သဃၤန္းကၽြန္းၿမိဳ႕နယ္၌ ရပ္ကြက္အတြင္း ေမြးျမဴခြင့္မျပဳဘဲေမြးထားသည့္ ႏြား ၉ ေကာင္အား ရြာသာႀကီးေလလြင့္တိရစၧာန္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္
ရန္ကုန္တိုင္း၊သဃၤန္းကၽြန္းၿမိဳ႕နယ္၌ ရပ္ကြက္ ၂ ခုအတြင္းေမြးျမဴခြင့္မျပဳဘဲ ေမြးထားသည့္ ႏြား ၉ ေကာင္အား ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္၊တိရစၧာန္ေဆးကုသေရးႏွင့္ထုတ္လုပ္ေရးဌာန တာဝန္ရွိသူမ်ားမွစစ္ေဆး၍ ရြာသာႀကီးေလလြင့္တိရစၧာန္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္
သိမ်းဆည်းခံရသည့် နွားများ
သဃၤန္းကၽြန္းၿမိဳ႕နယ္ရွိ ရပ္ကြက္အတြင္း ႏြားမ်ားေမြးျမဴထားေၾကာင္း သတင္းအရ ရန္ကုန္ၿမိဳ႕ ေတာ္စည္ပင္၊တိရစၧာန္ေဆးကုသေရးႏွင့္ထုတ္ လုပ္ေရးဌာနမွတာဝန္ရွိသူမ်ားက စစ္ေကာင္စီစီမံအုပ္ ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ား၊စစ္ေကာင္စီတပ္မ်ားႏွင့္အ တူ ဇူလိုင္ ၆ ရက္တြင္သြားေရာက္စစ္ေဆးခဲ့ၾကသည္
ထိုသို႔ စစ္ေဆးရာ (ခ)ရပ္ကြက္၊အေဝယာလမ္း၊ အမွတ္(၅)ေနအိမ္ေရွ႕ရွိကားေပၚမွ ႏြား ၄ ေကာင္၊(က)ရပ္ကြက္၊အေဝယာလမ္း၊ အမွတ္(၁၆)ေနအိမွ ႏြား၂ ေကာင္၊(ခ)ရပ္ကြက္၊မဂၤလာလမ္း၊အ မွတ္(၃၂)ေနအိမ္မွ ႏြား ၃ ေကာင္(စုစုေပါင္း ႏြား ၉ ေကာင္)အား ေတြ႕ရွိခဲ့ရသည္
ထို႔ေၾကာင့္ ေမြးျမဴခြင့္မျပဳသည့္ ၿမိဳ႕နယ္အတြင္း လိုင္စင္မဲ့ေမြးျမဴျခင္း၊သယ္ေဆာင္ခြင့္မရွိဘဲ သယ္ေဆာင္ျခင္း၊လူေနရပ္ကြက္တြင္ ခြင့္ျပဳခ်က္မဲ့ သိုေလွာင္ထားရွိခ်ည္ေႏွာင္ျခင္းတို႔အတြက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈး႐ုံး၌ ႏြားေမြးျမဴထားသူမ်ားအား ဝန္ခံလက္မွတ္ေရးထိုးေစခဲ့ေၾကာင္းသိရသည္
အလားတူ စစ္ေဆးေတြ႕ရွိခဲ့သည့္ ႏြား ၉ ေကာင္အား ရြာသာႀကီးေလလြင့္တိရစၧာန္ထိန္းသိမ္းေရးစခန္းသို႔ ပို႔ေဆာင္ထိန္းသိမ္းထားရွိေၾကာင္း သိရသည္
ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္နယ္နိမိတ္အတြင္း လူတို႔ ၏ အစားအစာအလို႔ငွာ တိရစၧာန္မ်ားအား တစ္ပိုင္တစ္နိုင္ျဖစ္ေစ
သိမ်းဆည်းခံရသည့်နွားများ
စီးပြားျဖစ္ျဖစ္ေစ ေမြးျမဴျခင္းအား ဒဂုံၿမိဳ႕သစ္ ၄ ၿမိဳ႕နယ္၊မဂၤလာဒုံ၊ေရႊျပည္သာ၊အင္းစိန္၊လွိုင္သာယာ(အေရွ႕ပိုင္း)၊(အေနာက္ပိုင္း)၊ေျမာက္ဥကၠလာပ၊ဒလ၊ဆိပ္ႀကီးခေနာင္တို ၿမိဳ႕နယ္တို႔တြင္သာ ခြင့္ျပဳခ်က္လိုင္စင္ျဖင့္ ေမြး ျမဴခြင့္ျပဳထားေၾကာင္း သိရသည္ Photo – YCDC , Source: ေပၚျပဴလာ
သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက်အတွင်း မွေးမြူခွင့်မပြုဘဲမွေးထားသည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်
ရန်ကုန်တိုင်း၊သင်္ဃန်းကျွန်းမြို့နယ်၌ ရပ်ကွက် ၂ ခုအတွင်းမွေးမြူခွင့်မပြုဘဲ မွေးထားသည့် နွား ၉ ကောင်အား ရန်ကုန်မြို့တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ်လုပ်ရေးဌာန တာဝန်ရှိသူများမှစစ်ဆေး၍ ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်
သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အတွင်း နွားများမွေးမြူထားကြောင်း သတင်းအရ ရန်ကုန်မြို့ တော်စည်ပင်၊တိရစ္ဆာန်ဆေးကုသရေးနှင့်ထုတ် လုပ်ရေးဌာနမှတာဝန်ရှိသူများက စစ်ကောင်စီစီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ၊စစ်ကောင်စီတပ်များနှင့်အ တူ ဇူလိုင် ၆ ရက်တွင်သွားရောက်စစ်ဆေးခဲ့ကြသည်
ထိုသို့ စစ်ဆေးရာ (ခ)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၅)နေအိမ်ရှေ့ရှိကားပေါ်မှ နွား ၄ ကောင်၊(က)ရပ်ကွက်၊အဝေယာလမ်း၊ အမှတ်(၁၆)နေအိမှ နွား၂ ကောင်၊(ခ)ရပ်ကွက်၊မင်္ဂလာလမ်း၊အ မှတ်(၃၂)နေအိမ်မှ နွား ၃ ကောင်(စုစုပေါင်း နွား ၉ ကောင်)အား တွေ့ရှိခဲ့ရသည်
ထို့ကြောင့် မွေးမြူခွင့်မပြုသည့် မြို့နယ်အတွင်း လိုင်စင်မဲ့မွေးမြူခြင်း၊သယ်ဆောင်ခွင့်မရှိဘဲ သယ်ဆောင်ခြင်း၊လူနေရပ်ကွက်တွင် ခွင့်ပြုချက်မဲ့ သိုလှောင်ထားရှိချည်နှောင်ခြင်းတို့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှုးရုံး၌ နွားမွေးမြူထားသူများအား ဝန်ခံလက်မှတ်ရေးထိုးစေခဲ့ကြောင်းသိရသည်
အလားတူ စစ်ဆေးတွေ့ရှိခဲ့သည့် နွား ၉ ကောင်အား ရွာသာကြီးလေလွင့်တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားရှိကြောင်း သိရသည် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်း လူတို့ ၏ အစားအစာအလို့ငှာ တိရစ္ဆာန်များအား တစ်ပိုင်တစ်နိုင်ဖြစ်စေ
စီးပွားဖြစ်ဖြစ်စေ မွေးမြူခြင်းအား ဒဂုံမြို့သစ် ၄ မြို့နယ်၊မင်္ဂလာဒုံ၊ရွှေပြည်သာ၊အင်းစိန်၊လှိုင်သာယာ(အရှေ့ပိုင်း)၊(အနောက်ပိုင်း)၊မြောက်ဥက္ကလာပ၊ဒလ၊ဆိပ်ကြီးခနောင်တို မြို့နယ်တို့တွင်သာ ခွင့်ပြုချက်လိုင်စင်ဖြင့် မွေး မြူခွင့်ပြုထားကြောင်း သိရသည် Photo – YCDC , Source: ပေါ်ပြူလာ