ၾကားသိရသမွ်

သနပ္ခါးႀကိဳက္တဲ့ မိန္းခေလးေတြ သိထားသင့္တဲ့ ဗဟုသုတေလးပါ

ပျိုမေတို့အကြိုက် သနပ်ခါး ကျောက်ပြင် အသစ်ဆို ရေလေးဆေးလိုက်ပြီး သနပ်ခါး တုံးသွေးထည့်လိုက်တာပါပဲ …။

တကယ်တော့ အဲလိုလုပ်လို့ မရပါဘူး။ ကျောက်သား အစစ်ကိုထွင်းထားတဲ့ ကျောက်ပျဉ် ဖြစ်ဖြစ်၊ ဘိလပ်မြေ လိုမျိုးကို ပုံပြု့ထားတဲ့ ကျောက်ပျဉ်ဖြစ်ဖြစ်၊ ပထမဦးဆုံးအသုံးမပြု့ခင်မှာ ဝယ်လာတဲ့ ကျောက်ပျဉ်ကိုရေစင်စင်ဆေးပြီး ကျောက်ပျဉ် ကိုရေပုန်းထဲကို ထည့်ပြီး ရေနဲ့တစ်ည စိမ်ထားပါ။

နောက်တစ်ရက်မှာ နနွန်းတက်နဲ့ ဆီ+ဆားနဲ့ကို သွေးပြီး တစ်နေကုန် နေလှမ်းထားရပါတယ် …။ဆီခြောက်တော့မှ သနပ်ခါးကျောက်ပျဉ်ကို ရေထပ်ဆေးပြီးမှ မိမိကြိုက်နှစ်သက်ရာ သနပ်ခါးတုံး ကိုသွေးရပါတယ်။

ထွက်လာတဲ့ သနပ်ခါး ကလေးတွေက ညက်နေပြီး တစ်နေကုန် ပါးပြင်ပေါ် အရာထင် နေပါတယ်တဲ့။ ကဲ ကျောက်ပျဉ်အ သစ်ကို ဘယ်လိုအသုံးပြု့ရသလဲဆိုတာသိသွားပြီပေါ့

မေမေပြောပြတယ် ကျောက်ပျဉ် ပေါ်သနပ်ခါး သွေးတာ လေ့ကျင့်ခန်း တစ်ခုလုပ်တာနဲ့တူတူပဲတဲ့ ဒါပေမဲ့ကြမ်းပြင်ပေါ်ချသွေးရတာမဟုတ်ပဲမိမိခါးအလည်လောက်အမြင့်ရှိတဲ့နေရာမှာထားပြီးသွေးရမယ်တဲ့

သနပ်ခါး ကိုအားစိုက်သွေးနေရတော့ လေ့ကျင့်ခန်းလုပ်နေတယ်လို့ မထင်ရပေမယ့် နှစ်နဲ့ချီပြီး နေ့စဉ်သွေးနေရတော့ လက်မောင်းကြွက်သွားတွေက ပိုပြီးသန်မာတယ်။ ပျော့ပြီးရွဲကျခြင်းမျိုး မဖြစ်နိုင်ဘူးတဲ့ ဘယ်ညာတော့ လှည့်သွေးပေါ့တဲ့။

ငရုပ်သီးထောင်း တာလဲ အတူတူပဲတဲ့။ ခေါင်းလေ့ကျင့်ခန်းကတော့ ရေအိုး ရွက်တာပါတဲ့ မေမေ အမေ(အဖွား)ပြောပြတာလို့ ပြောပါတယ် …။ ။

crd,မိုးမခ

Zawgyi

ပ်ိဳေမတို႔အႀကိဳက္ သနပ္ခါး ေက်ာက္ျပင္ အသစ္ဆို ေရေလးေဆးလိုက္ၿပီး သနပ္ခါး တုံးေသြးထည့္လိုက္တာပါပဲ ။

တကယ္ေတာ့ အဲလိုလုပ္လို႔ မရပါဘူး။ ေက်ာက္သား အစစ္ကိုထြင္းထားတဲ့ ေက်ာက္ပ်ဥ္ ျဖစ္ျဖစ္၊ ဘိလပ္ေျမ လိုမ်ိဳးကို ပုံျပဳ႕ထားတဲ့ ေက်ာက္ပ်ဥ္ျဖစ္ျဖစ္၊ ပထမဦးဆုံးအသုံးမျပဳ႕ခင္မွာ ဝယ္လာတဲ့ ေက်ာက္ပ်ဥ္ကိုေရစင္စင္ေဆးၿပီး ေက်ာက္ပ်ဥ္ ကိုေရပုန္းထဲကို ထည့္ၿပီး ေရနဲ႕တစ္ည စိမ္ထားပါ။

ေနာက္တစ္ရက္မွာ နႏြန္းတက္နဲ႕ ဆီ+ဆားနဲ႕ကို ေသြးၿပီး တစ္ေနကုန္ ေနလွမ္းထားရပါတယ္ ။ဆီေျခာက္ေတာ့မွ သနပ္ခါးေက်ာက္ပ်ဥ္ကို ေရထပ္ေဆးၿပီးမွ မိမိႀကိဳက္ႏွစ္သက္ရာ သနပ္ခါးတုံး ကိုေသြးရပါတယ္။

ထြက္လာတဲ့ သနပ္ခါး ကေလးေတြက ညက္ေနၿပီး တစ္ေနကုန္ ပါးျပင္ေပၚ အရာထင္ ေနပါတယ္တဲ့။ ကဲ ေက်ာက္ပ်ဥ္အ သစ္ကို ဘယ္လိုအသုံးျပဳ႕ရသလဲဆိုတာသိသြားၿပီေပါ့

ေမေမေျပာျပတယ္ ေက်ာက္ပ်ဥ္ ေပၚသနပ္ခါး ေသြးတာ ေလ့က်င့္ခန္း တစ္ခုလုပ္တာနဲ႕တူတူပဲတဲ့ ဒါေပမဲ့ၾကမ္းျပင္ေပၚခ်ေသြးရတာမဟုတ္ပဲမိမိခါးအလည္ေလာက္အျမင့္ရွိတဲ့ေနရာမွာထားၿပီးေသြးရမယ္တဲ့

သနပ္ခါး ကိုအားစိုက္ေသြးေနရေတာ့ ေလ့က်င့္ခန္းလုပ္ေနတယ္လို႔ မထင္ရေပမယ့္ ႏွစ္နဲ႕ခ်ီၿပီး ေန႕စဥ္ေသြးေနရေတာ့ လက္ေမာင္းႂကြက္သြားေတြက ပိုၿပီးသန္မာတယ္။ ေပ်ာ့ၿပီး႐ြဲက်ျခင္းမ်ိဳး မျဖစ္နိုင္ဘူးတဲ့ ဘယ္ညာေတာ့ လွည့္ေသြးေပါ့တဲ့။

င႐ုပ္သီးေထာင္း တာလဲ အတူတူပဲတဲ့။ ေခါင္းေလ့က်င့္ခန္းကေတာ့ ေရအိုး ႐ြက္တာပါတဲ့ ေမေမ အေမ(အဖြား)ေျပာျပတာလို႔ ေျပာပါတယ္ ။ ။

crd,မိုးမခ

Leave a Reply

Your email address will not be published. Required fields are marked *