Omed omedan ဆိုသည်မှာ အင်ဒိုနီးရှားနိုင်ငံရှိ ဘာလီလူမျိုးတို့ စကားအရ ဆွဲဆွဲလို့အဓိပ္ပါယ်ရသလို ထုံးတမ်းစဉ်လာအရ အနမ်းပေးကြတဲ့ပွဲတော် အနမ်းပွဲတော်ဟုလည်း အခုအချိန်မှာ လူသိများနေတဲ့ ကမ္ဘာကျော်ပွဲတော်တစ်ခု ဖြစ်ပါတယ်။
Omed omedan လို့ ဘာလီစကားအရ ခေါ်ကြတဲ့ ဒီရိုးရာ ဓလေ့ပွဲတော်ကို ဘာလီရှိ Banjar Kaja နဲ့ Sesetan Denpasar ဆိုသည့် ကျေးရွာလေးတွေမှာ ကျင်းပလာခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒီပွဲတော်ကို ဆင်နွှဲခဲ့ကြသူတွေက အဆိုပါကျေးရွာလေးမှ ဒေသခံလူငယ်လေးတွေကပဲ အရင်ကကျင်းပြုလုပ်ကာ ဆင်နွဲခဲ့ကြပြီး ဒီပွဲတော်ဟာလူငယ်တွေအတွက် အဓိကကျင်းပကြတာလည်း ဖြစ်ပါတယ်။
Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆွဲသည် ဆွဲငင်သည်လို့ အဓိပ္ပါယ်ရသလို ဒီရိုးရာဓလေ့ကတော့ လူငယ်များအတွက်ကို ကျင်းပပေးသည့် အခမ်းအနားတစ်ခု ဖြစ်သည်။
ဘာလီဘာသာစကားမှ ဆင်းသက်လာပြီး ဆွဲငင်သည်ဟု အဓိပ္ပါယ်ရတဲ့ ဒီပွဲတော်သည် ဝက်အထီးနှင့် ဝက်အမတို့ရဲ့ အကြား ဖြစ်ပွားခဲ့တဲ့ရန်ပွဲမှ အစပြုပြီး အပြုသဘောဆောင်သော အကောင်းမြင်စေတဲ့ ဆွဲငင်မှုနဲ့
အနှုတ်သဘောဆောင်သော မကောင်းတဲ့လက္ခဏာ အငွေ့အသက်၏ တွန်းအားတို့ရဲ့အကြား အားပြိုင်မှုကို ကိုယ်စားပြုသည့်အနေဖြင့် ကျင်းပခဲ့ကြတဲ့ ပွဲတော်ဖြစ်ပါတယ်
သမိုင်းအရ ဒီကျေးလက် ဓလေ့ထုံးတမ်းလာ ပွဲတော်လေးဟာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ခဲ့သလို အရင်ကတော့ Banjar Kaja နဲ့ Sesetan Denpasar ရွာ ၂ ရွာမှ လူငယ်များသာ ဒီပွဲတော်ကို ပါဝင်ဆင်နွှဲနိုင်ခွင့် ရှိတာ ဖြစ်ပါတယ်။
မူလပွဲတော်က အခုလိုမျိုး မဟုတ်ဘူးဟု ဆိုခဲ့ကြပေမယ့် အခုလို အုပ်စုလိုက် တဖက်နဲ့တဖက် အနမ်းပေးတဲ့ဓလေ့က မည်သည့်အချိန်ကာလမှာ မည်သူကစပြီး ထည့်သွင်းလို့ စတင်ပေါ်ပေါက်လာသော ဓလေ့တစ်ခုဖြစ်ကြောင်း ဟူ၍လည်း ဘယ်သူမှ မသိကြပါဘူး။
သူ့ဟာသူ ဘယ်သူကဘယ်အချိန်က ဘာကြောင့်ပဲ ဒီဓလေ့ကို ထည့်လို့ ဘယ်အချိန်က ပေါ်လို့ပဲဖြစ်ဖြစ် မပေါ်လို့ပဲဖြစ်ဖြစ် ဒီကိစ္စအပေါ်မှာ ဘယ်သူတွေကမှ ရှင်းရှင်းလင်းလင်း သိချင်တဲ့သူ မရှိဘူးဆိုတာ သေချာမသိရပေမယ့်လည်း
သေချာတာကတော့ ယနေ့မှာ လူငယ်တွေရဲ့အကြားမှာ ဒီပွဲတော်ဟာ ရေပန်းစားတဲ့ ပွဲတော်တစ်ခု ဖြစ်လာခဲ့ပါပြီ။ ဒါပေမယ့် Omed omedan ပွဲတော်ကို လူတိုင်းပါဝင် ဆင်နွှဲလို့လည်းမရပါဘူး ကန့်သတ်ချက် တစ်ခုရှိပါတယ်။
အဲဒီကန့်သတ်ချက်ကတော့ ပွဲတော်မှာ ပါဝင်ဆင်နွှဲမယ့်သူအနေနဲ့ လက်မထပ်ရသေးသော အသက် ၁၇ နှစ်မှ အသက် ၃၀ အထိ ရှိတဲ့ လူငယ်၊ကျား၊မမရွေး မည်သူမဆိုပါဝင်ပြီး ဆင်နွှဲခွင့်ရှိတယ်ဆိုတဲ့ စည်းကမ်းကန့်သတ်ချက် တစ်ခုပဲဖြစ်ပါတယ်။
ဒါကတော့ ရှင်းပါတယ် လူပျိုအပျိုဖြစ်နေခဲ့လည်း အသက်က ၃၀ ဆိုရင်မရပါ ပွဲတော်ကိုနေ့လည် ၂ နာရီဝန်းကျင်မှာ စတင်ပြီး ကျင်းပလေ့ ရှိပါတယ်။ ပွဲတော်အစတွင် လမ်းမပေါ် စီတန်းလှည့်လည်၍ စုပေါင်းဆုတောင်းကြခြင်းဖြင့် စတင်လေ့ ရှိပါတယ်။
ဆုတောင်းခြင်းအမှုပြီးတာနဲ့ လမ်းမပေါ်တွင် ယောကျာ်းလေးက တဖက် စုစည်းသွားကြသလို မိန်းကလေးတွေကလည်း သီးသန့်စုစည်းပြီး တဖက်နဲ့တဖက် အုပ်စုကြီးနှစ်စုအဖြစ် လမ်းမအပေါ်တွင် မျက်နှာချင်းဆိုင် ထားကြပါတယ်။
ထို့နောက် ပွဲတော်ရဲ့ခေါင်းဆောင်ထဲမှ တစ်ဦးကအချက်ပြလိုက်တဲ့အခါ အုပ်စုကြီးနှစ်စုသည် လမ်းမပေါ်တွင် တဖက်ကိုတစ်ယောက်စီ အလှည့်ကျရှေ့တန်းတင်ကာ မျက်နှာချင်းဆိုင်ပြီး ရင်ဆိုင်တွေ့ကြရန် တဖြေးဖြေးနဲ့ ချဉ်းကပ်လာခဲ့ကြပါတော့တယ်။
ဒီလိုချဉ်းကပ်လာချိန် ဘေးကရေနဲ့လောင်းကြ ပက်ကြမှုတွေ ပြုလုပ်ပါတော့တယ်။ ထိုသို့ရေတွေနဲ့ ဝိုင်း၍လောင်းနေ ပက်နေခဲ့တဲ့အချိန် ယောကျာ်းလေးအုပ်စုမှ ရှေ့တန်းအပို့ခံရသူလူငယ်ဟာ တဖက်မိန်းကလေးအုပ်စုရဲ့ ရှေ့ဆုံးရှိမိန်းကလေးကို အတင်းဆွဲယူပြီး
ဖက်နမ်းရခြင်း Kissing ရသော ကစားနည်းဖြင့် ကစားရတဲ့ပွဲတော်ဖြစ်ပါတယ်။ ဒီလိုရှေ့တန်းက လူတွေဖြစ်တာနဲ့ ဘေးမှတခြားသော လူငယ်ယောကျာ်းလေးတွေကလည်း တဖက်ရှိမိန်းကလေးတွေထံ ပြေးကာဆွဲယူပွေ့ဖက်ကာ နမ်းနိုင်ကြပါပြီ။
လူအုပ်ထဲက တခြားလူတွေက ရှေ့ဆုံးမှနှစ်ယောက်အပါအဝင် ဒီပွဲတော်ကို ဆင်နွဲနေကြတဲ့ လူငယ်များ အပေါ်ကို ရေနဲ့လောင်းကြ ပက်ကြပါတယ်။
သူတို့ရဲ့ယုံကြည်မှုအရ ရေဟာပျော်ရွှင်မှုကို တိုးမြှင့်စေပြီး ရေကြောင့်စုံတွဲအတွက် အပူနှင့်တင်းမာမှုကို လျော့ကျစေပြီး အေးချမ်းစေသည်ဟုလည်း ယုံကြည်ကြပါသည်။
ဒီပွဲတော်ရဲ့ ဒီလိုအခမ်းအနားဟာ Single ဖြစ်နေကြသူများအတွက် မိမိကိုအတွဲရရှိစေတဲ့၊ အတွဲဖြစ်ဖို့ရန် မိမိအတွက် အခွင့်အရေးတွေ အများဆုံးရှိနေတဲ့ ပွဲတော်နေရာနှင့် တွေ့ဆုံဖို့ရန် သေချာသလောက် နီးပါးရှိတဲ့ တစ်ခုတည်းသော နေရာ ဖြစ်လာခဲ့ကြပြီး
စုံတွဲတော်တော်များများကလည်း ဒီပွဲတော်ကြောင့်သာ အခုလိုအတူ စုံခဲ့ကြရတဲ့အတွဲတွေက အများစုပဲ ဖြစ်နေကြပြန်ပါတယ်။
ဒီပွဲတော်မှာ အခုလိုနမ်းခြင်းအပြင် ဘာလီဒေသမှ ရိုးရာအစားအစာနှင့် လက်မှုပညာများလည်းပါရှိတဲ့ လမ်းဘေး ဈေးသည်များလည်း ရှိမည်ဖြစ်ကာ ပွဲရဲ့အခမ်းအနား မစတင်မီမှာတော့ တေးဂီတတို့နှင့် ဖျော်ဖြေတင်ဆက်မှုများလည်း ရှိပါတယ်။
အခုလာမယ့် ၂၀၂၂ ခုနှစ်အတွက် ပွဲတော်ကိုတော့ March 22 2022 မှာ ကျင်းပပြုလုပ်ကြမှာဖြစ်လို့ လေယာဉ်လက်မှတ်လည်း မှာလို့ဝယ်လို့ ရနေကြပါသေးတယ်။ Credit
Zawgyi
Omed omedan ဆိုသည္မွာ အင္ဒိုနီးရွားႏိုင္ငံရွိ ဘာလီလူမ်ိဳးတို႔ စကားအရ ဆြဲဆြဲလို႔အဓိပၸါယ္ရသလို ထုံးတမ္းစဥ္လာအရ အနမ္းေပးၾကတဲ့ပြဲေတာ္ အနမ္းပြဲေတာ္ဟုလည္း အခုအခ်ိန္မွာ လူသိမ်ားေနတဲ့ ကမာၻေက်ာ္ပြဲေတာ္တစ္ခု ျဖစ္ပါတယ္။
Omed omedan လို႔ ဘာလီစကားအရ ေခၚၾကတဲ့ ဒီ႐ိုးရာ ဓေလ့ပြဲေတာ္ကို ဘာလီရွိ Banjar Kaja နဲ႔ Sesetan Denpasar ဆိုသည့္ ေက်း႐ြာေလးေတြမွာ က်င္းပလာခဲ့တာ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ရွိေနခဲ့ၿပီပဲ ျဖစ္ပါတယ္။
ဒီပြဲေတာ္ကို ဆင္ႏႊဲခဲ့ၾကသူေတြက အဆိုပါေက်း႐ြာေလးမွ ေဒသခံလူငယ္ေလးေတြကပဲ အရင္ကက်င္းျပဳလုပ္ကာ ဆင္ႏြဲခဲ့ၾကၿပီး ဒီပြဲေတာ္ဟာလူငယ္ေတြအတြက္ အဓိကက်င္းပၾကတာလည္း ျဖစ္ပါတယ္။
Bali ဘာသာစကားအရ Omed omedan ဆိုတာ ဆြဲသည္ ဆြဲငင္သည္လို႔ အဓိပၸါယ္ရသလို ဒီ႐ိုးရာဓေလ့ကေတာ့ လူငယ္မ်ားအတြက္ကို က်င္းပေပးသည့္ အခမ္းအနားတစ္ခု ျဖစ္သည္။
ဘာလီဘာသာစကားမွ ဆင္းသက္လာၿပီး ဆြဲငင္သည္ဟု အဓိပၸါယ္ရတဲ့ ဒီပြဲေတာ္သည္ ဝက္အထီးႏွင့္ ဝက္အမတို႔ရဲ႕ အၾကား ျဖစ္ပြားခဲ့တဲ့ရန္ပြဲမွ အစျပဳၿပီး အျပဳသေဘာေဆာင္ေသာ အေကာင္းျမင္ေစတဲ့ ဆြဲငင္မႈနဲ႔
အႏႈတ္သေဘာေဆာင္ေသာ မေကာင္းတဲ့လကၡဏာ အေငြ႕အသက္၏ တြန္းအားတို႔ရဲ႕အၾကား အားၿပိဳင္မႈကို ကိုယ္စားျပဳသည့္အေနျဖင့္ က်င္းပခဲ့ၾကတဲ့ ပြဲေတာ္ျဖစ္ပါတယ္
သမိုင္းအရ ဒီေက်းလက္ ဓေလ့ထုံးတမ္းလာ ပြဲေတာ္ေလးဟာ သက္တမ္းအားျဖင့္ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ ၾကာျမင့္ခဲ့သလို အရင္ကေတာ့ Banjar Kaja နဲ႔ Sesetan Denpasar ႐ြာ ၂ ႐ြာမွ လူငယ္မ်ားသာ ဒီပြဲေတာ္ကို ပါဝင္ဆင္ႏႊဲႏိုင္ခြင့္ ရွိတာ ျဖစ္ပါတယ္။
မူလပြဲေတာ္က အခုလိုမ်ိဳး မဟုတ္ဘူးဟု ဆိုခဲ့ၾကေပမယ့္ အခုလို အုပ္စုလိုက္ တဖက္နဲ႔တဖက္ အနမ္းေပးတဲ့ဓေလ့က မည္သည့္အခ်ိန္ကာလမွာ မည္သူကစၿပီး ထည့္သြင္းလို႔ စတင္ေပၚေပါက္လာေသာ ဓေလ့တစ္ခုျဖစ္ေၾကာင္း ဟူ၍လည္း ဘယ္သူမွ မသိၾကပါဘူး။
သူ႔ဟာသူ ဘယ္သူကဘယ္အခ်ိန္က ဘာေၾကာင့္ပဲ ဒီဓေလ့ကို ထည့္လို႔ ဘယ္အခ်ိန္က ေပၚလို႔ပဲျဖစ္ျဖစ္ မေပၚလို႔ပဲျဖစ္ျဖစ္ ဒီကိစၥအေပၚမွာ ဘယ္သူေတြကမွ ရွင္းရွင္းလင္းလင္း သိခ်င္တဲ့သူ မရွိဘူးဆိုတာ ေသခ်ာမသိရေပမယ့္လည္း
ေသခ်ာတာကေတာ့ ယေန႔မွာ လူငယ္ေတြရဲ႕အၾကားမွာ ဒီပြဲေတာ္ဟာ ေရပန္းစားတဲ့ ပြဲေတာ္တစ္ခု ျဖစ္လာခဲ့ပါၿပီ။ ဒါေပမယ့္ Omed omedan ပြဲေတာ္ကို လူတိုင္းပါဝင္ ဆင္ႏႊဲလို႔လည္းမရပါဘူး ကန႔္သတ္ခ်က္ တစ္ခုရွိပါတယ္။
အဲဒီကန႔္သတ္ခ်က္ကေတာ့ ပြဲေတာ္မွာ ပါဝင္ဆင္ႏႊဲမယ့္သူအေနနဲ႔ လက္မထပ္ရေသးေသာ အသက္ ၁၇ ႏွစ္မွ အသက္ ၃၀ အထိ ရွိတဲ့ လူငယ္၊က်ား၊မမေ႐ြး မည္သူမဆိုပါဝင္ၿပီး ဆင္ႏႊဲခြင့္ရွိတယ္ဆိုတဲ့ စည္းကမ္းကန႔္သတ္ခ်က္ တစ္ခုပဲျဖစ္ပါတယ္။
ဒါကေတာ့ ရွင္းပါတယ္ လူပ်ိဳအပ်ိဳျဖစ္ေနခဲ့လည္း အသက္က ၃၀ ဆိုရင္မရပါ ပြဲေတာ္ကိုေန႔လည္ ၂ နာရီဝန္းက်င္မွာ စတင္ၿပီး က်င္းပေလ့ ရွိပါတယ္။ ပြဲေတာ္အစတြင္ လမ္းမေပၚ စီတန္းလွည့္လည္၍ စုေပါင္းဆုေတာင္းၾကျခင္းျဖင့္ စတင္ေလ့ ရွိပါတယ္။
ဆုေတာင္းျခင္းအမႈၿပီးတာနဲ႔ လမ္းမေပၚတြင္ ေယာက်ာ္းေလးက တဖက္ စုစည္းသြားၾကသလို မိန္းကေလးေတြကလည္း သီးသန႔္စုစည္းၿပီး တဖက္နဲ႔တဖက္ အုပ္စုႀကီးႏွစ္စုအျဖစ္ လမ္းမအေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ ထားၾကပါတယ္။
ထို႔ေနာက္ ပြဲေတာ္ရဲ႕ေခါင္းေဆာင္ထဲမွ တစ္ဦးကအခ်က္ျပလိုက္တဲ့အခါ အုပ္စုႀကီးႏွစ္စုသည္ လမ္းမေပၚတြင္ တဖက္ကိုတစ္ေယာက္စီ အလွည့္က်ေရွ႕တန္းတင္ကာ မ်က္ႏွာခ်င္းဆိုင္ၿပီး ရင္ဆိုင္ေတြ႕ၾကရန္ တေျဖးေျဖးနဲ႔ ခ်ဥ္းကပ္လာခဲ့ၾကပါေတာ့တယ္။
ဒီလိုခ်ဥ္းကပ္လာခ်ိန္ ေဘးကေရနဲ႔ေလာင္းၾက ပက္ၾကမႈေတြ ျပဳလုပ္ပါေတာ့တယ္။ ထိုသို႔ေရေတြနဲ႔ ဝိုင္း၍ေလာင္းေန ပက္ေနခဲ့တဲ့အခ်ိန္ ေယာက်ာ္းေလးအုပ္စုမွ ေရွ႕တန္းအပို႔ခံရသူလူငယ္ဟာ တဖက္မိန္းကေလးအုပ္စုရဲ႕ ေရွ႕ဆုံးရွိမိန္းကေလးကို အတင္းဆြဲယူၿပီး
ဖက္နမ္းရျခင္း Kissing ရေသာ ကစားနည္းျဖင့္ ကစားရတဲ့ပြဲေတာ္ျဖစ္ပါတယ္။ ဒီလိုေရွ႕တန္းက လူေတြျဖစ္တာနဲ႔ ေဘးမွတျခားေသာ လူငယ္ေယာက်ာ္းေလးေတြကလည္း တဖက္ရွိမိန္းကေလးေတြထံ ေျပးကာဆြဲယူေပြ႕ဖက္ကာ နမ္းႏိုင္ၾကပါၿပီ။
လူအုပ္ထဲက တျခားလူေတြက ေရွ႕ဆုံးမွႏွစ္ေယာက္အပါအဝင္ ဒီပြဲေတာ္ကို ဆင္ႏြဲေနၾကတဲ့ လူငယ္မ်ား အေပၚကို ေရနဲ႔ေလာင္းၾက ပက္ၾကပါတယ္။
သူတို႔ရဲ႕ယုံၾကည္မႈအရ ေရဟာေပ်ာ္႐ႊင္မႈကို တိုးျမႇင့္ေစၿပီး ေရေၾကာင့္စုံတြဲအတြက္ အပူႏွင့္တင္းမာမႈကို ေလ်ာ့က်ေစၿပီး ေအးခ်မ္းေစသည္ဟုလည္း ယုံၾကည္ၾကပါသည္။
ဒီပြဲေတာ္ရဲ႕ ဒီလိုအခမ္းအနားဟာ Single ျဖစ္ေနၾကသူမ်ားအတြက္ မိမိကိုအတြဲရရွိေစတဲ့၊ အတြဲျဖစ္ဖို႔ရန္ မိမိအတြက္ အခြင့္အေရးေတြ အမ်ားဆုံးရွိေနတဲ့ ပြဲေတာ္ေနရာႏွင့္ ေတြ႕ဆုံဖို႔ရန္ ေသခ်ာသေလာက္ နီးပါးရွိတဲ့ တစ္ခုတည္းေသာ ေနရာ ျဖစ္လာခဲ့ၾကၿပီး
စုံတြဲေတာ္ေတာ္မ်ားမ်ားကလည္း ဒီပြဲေတာ္ေၾကာင့္သာ အခုလိုအတူ စုံခဲ့ၾကရတဲ့အတြဲေတြက အမ်ားစုပဲ ျဖစ္ေနၾကျပန္ပါတယ္။
ဒီပြဲေတာ္မွာ အခုလိုနမ္းျခင္းအျပင္ ဘာလီေဒသမွ ႐ိုးရာအစားအစာႏွင့္ လက္မႈပညာမ်ားလည္းပါရွိတဲ့ လမ္းေဘး ေဈးသည္မ်ားလည္း ရွိမည္ျဖစ္ကာ ပြဲရဲ႕အခမ္းအနား မစတင္မီမွာေတာ့ ေတးဂီတတို႔ႏွင့္ ေဖ်ာ္ေျဖတင္ဆက္မႈမ်ားလည္း ရွိပါတယ္။
အခုလာမယ့္ ၂၀၂၂ ခုႏွစ္အတြက္ ပြဲေတာ္ကိုေတာ့ March 22 2022 မွာ က်င္းပျပဳလုပ္ၾကမွာျဖစ္လို႔ ေလယာဥ္လက္မွတ္လည္း မွာလို႔ဝယ္လို႔ ရေနၾကပါေသးတယ္။ Credit