Tatay Tony လို့ခေါ်တဲ့ အဘိုးအိုဟာ အသက် ၁၀၂ နှစ်ရှိပြီဖြစ်သော်လည်း သူ့ရဲ့ အသက်အရွယ်နဲ့ပင်မလိုက်အောင် လေးလံတဲ့ကြိုးပုခက်များကို ရောင်းချရန်ဇာတိရွာကနေ မြို့ကိုနေ့တိုင်းလမ်းလျှောက်သွားနေရဆဲဖြစ်ပါတယ် ။ Tatay ဟာ ထိုသို့သောအလုပ်မျိုးအတွက်အသက်ကြီးလွန်းတယ်လို့ လူအများကထုတ် ဖော်ပြောကြား
သော်လည်း သူက ကျန်းမာသန်စွမ်းနေဆဲဖြစ်တယ်လို့အခိုင်အမာဆိုခဲ့ပါတယ် ။သူကသူ့မိသားစုအတွက်ငွေရှာနိုင်သလောက်ကို ကြိုးစားလုပ်ကိုင်နေတာပါ ။
ထိုအဘိုးရဲ့ အလုပ်ကြိုးစားမှု ဓာတ်ပုံတွေဟာ Facebook ပေါ် တင်ပြလိုက်တဲ့အခါမှာ Tatay ရဲ့ အသက်အရွယ်အရ ဆက်လက်ဝင်ငွေရရှိရန် စိတ်ပိုင်းဖြတ်ထားမှုအပေါ် အလွန်အမင်းလေးစားကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး၊ လုပ်ခြုံရေးအတွက် အင်တာနက် အသုံးပြုသူတွေက စိုးရိမ်နေကြပါတယ် ။
အင်တာနက်အသုံးပြုသူများစွာဟာ အဘိုးရဲ့အသက်အရွယ်အရဆိုရင် အိမ်မှာ အနားယူပြီး သားသမီးနဲ့ မြေးတွေကသာ မိသားစုအတွက် ပိုက်ဆံရှာသင့်ကြောင်း ထင်မြင်ကြပါတယ် ။ ဒါပေမဲ့ Tatay Tony က အလုပ်ကြိုးစားတဲ့
သက်ကြီးရွယ်အိုများအနက်မှ တစ်ယောက်ဖြစ်ပါတယ် ။ အင်တာနက်အသုံးပြုသူများစွာက အဘိုးရဲ့ကြိုးပုခက်များကို ဝယ်ယူအားပေးခြင်း (သို့) အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သူ့ကို ကူညီရန် ကမ်းလှမ်းနေကြပါတယ် ။
Zawgyi
ဇာတိရွာကနေ လေးလံတဲ့ ကြိုးပုခက်ကိုထမ်းကာ မြို့တက်ပြီး ရောင်းချနေတဲ့ အသက် ၁၀၂ နှစ်ရှိပြီဖြစ်တဲ့အဘိုးအို
Tatay Tony လို့ခေါ်တဲ့ အဘိုးအိုဟာ အသက် ၁၀၂ နှစ် ရှိပြီဖြစ်သော်လည်း သူ့ရဲ့ အသက်အရွယ်နဲ့ပင် မလိုက်အောင် လေးလံတဲ့ကြိုးပုခက်များကို ရောင်းချရန် ဇာတိရွာကနေ မြို့ကို နေ့တိုင်းလမ်းလျှောက် သွားနေရဆဲဖြစ်ပါတယ် ။ Tatay ဟာ ထိုသို့သောအလုပ်မျိုးအတွက် အသက်ကြီးလွန်းတယ်လို့ လူအများကထုတ်ဖော်ပြောကြားသော်လည်း သူက ကျန်းမာသန်စွမ်းနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ် ။ သူက သူ့မိသားစုအတွက် ငွေရှာနိုင်သလောက်ကို ကြိုးစားလုပ်ကိုင်နေတာပါ ။
ထိုအဘိုးရဲ့ အလုပ်ကြိုးစားမှု ဓာတ်ပုံတွေဟာ Facebook ပေါ် တင်ပြလိုက်တဲ့အခါမှာ Tatay ရဲ့ အသက်အရွယ်အရ ဆက်လက်ဝင်ငွေရရှိရန် စိတ်ပိုင်းဖြတ်ထားမှုအပေါ် အလွန်အမင်းလေးစားကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး၊ လုပ်ခြုံရေးအတွက် အင်တာနက် အသုံးပြုသူတွေက စိုးရိမ်နေကြပါတယ် ။
အင်တာနက်အသုံးပြုသူများစွာဟာ အဘိုးရဲ့ အသက်အရွယ်အရဆိုရင် အိမ်မှာ အနားယူပြီး သားသမီးနဲ့ မြေးတွေကသာ မိသားစုအတွက် ပိုက်ဆံရှာသင့်ကြောင်း ထင်မြင်ကြပါတယ် ။ ဒါပေမဲ့ Tatay Tony က အလုပ်ကြိုးစားတဲ့
သက်ကြီးရွယ်အိုများအနက်မှ တစ်ယောက်ဖြစ်ပါတယ် ။အင်တာနက်အသုံးပြုသူများစွာက အဘိုးရဲ့ကြိုးပုခက်များကို ဝယ်ယူအားပေးခြင်း (သို့) အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သူ့ကို ကူညီရန် ကမ်းလှမ်းနေကြပါတယ် ။
crd