနဲ့ရုပ်ဆင်းတူတဲ့သူတွေ ကြည့်ပါပဲ

မိခင်နဲ့ချွတ်ဆွတ်တူလေ တစ်ဘဝစာကံကောင်းလေပါဘဲ့ စိတ်သဘောထားပါကောင်းတဲ့ဖက်မှာ ကိုက်ညီမူများလေ အထွဋ်အထိပ်ရောက်လေလေ အမေနဲ့အရုပ်ကော အဆင်းကောသဏ္ဍန်ကော တူတယ်ဆိုရင်တော့မြေကြီးလက်ခက်မလွဲလူချွန်လူကောင်းပါပဲ့ဗျာ့။ကဲ…အမေနဲ့ရုပ်အဆင်းသဘောကို ဒီမျှပါပဲ့ ပြောမယ်ဆို ကုန်နိုင်စရာမရှိပါဘူး Crd- စရဏ ကျော်ဉာဏ်သိန်း

Leave a Reply

Your email address will not be published. Required fields are marked *