ၾကားသိရသမွ်

သေထိအောင်စားမကုန်တော့တဲ့ သူ့ရဲ့ ပိုင်ဆိုင်မှု့တွေအကြောင်း ချပြလာတဲ့ ဇေရဲထက်

မင်းသားချော ဇေရဲထက် ကတော့ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရင်းနဲ့ တဖြည်းဖြည်း အောင်မြင်လာခဲ့ပြီး နောက်ပိုင်းမှာ ရုပ်ရှင် ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးလာရတာ ဖြစ်ပါတယ် ။

ပရိ သတ်တွေရဲ့ဝန်းရံအားပေးမှုနဲ့အတူ အောင်မြင်မှု များစွာရရှိခဲ့တဲ့ ဇေရဲထက်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့တာ ဖြစ်ပါတယ် ။

လက်ရှိမှာတော့ ဇေရဲထက်က အနုပညာ အလုပ်တွေကို ရပ်နားထားတာ အချိန်အနည်းငယ် ကြာနေပြီလည်း ဖြစ်ပါတယ် ။

အခုလည်း ဇေရဲထက်က လူငယ်တွေအတွက်အားပေး စကားပြောရင်း သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကို ပြောပြလာတာ ဖြစ်ပါတယ် ။

ဇေရဲထက်က “ငါကဘာမှမရှိ လူတိုင်းအဆ င်မြေ ပဘဝက အဓိပ ္ပါယ်မရှိဘူးလည်းမထင်နဲ့ ရခဲတဲ့ လူ့ဘဝမှာ မသေမချင်း မျှော်လင့်ချက်ထားပြီး လုပ်ဆောင်စရာတွေ အများကြီးရှိတယ်လေ ကျွန်တော်ဆို ဘာတစ်ခုမှမရှိတဲ့ဘဝပါ

လမ်းပေါ်မှာ နေရင်း အလုပ် မှန်သမျှကို လုပ်ကို င်ခဲ့တယ် အဲ့ဒီချိန်မှာ ကျရှုံးတာတွေရော လှောင်ပြောင်ခဲ့ တာတွေရော အနှိမ်ခံခဲ့ရတာတွေကို တစ်လှေကြီးခံစားခဲ့ရပါတယ်

ကျွန်တော် အရှုံးမပေးခဲ့ဘူးလဲ ရင်ပြန်ထခဲ့တယ် ရုန်းကန်တယ် ကျွန်တော် အသ က်(၃၃)အရွယ်မှာ နေတတ်ရင် သေတဲ့အထိ စားလို့ရတဲ့ အနေအထားရှိပါတယ် ကံကို မမြင်ရသလို

သရုပ်ဆောင်ဆိုတဲ့လောကကို အိပ်မက်တောင် မမက်ဖူးဘဲ အလုပ်တွေလုပ်ရင်း ကံပေးလာတော့ လမ်းစတွေပေါ်ခဲ့တယ်

အဲ့ဒီအချိန်မှာလည်း ကျွန်တော်နေ့မအိပ် ညမအိပ် ကြိုးစားရုန်းကန်ခဲ့တယ် ကျေးဇူးထပ်ခါထပ်ခါတင်မိပါတယ်

ကျေးဇူးရှင်ဆရာတွေ ကျေးဇူးရှင်ပြည်သူတွေ ကျေးဇူးရှင်ပရိုဂျူဆာတို့ကို အမြဲ ဘုရားမှာဆုတောင်းပေးတယ် ကျန်းမာချမ်းပါစေလို့”
“ပြောချင်တာက ငါကတော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး

ငါ့ဘဝကို ရေစုန်မျောပြစ်မယ် နေရတဲ့လူ့ဘဝကြီးကအဓိပ္ပါယ်မရှိဘူးမထင်ပါနဲ့ ကံတရားက အလှည့်ကျ ရောက်လာတတ်တာပါ

ကိုယ့်ဘက်ကတော့ ကြိုးစားရုန်းကန်စည်းကမ်းရှိစွာနေထိုင်ရင်း ကံတရားပေးလာတဲ့အခါ မင်းဘဝကိုအကောင်းဆုံးထူထောင်ပါ ကံဆိုတာ အလုပ်ပါ အလုပ်လုပ်ရင်းကိုယ်ပြုတဲ့ကံက

 

ကိုယ့်အလုပ်ဖြစ်စေတာပါ ကျွန်တော်တို့တွေ ကြိုးစားနေဖို့တော့လိုတာပေါ့နော် ပြောခဲ့သလို ကံကမျက်နှာသာမပေးရင်တောင် ကြိုးစားနေသူအဖို့

တစ်နေရာစာ မခဲယဉ်းပါဘူးဆိုတဲ့စိတ်နဲ့လုပ်ကြည့်ပါ စိတ်ဓါတ်မကျပါနဲ့ မင်းအတွက် တစ်နေရာစာဆိုတာ ရှိနေမှာပါ

(ကျွန်တော့်ဘဝဖြစ်တည်ခဲ့တာကို ပြန်မျှဝေတာပါလူငယ်တွေကို ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့နောက်ပြီးရင် ကောင်းသွားမယ် ok)” ဆိုပြီး ရေးသား ပြေ ာပြထားတာပဲ ဖြစ်ပါတယ် ။

(Visited 243 times, 243 visits today)

Leave a Reply

Your email address will not be published. Required fields are marked *