ဗာရာနသီပြည် ဆင်းရဲမိသားစုမှ မွေးဖွားလာသောဆင်းရဲသူမလေးတစ်ယောက်သည်တစ်နေ့ပွဲသဘင်နေ့မှာချမ်းသာကြွယ်ဝသော အမျိုးသမီး တွေ ဝတ်ဆင်တဲ့ဝတ်ပန်းဖြင့် ဆိုးအပ်သော အဝတ် ကိုဝတ်ဆင်သည်ကိုမြင်သောအခါ
သူဆင်းရဲမလေးလည်းသူရဲ့မိဘ များကို ထို အဝတ် မျိုး ဝတ်ချင်ကြောင်းကို မိဘ တို့အားပြောသောအခါမိဘတွေက”သမီး အမေတို့အဖေတို့က ဆင်းရဲ ပါတယ်ကွယ်ဒီလို တန်ဖိုးကြီးတဲ့ အဝတ် တွေကို ဘယ်လိုလုပ်ပြီးဝယ်ပေးနှိုင်ပါ့မလဲကွယ် ” လို့ပြောလိုက်တယ်
ဆင်းရဲသူမလေးက” ဒီလိုဆိုရင် သမီး ကို ချမ်းသာတဲ့ အိမ်ကိုပို့ပေးပါအလုပ်လုပ်ပါရစေ သမီး ကို ခွင့်ပြုပါပေးပါ ” လို့ခွင့်တာင်းတဲ့အခါမိဘတွေက ခွင့်ပြုပေးလိုက်တယ်မိဘတွေခွင့်ပြုလိုက်တော့ ချမ်းသာတဲ့ သူကြွယ်အိမ် တစ်အိမ်ကိုသွားပြီး
အလုပ်တောင်းတယ်လုပ်ခကိုတော့ သူလိုချင်တဲ့ ဝတ်ပန်းဖြင့်ဆိုးအပ်တဲ့ အဝတ် ပေးဖိုးတောင်းတဲ့အခါ အိမ်ရှင်သူဌေးက” သုံးနှစ်တိတိ ငါတို့အိမ်မှာ အလုပ်လုပ်မယ်ဆိုရင်တော့
သင်လိုချင်တဲ့ အဝတ်ကိုပေးပါ့မယ်ဘယ်လိုလဲ လုပ်နှိုင်ပါ့မလား ”လို့မေးတဲ့အခါဆင်ရဲသူမလေးကကောင်းပါပြီး ကျွန်မလုပ်ပါ့မယ်လို့ပြောလိုက်တယ်အလုပ်ကို ကြိုးစားရိုးသားစွာနဲ့ တာဝန်ကျေအောင်လုပ်တဲ့အခါ အိမ်ရှင် သူဌေးကြီး က သုံးနှစ်မပြည့်ခင်
သူအရမ်းလိုချင်တ်ချင်နေတဲ့ အဝတ်ထည် နဲ့ အခြားအဝတ်တွေကိုပေးပြီးသူဌေးကြီးက”သူငယ်မ သင့်ရဲ့သူငယ်ချင်း အဖော်တွေနဲ့အတူရေချိုးပြီး ဝတ်ဆင်လေလော” လို့ ပြောပြီးထိုအမျိုးသမီးလေးကို လွှတ်လိုက်တယိုဆင်းရဲသူမလေးလဲ အဖော်တွေကို ခေါ်သွားပြီး
နီသောအဝတ်ပုဆိုးကိုမြစ်ကမ်းနားမှာ ထားပြီး ရေချိုးနေစဉ်မှာပဲကဿပဘုရားရှင်၏ တပည့်ဖြစ်သောရဟန်းတစ်ပါးကြွလာတယ်
သူ့ရဲ့သင်္ကန်း တွေကို ဓါးပြတွေလုယူသွားတဲ့အတွက်သူ့ရဲ့ခန္ဓာကိုယ်ကို သစ်ခက် သစ်ရွက်ကို ပတ်ပြီး
အမျိုးသမီးလေးရေချိုးနေတဲ့အနားရောက်လာတဲ့အခါဆင်းရဲသူမလေးက ရဟန်းကိုမြင်ပြီးဒီ အရှင်းကောင်း ရဲ့ သင်္ကန်း ကို သူခိုးဓါးပြတွေ လုယူသွားတာဖြစ်မယ်လို့ တွေးပြီး အတွေးတစ်ခုပေါ်လာတယ်
” ငါဟာ ရှေ့ဘဝက မလှူခဲ့တဲ့အတွက်ကြောင့်ဒီဘဝမှာ အဝတ်ကို သူဌေးအိမ်မှာ ပင်ပန်းကြီးစွာနဲ့ခဲခဲယဉ်းယဉ်းရခဲ့တယ် ” လို့တွေးမိပြီးငါ့ အဝတ် ကို နှစ်ပိုင်းဖြတ်ပြီး တစ်ပိုင်းကို အရှင်ကောင်းအားလှူမယ်လို့ ကြံတွေးပြီး ကမ်းပေါ်တက်လာပြီးအဝတ်ဝတ်ပြီး
အရှင်ဘုရား ရပ်တော်မူပါအုံး ဘုရား ,,လို့လျောက်ရင်းရဟန်းကို ရှိခိုးလိုက်တယ် ဝတ်ပန်းဆိုး အဝတ်ကို အလယ်ကနေနှစ်ပိုင်းပိုင်းပြီး ထိုရဟန်းကို တပိုင်း လှူလိုက်တယ်
ရဟန်းလဲ သင့်တင့်လျှောက်ပတ်တဲ့ မမြင်တဲ့နေရာအရပ်ကိုသွားပြီး ခန္ဓာကိုယ် မှာ ပတ်ထားတဲ့သစ်ရွက်သစ်ခက်တို့ကို စွန့်ပစ်ပြီးတစ်ပိုင်းသော ဝတ်ပုဆိုးသင်္ကန်း၏ အစွန်းတဖက်ကို ဝတ်၍တစွန်းကို ရုံပြီးထွက်လာခဲ့တဲ့အခါ
ရဟန်းတော် ရဲ့ ဝတ်ပန်းပုဆိုးထည်သင်္ကန်းအရောင်ဟာကိုယ်ခန္ဓာတစ်ခုလုံး ထွက်သစ်စနေဗိမာန်အရောင်လိုတင့်တယ်နေတာကိုမြင်လိုက်ရတော့ ဆင်းရဲသူမလေးဟာ,,ငါ့ရဲ့အရှင်ကောင်းဟာ အစက တင့်တယ်တော်မမှုယခုအခါ ထွက်သစ်စ နေမင်းကြီး လို
တင့်တယ်တော်မူလိုက်တာဒီဝတ်ပန်းထည်တပိုင်းကိုလဲ ထိုရှင်မြတ်အားသာလျှင် လှူအံ့ ”အကြံပေါ်လာပြီး ကျန်တဲ့ တပိုင်းကိုလူပြီးဆုတောင်းလိုက်တယ်
,,အရှင်ဘုရား တပည့်တော် သည် ဖြစ်လေရာဖြစ်လေရာ ဘဝတိုင်း၌ကျင်လည်သည်ရှိသော် မြတ်သောအဆင်းကိုဆာင်နိုင်သည်ဖြစ်ရပါလို၏ ကျွနုပ်ကို မြင်၍ တစ်စုံတစ်ယောက်သောယောက်ျားသည် မိမိသဘောအားဖြင့် ကောင်းစွာတည်ခြင်းငှါ မစွမ်းနိုင်ပါစေ။
တပါးသေားမိန်းမသည် အကျွန်ုပ်ထက်လွန်ကဲ၍ လှသည် မည်သူမှမဖြစ်စေသတည်း ”ဟု ဆုတောင်းလိုက်တယ် မထေရ်မြတ်သည်လည်း ဝမ်းမြှောက်ခြင်းအနုမောဒနာကိုပြု၍ကြွတော်မူပြီ အခြားကိုကြွသွားတယ်။
ဆင်းရဲသူမလေးလည်း ကံအားလျော်စွာဒီဘဝမှာသေလွန်၍ နတ်ပြည်၌ ကျင်လည်ပြီးအရိဋ္ဌပုရပြည်၌ ကုဋေ ၈၀ ချမ်းသာသောတိရိဋိဝစ္ဆ မည်ရှိသောသူဌေးကြီး၏ သမီးမြင်သူတိုင်း ရူးမလောက်ခံစားရတဲ့ အလှဘုရင်ဥမ္မာဒန္တီ ဖြစ်လာခဲ့လေးသည်
ကဲဥမ္မာဒန္တီလို လှချင်ရင်တော့ဥမ္မာဒန္တီလိုလှူပြီး ဆုတောင်းပေါ့/crd