အေထြအေထြဗဟုသုတ

ထမင္းေပါင္းအိုးနဲ႔ ခ်က္တဲ့ထမင္း ၂ရက္ေလာက္ထိ မသိုးအာင္ ဒီလိုေလး လုပ္ၾကည့္ပါ…

ထမင်း မသိုးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလေး… ဗဟုသုတအဖြစ် ထပ်ဆင့် ဝေမျှပေးပါရစေ… ကိုယ့်အတွေ့အကြုံလေးကို s h a r i n g လု ပ်ပေးပါရစေ။

ကိုယ်လည်း အဲ့ဒုက္ခကို တော်တော် ခံစားခဲ့ရတာ… ဘယ်လောက် ဆိုးသလဲဆို… မနက်ပိုင်း ချက်ထားတဲ့ ထမင်းကို ညနေ မမှောင်ခင် အပြေအလွှားစားမှ မှီတယ်။ မဟုတ်ရင် စားခါနီးကျ ထမင်းကသိုးရော…။

ထမင်းကြိုက်တဲ့ လူဆိုတော့… ထိုင် ငိုချင်စိတ်ပါ ပေါက်တာ။ အဲ့လို ဖြစ်ပေါင်းများလို့… ခေါင်းဆွဲပြုတ်နဲ့ ညားရတာ အခါခါပါပဲ။ ထမင်း မသိုးဖို့ ဆိုရင်…

ကိုယ် သိသလောက်ကတော့… ဆန်ဆေးရင် ဆန်ကို သေချာ ပြောင်အောင် ဆေးရမယ်။ ပြီးရင် ထည့်ချက်မယ့် ရေ ကလည်း သန့်ရမယ်… ပြီးရင် အိုး ကလည်း သန့်ရမယ်လို့ အမြဲ မှတ်ထား ပါတယ်။

ခဏခဏ သိုးတဲ့ အိုးကို အရင်ဆုံး ရေထည့်ပြီး ပွက်ပွက် ဆူနေအောင်တည်ပြီး ပိုးသတ် ပါတယ်။ ပြီးရင် အဲ့ ရေနွေးကို သွန်ပြီး အိုးကို‌ အခြောက်ခံပြီး ဆားနဲ့ နာနာ တိုက်ပါတယ်။

ကိုယ်တော့ နာရီဝက်လောက် ကို ထိုင်‌ တိုက်တာ။ အိုးမှာ ရှိ တဲ့ ဂျေးတွေက ဆားနဲ့အတူ ပါသွားပြီး… ဆားက မဲညစ်ညစ်အရောင် ပြောင်းသွား လိမ့်မယ်။

ကိုယ် စိတ်ကျေနပ်လောက်တဲ့ အနေအထား ရောက်ရင်… ပန်ကန်ဆေး အစိမ်းဖတ် ထဲ ဆပ်ပြာ ထည့်ပြီး သေချာ ပွတ်ဆေးလိုက်ပါ။

အဲ့ဒါဆိုရင် မသိုးတော့တဲ့ အိုး ဖြစ်သွား ပါ လိမ့် မယ်။ ကိုယ်တော့ အဲ့လို လုပ်ပြီး ကတည်းက ထမင်းမသိုးတော့တာ။ နှစ်ရက်လောက် ထားလဲ ထမင်းက နဂို အတိုင်းလေးပဲ။

တစ်ခါတလေ နှစ်ညအိပ်တွေ ဘာတွေတောင် ဖြစ်ကုန်တာ။ ဒါတောင် မသိုးတော့ဘူး။ အားလုံးလည်းအဆင်ပြေကြပါစေရှင့်။

ကိုယ် အဆင်ပြေတဲ့ နည်းလေးကို ပြန်မျှဝေပေးတာပါရှင်။ မူရင်း ရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

zawgyi

ထမင္း မသိုးေအာင္ ဘယ္လိုလုပ္ရမလဲဆိုတဲ့ နည္းေလး… ဗဟုသုတအျဖစ္ ထပ္ဆင့္ ေဝမွ်ေပးပါရေစ… ကိုယ့္အေတြ႕အႀကဳံေလးကို s h a r i n g လု ပ္ေပးပါရေစ။

ကိုယ္လည္း အဲ့ဒုကၡကို ေတာ္ေတာ္ ခံစားခဲ့ရတာ… ဘယ္ေလာက္ ဆိုးသလဲဆို… မနက္ပိုင္း ခ်က္ထားတဲ့ ထမင္းကို ညေန မေမွာင္ခင္ အေျပအလႊားစားမွ မွီတယ္။ မဟုတ္ရင္ စားခါနီးက် ထမင္းကသိုးေရာ…။

ထမင္းႀကိဳက္တဲ့ လူဆိုေတာ့… ထိုင္ ငိုခ်င္စိတ္ပါ ေပါက္တာ။ အဲ့လို ျဖစ္ေပါင္းမ်ားလို႔… ေခါင္းဆြဲျပဳတ္နဲ႔ ညားရတာ အခါခါပါပဲ။ ထမင္း မသိုးဖို႔ ဆိုရင္…

ကိုယ္ သိသေလာက္ကေတာ့… ဆန္ေဆးရင္ ဆန္ကို ေသခ်ာ ေျပာင္ေအာင္ ေဆးရမယ္။ ၿပီးရင္ ထည့္ခ်က္မယ့္ ေရ ကလည္း သန႔္ရမယ္… ၿပီးရင္ အိုး ကလည္း သန႔္ရမယ္လို႔ အၿမဲ မွတ္ထား ပါတယ္။

ခဏခဏ သိုးတဲ့ အိုးကို အရင္ဆံုး ေရထည့္ၿပီး ပြက္ပြက္ ဆူေနေအာင္တည္ၿပီး ပိုးသတ္ ပါတယ္။ ၿပီးရင္ အဲ့ ေရေႏြးကို သြန္ၿပီး အိုးကို‌ အေျခာက္ခံၿပီး ဆားနဲ႔ နာနာ တိုက္ပါတယ္။

ကိုယ္ေတာ့ နာရီဝက္ေလာက္ ကို ထိုင္‌ တိုက္တာ။ အိုးမွာ ရွိ တဲ့ ေဂ်းေတြက ဆားနဲ ႔အတူ ပါသြားၿပီး… ဆားက မဲညစ္ညစ္အေရာင္ ေျပာင္းသြား လိမ့္မယ္။

ကိုယ္ စိတ္ေက်နပ္ေလာက္တဲ့ အေနအထား ေရာက္ရင္… ပန္ကန္ေဆး အစိမ္းဖတ္ ထဲ ဆပ္ျပာ ထည့္ၿပီး ေသခ်ာ ပြတ္ေဆးလိုက္ပါ။

အဲ့ဒါဆိုရင္ မသိုးေတာ့တဲ့ အိုး ျဖစ္သြား ပါ လိမ့္ မယ္။ ကိုယ္ေတာ့ အဲ့လို လုပ္ၿပီး ကတည္းက ထမင္းမသိုးေတာ့တာ။ ႏွစ္ရက္ေလာက္ ထားလဲ ထမင္းက နဂို အတိုင္းေလးပဲ။

တစ္ခါတေလ ႏွစ္ညအိပ္ေတြ ဘာေတြေတာင္ ျဖစ္ကုန္တာ။ ဒါေတာင္ မသိုးေတာ့ဘူး။ အားလုံးလည္းအဆင္ေျပၾကပါေစရွင့္။

ကိုယ္ အဆင္ေျပတဲ့ နည္းေလးကို ျပန္မွ်ေဝေပးတာပါရွင္။ မူရင္း ေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *