အေထြအေထြဗဟုသုတ

မဝေးတော့တဲ့ အနာဂတ်မှာ ဘာတွေဖြစ်ပေါ်လာဖို့ရှိနေလဲ….

မဝေးတော့တဲ့ အနာဂတ်မှာ ဘာတွေဖြစ်ပေါ်လာဖို့ရှိနေလဲ….

1

သိပ်မကြာခင် သင့်ဘဝထဲကို အချစ်စစ်တစ်ခု ဝင်ရောက်လာဖို့ရှိနေတယ်။ လက်တွဲဖော်ရှိနေနှင့်ပြီးရင်တော့ ဂရုစိုက်မှုတွေ သိပ်ခံစားနေရပါလိမ့်မယ်။ တစ်ကိုယ်တည်းသမားဆိုလည် စိုးရိမ်စရာမရှိ… ဒီလို ဘဝကြီးမှာ ကြာကြာ မနေရတော့ပါဘူး။ အချစ်သစ်ကို ရှာဖွေတွေ့ရှိဖို့ ရှိနေတယ်။ အဓိကကတော့ လောကကြီးနဲ့ အနားက အရာတွေအပေါ် ပွင့်လင်း လက်ခံမှုရှိဖို့ပဲ ဖြစ်တယ်။

2

ဝမ်းနည်မှုတွေ၊ စိတ်ဓာတ်ကျမှုတွေ ဖြစ်ပေါ်လာမယ့် အလားလာရှိနေတယ်။ တစ်စုံတစ်ရာ အသစ် စတင်ဖို့ အခွင့်ရေးကြီးကြီးမားမား ရလိမ့်မယ်။ ရှိလို့ ရှိနေမှန်းတောင် မသိခဲ့တဲ့ အရာတွေကိုလည်း သင့်အနေနဲ့ ရှာဖွေတွေ့ရှိမယ်။ စမ်းသပ်မှုတွေကို မကြောက်ပါနဲ့… သင် အောင်မြင်ပါလိမ့်မယ်။

3

မမျှော်လင့်ထားတဲ့ ပုံစံနဲ့ သင့်ရဲ့ ပြဿနာတွေ၊ အဖြေမရသေးတဲ့ အမေးတွေဟာ ပြေလည်သွားလိမ့်မယ်။ အကြောက်တရားတွေ၊ ဆိုးဝါးတဲ့ ခံစားမှုတွေဟာလည်း ကြေပျက်သွားလိမ့်မယ်။ ဘဝရဲ့ အနှစ်သာရတွေကို နောက်ဆုံးမှာ ခံစားရမယ်၊ ဖြေလျှော့ခြင်းတွေရှိလာမယ်။ သာယာကြည်နူးဖွယ် အပန်းဖြေမှုတွေကို ခံစားရမယ်။ ဒီလို အခိုက်အတန့်တွေ ကျော်လွန်သွားတာနဲ့ နောက်ရောက်လာမယ့် စိန်ခေါ်မှုအသစ်တွေ၊ အတွေ့အကြုံအသစ်တွေအတွက် အားမွေးဖို့ အချိန်ယူရပါမယ်။

4

အခုချိန်ထိမှာ တစ်ချို့သော ခိုင်လုံတဲ့ အကြောင်းပြချက်တွေကြောင့်နဲ့ သင့်မှာ နည်းနည်း အရောင်မှိန်နေရတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ အရာရာဟာ ပြောင်းလဲသွားလိမ့်မယ်။ ဘဝရဲ့ ကဏ္ဍတိုင်းမှာ စတင် တောက်လျှမ်းလာမယ့် အလားလားရှိတယ်။ အလုပ်မှာဆိုလည်း စံပြုအပ်သူဖြစ်နေမယ်၊ အပေါင်းအသင်း မိတ်ဆွေတွေကလည်း လေးစား အားကျနေလိမ့်မယ်၊ မိသားစု ဆွေမျိုးတွေလည်း ဂုဏ်ယူနေရမယ်။ လက်ရှိအချိန်ကတော့ အသစ်တွေ ပြုလုပ်ဖို့နဲ့ အသုံးဝင်တဲ့ ရင်နှီးမှုတွေ ဖော်ဆောင်ဖို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

Credit

Zawgyi


1


2


3


4


Credit

Leave a Reply

Your email address will not be published. Required fields are marked *