အေထြအေထြဗဟုသုတ

အဲယားကွန်း နှင့် နေလျှင် ဒါလေးတွေကို လိုက်နာပေးပါ

အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲယားကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာကြပါတယ်

ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲယားကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့်

အဲယားကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေလည်း ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အဲယားကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင်

သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) ရေများများသောက်ပါ

အဲယားကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို

ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်

ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲယားကွန်းခန်းထဲမှာ

အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့ အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) အဲယားကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့

အဲယားကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့

နေပူထဲကနေ အဲယားကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ

နှာခေါင်းသွေးလျှံတာ၊ ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်

Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာ ခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်။

(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ

အဲယားကွန်းခန်းထဲမှာ အနေကြာခြင်းဟာအသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို

ဖြစ်ပေါ်စေနိုင်တာကြောင့်အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်

(၄) အဲယားကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ

အဲယားကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲယားကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး။

အဲယားကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့

ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကို ဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါပေတယ်။

Credit

Zawgyi,

အခုလို ပူေလာင္အိုက္စပ္တဲ့ ေႏြရာသီမွာ အဲယားကြန္း (Air Conditioner) ေတြဟာ အိမ္တိုင္းနဲ႔ လုပ္ငန္းခြင္တိုင္းမွာ မရွိမျဖစ္ ေနရာယူလာၾကပါတယ္

ရာသီဥတုေၾကာင့္ ပူေလာင္ေနတဲ့ အေျခအေနတခုကို အဲယားကြန္းေတြက ေလွ်ာ့ခ်ေပးႏိုင္တာေၾကာင့္ အပူဒဏ္ကေန သက္သာတယ္ဆိုေပမယ့္

အဲယားကြန္းခန္းထဲမွာပဲ အေနၾကာလာရင္ေတာ့ က်န္းမာေရးအတြက္ ဆိုးက်ိဳးေတြလည္း ျဖစ္ေပၚလာႏိုင္ပါတယ္။

ဒါေၾကာင့္မို႔လို႔ အဲယားကြန္းခန္းထဲမွာပဲ အေနမ်ားသူေတြအေနနဲ႔ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ေပၚရေအာင္

သတိျပဳလိုက္နာသင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္

(၁) ေရမ်ားမ်ားေသာက္ပါ

အဲယားကြန္းခန္းထဲမွာ အေနမ်ားျခင္းဟာ ခႏၶာကိုယ္ ေရဓာတ္ခမ္းေျခာက္ျခင္းကို

ျဖစ္ေပၚေစႏိုင္တာေၾကာင့္ တတ္ႏိုင္သေလာက္ ေရမ်ားမ်ား ေသာက္ေပးသင့္ပါတယ္

ေရမ်ားမ်ားေသာက္ေပးျခင္းဟာ ခႏၶာကိုယ္ေရဓာတ္ ခမ္းေျခာက္ျခင္းကို ျပန္လည္ ျဖည့္တင္းေပးႏိုင္တဲ့အျပင္ အဲယားကြန္းခန္းထဲမွာ

အေနၾကာျခင္းေၾကာင့္ ျဖစ္တတ္တဲ့ အသားအေရ ေျခာက္ေသြ႕ျခင္းေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၂) အဲယားကြန္းခန္းထဲကေန ခ်က္ခ်င္း ေနပူထဲ ထြက္တာမ်ိဳးနဲ႔ ဝင္တာမ်ိဳးကို မျပဳလုပ္ပါနဲ႔

အဲယားကြန္းခန္းထဲကေန ေနပူထဲကို ႐ုတ္တရက္ဆိုသလို ထြက္တာမ်ိဳးနဲ႔

ေနပူထဲကေန အဲယားကြန္းခန္းထဲကို ခ်က္ခ်င္းဝင္တာမ်ိဳးဟာ

ႏွာေခါင္းေသြးလွ်ံတာ၊ ဦးေႏွာက္ေသြးေၾကာျပတ္တာ စတာမ်ိဳးေတြကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္

Air Cutter ရွိတဲ့ေနရာမ်ိဳးေတြမွာဆိုရင္ အဲဒီေနရာမွာ ခဏေလာက္ရပ္ေနၿပီးမွာ သြားလာတာမ်ိဳးကို ျပဳလုပ္ေပးသင့္ပါတယ္။

(၃) ေလေကာင္းေလသန႔္ ထြက္ရႈေပးပါ

အဲယားကြန္းခန္းထဲမွာ အေနၾကာျခင္းဟာအသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြကို

ျဖစ္ေပၚေစႏိုင္တာေၾကာင့္အျပင္ဘက္ကို ေလေကာင္းေလသန႔္ ထြက္ရႈေပးတာမ်ိဳး ျပဳလုပ္ေပးသင့္ပါတယ္

(၄) အဲယားကြန္းသန႔္ရွင္းေရးကို ပုံမွန္ျပဳလုပ္ေပးပါ

အဲယားကြန္းေတြဟာ အသုံးျပဳတာၾကာလာတာနဲ႔အမွ် ဘက္တီးရီးယားနဲ႔ မႈိေတြကို ေပါက္ဖြားေစႏိုင္တာေၾကာင့္ အဲယားကြန္းသန႔္ရွင္းျပဳလုပ္ဖို႔ကို မေမ့ေလ်ာ့သင့္ပါဘူး။

အဲယားကြန္း ပုံမွန္သန႔္ရွင္းေရး မျပဳလုပ္ျခင္းေၾကာင့္ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ က်န္းမာေရးျပႆနာေတြနဲ႔

ဓာတ္မတည့္မႈေၾကာင့္ အသားအေရ ယားယံတာမ်ိဳးကို ျဖစ္ေပၚေစႏိုင္တာေၾကာင့္ သတိထားၿပီး ျပဳလုပ္သင့္ပါေပတယ္။

Credit

Leave a Reply

Your email address will not be published. Required fields are marked *