အေထြအေထြဗဟုသုတ

ေခါင္းေလၽွာ္ၿပီးေနာက္ ေခါင္းမေျခာက္ေသးဘဲ ဆံပင္အစိုနဲ႔အိပ္ျခင္းရဲ့ ဆိုးက်ိဳး (၇) ခု

ခေါင်းလျှော်ပြီးနောက် ခေါင်းမခြောက်သေးဘဲ အိပ်ခြင်းက ကျန်းမာရေးအတွက် ဆိုးကျိုးများပါတယ်။

သင်က ညဘက်မှ ရေချိူးခေါင်းလျှော်တတ်သူ ဆိုရင်တော့ ဒီအချက်လေးတွေကို ဖတ်ဖို့ မမေ့ပါနဲ့နော်

၁- ဦးရေပြားကို ထိခိုက်စေတယ်

ဦးရေပြားယားယံတာ၊ ဗောက်ထတာဆိုရင် ခေါင်းလျှော်ရည် မကောင်းတာကြောင့် ဖြစ်တယ်လို့ ထင်ကြပါတယ်

ဒါပေမယ့် ဗောက်ထတာ၊ ဦးရေပြားယားယံတာက ခေါင်းမခြောက်ဘဲ အိပ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်

ဆံပင်စိုနဲ့ အိပ်တဲ့အခါ ခေါင်းအုံးပေါ်က မှိုတွေ၊ ဘက်တီးရီးယားတွေက ပိုပြီး ရှင်သန်နိုင်တာကြောင့် မျက်နှာ အသားအရေကိုလည်း ထိခိုက်နိုင်ပါသေးတယ်

၂- ဆံပင်ကို ရှုပ်စေတယ်

ဆံပင်အစိုက သိပ်အကြမ်း မခံနိုင်ပါဘူး။ အိပ်ရာမဝင်ခင် ဆံပင်ကို ခြောက်အောင် မသုတ်တဲ့အခါ အိပ်ပျော်နေစဉ်မှာ ဆံပင်က ရှုပ်သွားမှာပါ

မနက်ရောက်လို့ ခေါင်းဖြီးတဲ့အခါ ဆံပင်က ဖြီးမရ ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အိပ်ရာ မဝင်ခင်မှာ ခေါင်းခြောက်အောင် သုတ်ဖို့ မမေ့ပါနဲ့နော်

၃- ခေါင်းကိုက်စေတယ်

ဆံပင်မခြောက်သေးဘဲ အိပ်ရင် နိုးလာတဲ့အခါ ခေါင်းကိုက်နေမှာပါ။ ဆံပင်အစိုနဲ့ အိပ်ခြင်းက ခန္ဓါကိုယ် အပူချိန်ကို လျော့ကျစေပြီး

ခန္ဓါကိုယ်က အနွေးဓါတ်ရအောင် ကြိုးစားရလို့ ခေါင်းကိုက်လာတာပါ

ဆံပင် မခြောက်သေးတာကို ပုဝါနဲ့ပတ်ပြီး အိပ်ရင်လည်း ခေါင်းကိုက်စေပါတယ်။ နောက်ထပ် ကြောက်စရာ ကောင်းတာကတော့ အခန့်မသင့်ရင်

အိပ်နေစဉ်မှာ ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးနိုင်ပါတယ်။

၄- ဆံပင်ကို ပွစေတယ်။

ဆံပင်အစိုနဲ့ အိပ်ရင် ဆံပင်ပုံစံက ကြည့်မလှတော့ပါဘူး။ ဖွာနေသလို ဖြစ်နေမှာပါ။ အဲဒါကြောင့် မအိပ်ခင်

ဆံပင်ကို ခြောက်အောင် သုတ်ခြင်းက ဆံပင်ကို ထိန်းသိမ်းရတဲ့ ငွေကြေးတွေကို သက်သာစေပါတယ်

၅- ဆံပင် ပါးစေတယ်

ဆံပင်အစိုနဲ့ အိပ်ခြင်းရဲ့ နောက်ထပ်ဆိုးကျိုး တစ်ခုကတော့ ဆံပင်တွေ ကျွတ်ပြီးပါးသွားတာပါ။

အထူးသဖြင့် ဆံပင်နူးညံ့တဲ့သူတွေဆိုရင် ပိုပြီး ဆံပင်ပါးတာကပိုပြီး သိသာပါတယ်

၆- ဆံပင်နှစ်ခွဖြစ်စေတယ်။

ဆံပင်နှစ်ခွဖြစ်ခြင်းက မိန်းကလေးတွေ စိတ်ညစ်ရတဲ့ ပြဿနာတွေထဲက တစ်ခုပါပဲ။ ဆံပင်အစိုတွေက ကျိုးလွယ်ပါသေးတယ်။

ဆံပင်ကျိုးတာ၊ နှစ်ခွဖြစ်တာကြောင့် ဆံပင်ကို ခဏခဏ ညှပ်နေရမှာပါ။ အဲဒါကြောင့် ဆံပင်အစိုနဲ့ မအိပ်သင့်ပါဘူး။

၇- အသားအရေကို ပျက်စီးစေတယ်။

ဆံပင်မခြောက်ဘဲ အိပ်ရင် ဆံပင်ကိုသာမက အသားအရေကိုလည်း ပျက်စီးစေပါသေးတယ်။ ဆံပင်အစိုက မျက်နှာကို ထိမိနေမှာပါ

ဆံပင်အစိုနဲ့ အခန်းအပူချိန်တို့ ပေါင်းစပ်လိုက်တဲ့အခါ အသားအရေကို ပျက်စီးစေမယ့် ဘက်တီးရီးယားတွေ ပိုပြီးရှင်သန်လာပါတယ်

အဲဒါကြောင့် အိပ်ရာမဝင်ခင်မှာ ဆံပင်ကို ခြောက်အောင်သုတ်ဖို့ မမေ့ပါနဲ့နော်

ေခါင္းေလၽွာ္ၿပီးေနာက္ ေခါင္းမေျခာက္ေသးဘဲ အိပ္ျခင္းက က်န္းမာေရးအတြက္ ဆိုးက်ိဳးမ်ားပါတယ္။

သင္က ညဘက္မွ ေရခ်ိဴးေခါင္းေလၽွာ္တတ္သူ ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို ဖတ္ဖို႔ မေမ့ပါနဲ႔ေနာ္

၁- ဦးေရျပားကို ထိခိုက္ေစတယ္

ဦးေရျပားယားယံတာ၊ ေဗာက္ထတာဆိုရင္ ေခါင္းေလၽွာ္ရည္ မေကာင္းတာေၾကာင့္ ျဖစ္တယ္လို႔ ထင္ၾကပါတယ္

ဒါေပမယ့္ ေဗာက္ထတာ၊ ဦးေရျပားယားယံတာက ေခါင္းမေျခာက္ဘဲ အိပ္တာေၾကာင့္လည္း ျဖစ္နိုင္ပါတယ္

ဆံပင္စိုနဲ႔ အိပ္တဲ့အခါ ေခါင္းအုံးေပၚက မွိုေတြ၊ ဘက္တီးရီးယားေတြက ပိုၿပီး ရွင္သန္နိုင္တာေၾကာင့္ မ်က္ႏွာ အသားအေရကိုလည္း ထိခိုက္နိုင္ပါေသးတယ္

၂- ဆံပင္ကို ရႈပ္ေစတယ္

ဆံပင္အစိုက သိပ္အၾကမ္း မခံနိုင္ပါဘူး။ အိပ္ရာမဝင္ခင္ ဆံပင္ကို ေျခာက္ေအာင္ မသုတ္တဲ့အခါ အိပ္ေပ်ာ္ေနစဥ္မွာ ဆံပင္က ရႈပ္သြားမွာပါ

မနက္ေရာက္လို႔ ေခါင္းၿဖီးတဲ့အခါ ဆံပင္က ၿဖီးမရ ျဖစ္ေနတတ္ပါတယ္။ အဲဒါေၾကာင့္ အိပ္ရာ မဝင္ခင္မွာ ေခါင္းေျခာက္ေအာင္ သုတ္ဖို႔ မေမ့ပါနဲ႔ေနာ္

၃- ေခါင္းကိုက္ေစတယ္

ဆံပင္မေျခာက္ေသးဘဲ အိပ္ရင္ နိုးလာတဲ့အခါ ေခါင္းကိုက္ေနမွာပါ။ ဆံပင္အစိုနဲ႔ အိပ္ျခင္းက ခႏၶါကိုယ္

အပူခ်ိန္ကို ေလ်ာ့က်ေစၿပီး ခႏၶါကိုယ္က အေႏြးဓါတ္ရေအာင္ ႀကိဳးစားရလို႔ ေခါင္းကိုက္လာတာပါ

ဆံပင္ မေျခာက္ေသးတာကို ပုဝါနဲ႔ပတ္ၿပီး အိပ္ရင္လည္း ေခါင္းကိုက္ေစပါတယ္။ ေနာက္ထပ္ ေၾကာက္စရာ ေကာင္းတာကေတာ့

အခန႔္မသင့္ရင္ အိပ္ေနစဥ္မွာ ဦးေႏွာက္ေသြးေၾကာ ျပတ္ၿပီး ေသဆုံးနိုင္ပါတယ္

၄- ဆံပင္ကို ပြေစတယ္။

ဆံပင္အစိုနဲ႔ အိပ္ရင္ ဆံပင္ပုံစံက ၾကည့္မလွေတာ့ပါဘူး။ ဖြာေနသလို ျဖစ္ေနမွာပါ။

အဲဒါေၾကာင့္ မအိပ္ခင္ ဆံပင္ကို ေျခာက္ေအာင္ သုတ္ျခင္းက ဆံပင္ကို ထိန္းသိမ္းရတဲ့ ေငြေၾကးေတြကို သက္သာေစပါတယ္

၅- ဆံပင္ ပါးေစတယ္။

ဆံပင္အစိုနဲ႔ အိပ္ျခင္းရဲ့ ေနာက္ထပ္ဆိုးက်ိဳး တစ္ခုကေတာ့ ဆံပင္ေတြ ကၽြတ္ၿပီးပါးသြားတာပါ။

အထူးသျဖင့္ ဆံပင္ႏူးညံ့တဲ့သူေတြဆိုရင္ ပိုၿပီး ဆံပင္ပါးတာကပိုၿပီး သိသာပါတယ္

၆- ဆံပင္ႏွစ္ခြျဖစ္ေစတယ္

ဆံပင္ႏွစ္ခြျဖစ္ျခင္းက မိန္းကေလးေတြ စိတ္ညစ္ရတဲ့ ျပႆနာေတြထဲက တစ္ခုပါပဲ။ ဆံပင္အစိုေတြက က်ိဳးလြယ္ပါေသးတယ္။

ဆံပင္က်ိဳးတာ၊ ႏွစ္ခြျဖစ္တာေၾကာင့္ ဆံပင္ကို ခဏခဏ ညႇပ္ေနရမွာပါ။ အဲဒါေၾကာင့္ ဆံပင္အစိုနဲ႔ မအိပ္သင့္ပါဘူး။

၇- အသားအေရကို ပ်က္စီးေစတယ္။

ဆံပင္မေျခာက္ဘဲ အိပ္ရင္ ဆံပင္ကိုသာမက အသားအေရကိုလည္း ပ်က္စီးေစပါေသးတယ္။ ဆံပင္အစိုက မ်က္ႏွာကို ထိမိေနမွာပါ

ဆံပင္အစိုနဲ႔ အခန္းအပူခ်ိန္တို႔ ေပါင္းစပ္လိုက္တဲ့အခါ အသားအေရကို ပ်က္စီးေစမယ့္ ဘက္တီးရီးယားေတြ ပိုၿပီးရွင္သန္လာပါတယ္

အဲဒါေၾကာင့္ အိပ္ရာမဝင္ခင္မွာ ဆံပင္ကို ေျခာက္ေအာင္သုတ္ဖို႔ မေမ့ပါနဲ႔ေနာ္

Leave a Reply

Your email address will not be published. Required fields are marked *