ကလေးတစ်ယောက်ရဲ့ ငိုသံကို ကြားနေရတာကို အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် သင် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့အချိန် ကလေးကထငိုရင် တော်တော်ဒေါသထွက်မှာပါ။
အလုပ်တွေက မပြီးတဲ့အပြင် ကလေးကို အငိုတိတ်အောင် ချော့ရတာကလည်း အလုပ်ပို စေပြန်ပါတယ်။ ဒါ့ကြောင့် ကလေးငိုနေလည်း ဒီတိုင်းလွှတ်ထားသင့်တယ် ဆိုတဲ့အကြောင်းကို ကနေ ပြောပြပေးချင်ပါတယ်။
၁။ ငိုနေတာကို လွှတ်ထားလည်း အန္တရာယ် မရှိပါဘူး
The Child of Psychology and Psychiatry ဂျာနယ်က ပြုလုပ်တဲ့ လေ့လာမှုတွေ အရကတော့ ကလေးငိုနေလည်း တစ်ယောက်တည်း လွှတ်ထားတာက အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။
မွေးကင်းစ ကလေးတွေပေါ် လေ့လာတဲ့အခါမှာလည်း အဖြေက အတူတူပါပဲ။ မိခင်နဲ့ ကလေးကို တွဲပြီးထားတဲ့ အခါမှာလည်း ကလေးက ငိုတာပါပဲ။ ဒါဟာ ကလေးသဘာဝဖြစ်ပြီးတော့ လူတွေထင်တဲ့အတိုင်း စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။
၂။ ပိုအိပ်ပျော်စေတယ်
လေ့လာမှု တစ်ခုအရကတော့ နေ့ခင်းဘက်မှာ ငိုတဲ့ကလေးက ညဘက်မှာ ပိုအိပ်ပျော်ပါတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့အခါမှာ အငိုသန်တဲ့အုပ်စုနဲ့ မငိုပဲ ငြိမ်ငြိမ်နေတတ်တဲ့ အုပ်စုဆိုပြီး (၂) စုခွဲပြီး လေ့လာခဲ့တာပါ။
ဒီနေရာမှာ ကွာခြားသွားတာတစ်ခုက အငိုသန်တဲ့ ကလေးတွေက မြန်မြန်အိပ်ပျော်ပြီးတော့ မငိုတဲ့ကလေးတွေက အချိန်အနည်းငယ်ကွာခြားပြီးမှ အိပ်ပျော်သွားတာကိုတွေ့ရပါတယ်။ ဒါပေမယ့် နေ့ဘက်အိပ်ပြီး ညညထငိုတဲ့ ကလေးဆိုရင်တော့ သင့်ကိုအိပ်ရေးပျက်စေမှာပါ။
၃။ သူတို့ကိုယ်သူတို့ ထိန်းချုပ်လာနိုင်တယ်
ကလေးငိုနေတဲ့အချိန် ချက်ချင်းမချော့ဘဲ လွှတ်ထားလိုက်တာက အချိန်အနည်းငယ်အတွင်းမှာပဲ သူတို့ကိုယ်သူတို့ ထိန်းချုပ်တတ်သွားအောင် သင်ပေးလိုက်သလိုပါပဲ။ ပထမဆုံး လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Dieter Wolke က ကလေးတွေ ငိုနေတဲ့အခါ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ ပြောထားပါတယ်။
မွေးကင်းစကလေးတွေဟာ သူတို့ကိုယ်သူတို့ အေးချမ်းဖို့ သင်ယူဖို့ အချိန်နည်းနည်း လိုတယ်လို့ သူကပြောပါတယ်။ ဒီလိုနဲ့အလေ့အကျင့်ဖြစ်သွားတဲ့အခါ နောက်ပိုင်းငိုတာတွေလည်းလျော့ကျသွားတယ်လို့ ဆိုပါတယ်။
၄။ ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်လာမယ်
ကလေးတွေဟာ အိပ်ခါနီးမှာ အရမ်းငိုတတ်ကြတာကို တွေ့ဖူးမှာပါ။ ဒါဟာ အိပ်ပျော်ဖို့အတွက် အင်အားတွေကို အကုန်သုံး လိုက်သလိုပါပဲ။ ဒီလိုအချိန်မှာ မိဘတွေက ချော့သိပ်ရပြီး သားချော့တေးလေးတွေ ဆိုပြရပါတယ်။ နောက်ပိုင်း (၃) ည (သို့) (၄) ညလောက် ချော့မသိပ်ပဲ လွှတ်ထားလိုက်မယ် ဆိုရင် မိဘက ချော့သိပ်စရာ မလိုပဲနဲ့ သူ့ဟာသူ အိပ်ပျော်သွားပါလိမ့်မယ်။
၅။ သောင်းကျန်းတာတွေ နည်းလာမယ်
ကလေးတွေ ငိုနေတဲ့အချိန် ဆူလိုက်ငေါက်လိုက်တာက အငိုတိတ်သွားမယ်လို့ လူတွေက ယုံကြည်ကြပါတယ်။ အမှန်ကတော့ ငိုတဲ့အချိန် လွှတ်ထားပေးသင့်ပါတယ်။ ကလေးငိုနေတဲ့အချိန် မဆူမငေါက်ပဲ လွှတ်ထားပေးလိုက်တာက ကလေးငြိမ်သွားဖို့အတွက် အကောင်းဆုံး နည်းလမ်းပါ။
သူတို့ကို မဆူရင် ဝုန်းဒိုင်းကြဲတာတွေ၊ ပစ္စည်းတွေ ကောက်ပေါက်တာတွေ လျော့နည်းလာပါလိမ့်မယ်။ နောက်ပိုင်းကျရင် တဖြည်းဖြည်းနဲ့ အငိုလျော့လာပြီးတော့ တစ်နေကုန်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဆော့နေမယ့်အပြင် ညတစ်ရေးနိုးတောင် ထမငိုတော့ပါဘူး။
၆။ သူတို့ဟာသူတို့ အိပ်ပျော်သွားမယ်
ကလေးတွေကို ငိုနေတဲ့အချိန် တစ်ယောက်တည်း ထားထားတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်တတ်လာပြီးတော့ ငိုတိုင်း လိုချင်တာမရဘူး ဆိုတာကို တဖြည်းဖြည်းနဲ့ နားလည်လာပါလိမ့်မယ်။ နောက်ပိုင်း အိပ်ရင်လည်း မိဘက ချော့သိပ်စရာမလို၊ ချီပြီး သိပ်စရာ မလိုတော့ပါဘူး။ တစ်ယောက်တည်းအိပ်ပျော်တတ်လာပါလိမ့်မယ်။
ကလေးတွေက အနားမှာ လူကြီးတစ်ယောက်ယောက် ရှိနေတဲ့အချိန်ဆို သူ့ဟာသူ မအိပ်ပဲ အချော့ခံချင် ကြပါတယ်။ ဒါကြောင့်လည်း ညဘက်တွေမှာ ပိုငိုကြတာပါ။
for zawgyi
ကလေးတွေ ငိုနေရင် မချော့သင့်တဲ့ အကြောင်းအရင်း (၆) ချက်
ကလေးတစ်ယောက်ရဲ့ ငိုသံကို ကြားနေရတာကို အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် သင် မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့အချိန် ကလေးကထငိုရင် တော်တော်ဒေါသထွက်မှာပါ။
အလုပ်တွေက မပြီးတဲ့အပြင် ကလေးကို အငိုတိတ်အောင် ချော့ရတာကလည်း အလုပ်ပို စေပြန်ပါတယ်။ ဒါ့ကြောင့် ကလေးငိုနေလည်း ဒီတိုင်းလွှတ်ထားသင့်တယ် ဆိုတဲ့အကြောင်းကို ကနေ ပြောပြပေးချင်ပါတယ်။
၁။ ငိုနေတာကို လွှတ်ထားလည်း အန္တရာယ် မရှိပါဘူး
The Child of Psychology and Psychiatry ဂျာနယ်က ပြုလုပ်တဲ့ လေ့လာမှုတွေ အရကတော့ ကလေးငိုနေလည်း တစ်ယောက်တည်း လွှတ်ထားတာက အန္တရာယ် မရှိဘူးလို့ ဆိုပါတယ်။
မွေးကင်းစ ကလေးတွေပေါ် လေ့လာတဲ့အခါမှာလည်း အဖြေက အတူတူပါပဲ။ မိခင်နဲ့ ကလေးကို တွဲပြီးထားတဲ့ အခါမှာလည်း ကလေးက ငိုတာပါပဲ။ ဒါဟာ ကလေးသဘာဝ ဖြစ်ပြီးတော့ လူတွေထင်တဲ့အတိုင်း စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။
၂။ ပိုအိပ်ပျော်စေတယ်
လေ့လာမှု တစ်ခုအရကတော့ နေ့ခင်းဘက်မှာ ငိုတဲ့ကလေးက ညဘက်မှာ ပိုအိပ်ပျော်ပါတယ်။ စမ်းသပ်မှု ပြုလုပ်တဲ့အခါမှာ အငိုသန်တဲ့အုပ်စုနဲ့ မငိုပဲ ငြိမ်ငြိမ်နေတတ်တဲ့ အုပ်စုဆိုပြီး (၂) စုခွဲပြီး လေ့လာခဲ့တာပါ။
ဒီနေရာမှာ ကွာခြားသွားတာတစ်ခုက အငိုသန်တဲ့ ကလေးတွေက မြန်မြန် အိပ်ပျော်ပြီးတော့ မငိုတဲ့ကလေးတွေက အချိန်အနည်းငယ် ကွာခြားပြီးမှ အိပ်ပျော်သွားတာကို တွေ့ရပါတယ်။ ဒါပေမယ့် နေ့ဘက်အိပ်ပြီး ညညထငိုတဲ့ ကလေးဆိုရင်တော့ သင့်ကိုအိပ်ရေးပျက်စေမှာပါ။
၃။ သူတို့ကိုယ်သူတို့ ထိန်းချုပ်လာနိုင်တယ်
ကလေးငိုနေတဲ့အချိန် ချက်ချင်းမချော့ဘဲ လွှတ်ထားလိုက်တာက အချိန်အနည်းငယ်အတွင်းမှာပဲ သူတို့ကိုယ်သူတို့ ထိန်းချုပ်တတ်သွားအောင် သင်ပေးလိုက်သလိုပါပဲ။ ပထမဆုံး လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Dieter Wolke က ကလေးတွေ ငိုနေတဲ့အခါ ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ ပြောထားပါတယ်။
မွေးကင်းစကလေးတွေဟာ သူတို့ကိုယ်သူတို့ အေးချမ်းဖို့ သင်ယူဖို့ အချိန်နည်းနည်း လိုတယ်လို့ သူကပြောပါတယ်။ ဒီလိုနဲ့ အလေ့အကျင့်ဖြစ်သွားတဲ့အခါ နောက်ပိုင်းငိုတာတွေလည်း လျော့ကျသွားတယ်လို့ ဆိုပါတယ်။

crd