မိုးေလ၀သ

(၄၈) နာရီအတွင်း ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းဖြစ်မည် (ရေကြီးရေလျှံမှုများ အထူးဂရုပြုကြပါ )

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း နဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ (၄၈) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိနိုင် တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်(၈)ရက် မြန်မာစံတော်ချိန် မနက်(၅)နာရီခွဲအချိန် တိုင်းထွာရရှိတဲ့အဖြေကို မနက်(၁၀)နာရီမှာထုတ်ပြန်လိုက်တာပါ။ အဲဒီအားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိပြီးနောက် အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ် အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

အဲဒီအပြင် ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ အားကောင်းရာမှ အားအ လွန်ကောင်းနေတယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ သြဂုတ် ၆ ရက်ညနေပိုင်းမှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေရပ်ကွက်များအတွင်းနှင့်လမ်းများပေါ်တွင် ရေများဝင်ရောက်လျက်ရှိကြောင်း လူမှုကူညီရေးအသင်းများမှ သိရပါတယ်။

ရေဝင်ရောက်ရာတွင် ရေစီးဆင်းမှုများလည်းဖြစ်ပေါ်ခဲ့သဖြင့် ခြံစည်းရိုးအုတ်တံတိုင်းအချို့မှာလည်း ပြိုကျပျက်စီးခဲ့ပြီး ခိုင်ခန့်မှုအားနည်းသည့် နေအိမ်အချို့လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ထိုသို့ ရေဝင်ရောက်မှုဖြစ်ပွားနေသည့် နေအိမ်များတွင် နေထိုင်သူများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများမှ ဘေးလွတ်ရာသို့ယာယီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရပါတယ်။

ယခုနှစ် မိုးများတဲ့ ကာလမှာ ပြင်ဦးလွင်နဲ့ တောင်ကြီးလို တောင်ပေါ်မြို့တွေမှာ ထူးထူးခြားခြား ရေကြီးရေလျှံ ဖြစ်လာတာကို တွေ့ရှိလာရပါတယ်။

အမှိုက်များကို စနစ်တကျ မစွန့်ပစ်ခြင်း၊ သစ်တောများကို ပြုန်းတီးလာခြင်းနဲ့ ရေဝေရေလဲ ဧရိယာများ လျော့နည်းလာခြင်းတို့ကြောင့် တောင်ပေါ်ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်လာနိုင်ကြောင်း ပညာရှင်များက မှတ်ချက် ပြုထားပါတယ်။

zawgyi

ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္း နဲ႔ ဆက္စပ္ေနတဲ့ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ အားေကာင္းတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ (၄၈) နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ကို ေရာက္ရွိႏိုင္ တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္လိုက္ပါတယ္။

ဩဂုတ္(၈)ရက္ ျမန္မာစံေတာ္ခ်ိန္ မနက္(၅)နာရီခြဲအခ်ိန္ တိုင္းထြာရရွိတဲ့အေျဖကို မနက္(၁၀)နာရီမွာထုတ္ျပန္လိုက္တာပါ။ အဲဒီအားေကာင္းတဲ့ ေလဖိအားနည္းရပ္ဝန္းဟာ မုန္တိုင္းငယ္အျဖစ္ကို ေရာက္ရွိၿပီးေနာက္ အိႏၵိယႏိုင္ငံ၊ ဩရိႆ ျပည္နယ္ အနီးကေန ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္တယ္လို႔ ခန႔္မွန္းရေၾကာင္းလည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထား ပါတယ္။

အဲဒီအျပင္ ကပၸလီပင္လယ္ျပင္ နဲ႔ ဘဂၤလားပင္လယ္ေအာ္တို႔မွာ မုတ္သုံေလ အားေကာင္းရာမွ အားအ လြန္ေကာင္းေနတယ္လို႔လည္း ထုတ္ျပန္ခ်က္အရ သိရပါတယ္။

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕မွာ ၾသဂုတ္ ၆ ရက္ညေနပိုင္းမွစတင္၍ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လူေနရပ္ကြက္မ်ားအတြင္းႏွင့္လမ္းမ်ားေပၚတြင္ ေရမ်ားဝင္ေရာက္လ်က္ရွိေၾကာင္း လူမႈကူညီေရးအသင္းမ်ားမွ သိရပါတယ္။

ေရဝင္ေရာက္ရာတြင္ ေရစီးဆင္းမႈမ်ားလည္းျဖစ္ေပၚခဲ့သျဖင့္ ၿခံစည္း႐ိုးအုတ္တံတိုင္းအခ်ိဳ႕မွာလည္း ၿပိဳက်ပ်က္စီးခဲ့ၿပီး ခိုင္ခန္႔မႈအားနည္းသည့္ ေနအိမ္အခ်ိဳ႕လည္း ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။

ထိုသို႔ ေရဝင္ေရာက္မႈျဖစ္ပြားေနသည့္ ေနအိမ္မ်ားတြင္ ေနထိုင္သူမ်ားအား မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္လူမႈကူညီေရးအသင္းမ်ားမွ ေဘးလြတ္ရာသို႔ယာယီေ႐ႊ႕ေျပာင္းေပးခဲ့ၾကေၾကာင္း သိရပါတယ္။

ယခုႏွစ္ မိုးမ်ားတဲ့ ကာလမွာ ျပင္ဦးလြင္နဲ႔ ေတာင္ႀကီးလို ေတာင္ေပၚၿမိဳ႕ေတြမွာ ထူးထူးျခားျခား ေရႀကီးေရလွ်ံ ျဖစ္လာတာကို ေတြ႕ရွိလာရပါတယ္။

အမႈိက္မ်ားကို စနစ္တက် မစြန႔္ပစ္ျခင္း၊ သစ္ေတာမ်ားကို ျပဳန္းတီးလာျခင္းနဲ႔ ေရေဝေရလဲ ဧရိယာမ်ား ေလ်ာ့နည္းလာျခင္းတို႔ေၾကာင့္ ေတာင္ေပၚေဒသေတြမွာ ေရႀကီးမႈေတြ ျဖစ္လာႏိုင္ေၾကာင္း ပညာရွင္မ်ားက မွတ္ခ်က္ ျပဳထားပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *