ၾကားသိရသမွ်

PDF တွေကို မကြောက်ဘူးပြောတဲ့ စစ်တပ်သတင်းပေးကို PDF ရဲမေကဒွမ်




ဇော်ဝင်းအောင်(ခ)ဂလိပ်ကြီး ဆိုသူဖြစ်ပြီး ဒီနေ့မနက် ၇နာရီဝန်းကျင်မှာ နတ်မောက် PDF ရဲမေ တဦးက ဝင်ဒွမ်ခဲ့တာဖြစ်တယ်လို့ PDF တာဝန်ခံက ပြောပါတယ်







PDF တွေကို မကြောက်ဘူးပြောတဲ့ စစ်တပ်သတင်းပေးကို PDF ရဲမေက နဖူးတည့်တည့်ဒွမ်လို့thay

နတ်မောက်၊ ဇူလိုင်၉၊ ၂၀၂၂

မ‌ကွေးတိုင်း နတ်မောက်မြို့မှာ စစ်ကောင်စီသတင်းပေးတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ် သေဆုံးသွားသူဟာ နတ်မောက်မြို့နယ် ကုလာရှင်ကျေးရွာက

ဇော်ဝင်းအောင်(ခ)ဂလိပ်ကြီး ဆိုသူဖြစ်ပြီး ဒီနေ့မနက် ရနာရီဝန်းကျင်မှာ နတ်မောက် PDF ရဲမေ တဦးက ဝင်ဒွမ်ခဲ့တာဖြစ်တယ်လို့ PDF တာဝန်ခံက ပြောပါတယ်

ဒီနေ့မနက် ၇ နာရီခွဲဝန်းကျင်းမှာကျနော်တို့ရဲ့ ရဲမေတဦးကဝင်ရောက်ရှင်းလင်းခဲ့တာ၊ သူ့ရဲ့နေအိမ်မှာပဲရှင်းခဲ့တာ၊ ၁ ချက်ပဲ နဖူးတည့်တည့်လို့ ပြောပါတယ်

စစ်တပ်သတင်းပေးဆိုသူ ဇော်ဝင်းအောင်ကို ရှင်းရတဲ့ အကြောင်းအရင်း ၄ခုလောက်ရှိပြီး ပထမဆုံးအချက်အနေနဲ့ PDF စခန်းတည်နေရာတွေကို စစ်ကောင်စီနဲ့ပေါင်းပြီး နေရာအတိအကျ ပြောပြတာမျိုးတွေ လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ နတ်မောက် PDF တာဝန်ခံကပြောပါတယ်

ပြီးတော့သူ့ကျေးရွာအတွင်းမှာ သူက PDFတွေကိုမကြောက်ဖူးပေါ့၊ သူတို့ဘာလုပ်နိုင်သေးလည်း ဆိုတဲ့စကားမျိုး PDF အဖွဲ့တွေကို စိန်ခေါ်တဲ့စကားမျိုးတွေသုံးခဲ့တယ်

ဒုတိယအချက်အနေနဲ့ကြတော့ ကုလာရှင်ကျေးရွာမှာပဲ အပစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေ အကြောင်းအမျိုးမျိုးနဲ့ လီဆယ်ပြီးတော့ တိုင်တန်းတယ်၊ နေအိမ်တွေကို စခတွေကဖျက်ဆီးတဲ့အခါမှာ သူကိုယ်တိုင်ဝင်ရောက် ဖျက်ဆီးခဲ့တာမျိုးတွေ မျက်မြင်သက်သေနဲ့တကွရှိတယ် လို့ ပြောပါတယ်

အဲ့ဒီအပြင် စစ်ကောင်စီလက်အောက်မှာ ကျောင်းဖွင့်ဖို့ အတင်းတိုက်တွန်းတာတွေ၊ မီးလင်းရေးကော်မတီမှာ ပါဝင်ပြီး မီတာခအတင်းပေးဆောင်ခိုင်းတာတွေ လုပ်ခဲ့တဲ့ သက်သေတွေ ရှိခဲ့တဲ့အပြင် ပြည်သူတွေရဲ့တိုင်ကြားချက်တွေနဲ့ PDF အဖွဲ့က အထပ်ထပ်စစ်ဆေးပြီးမှ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်

မျက်မြင်သက်သေတွေ အကြားသက်သေတွေ အထပ်ထပ်စစ်ဆေးပြီး တိကျမှသာ ရှင်းလင်းရတာပါ၊နှာဖူးကို ၁ ချက်ထဲပါ၊ကျနော်တို့တပ်ရင်းရဲ့ရဲမေ နွေဦးလွင်က တကိုယ်တော် ဝင်ရောက်ရှင်းလင်းခဲ့တာ လို့ နတ်မောက်PDF တာဝန်ခံက ပြောပါတယ် Crd-မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *