ၾကားသိရသမွ်

Tiktok မှာနာရီပိုင်းအတွင်း ကြည့်ရှုသူ 1 Million ကျော်သွားတဲ့ အထိပေါက်သွားတဲ့စည်သူပလပ်ကျွတ်နဲ့ ဂျမ်းတောလေးတို့ရဲ့ ဟာသဗီဒီယို













Credit

Unicode,

ပရိသတ်ကြီးရေ tiktok မှာ စကားအမြန် ပြောရမှာ လူသိများလာ တဲ့ ဂျမ်းတောမလေးက တော့ မကြာသေးမီကဘဲ

မိခင်ဖြစ်သူကိုဆုံးရှုံးခဲ့ရပြီး သရုပ်ဆောင်စည်သူပလပ်ကျွတ်ရဲ့ ကူညီပေးမှုတွေကြောင့်သာ အလှူငွေတွေလည်းရရှိခဲ့ပြီး

ဝမ်းရေးအတွက်အဆင်ပြေလာခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့ သရုပ်ဆောင်စည်သူပလပ်ကျွတ်နဲ့အတူ

ဂျမ်းတောမလေးက live sale တွေဆက်တိုက်လွှင့်ပြီး အောင်မြင်နေတာလည်းဖြစ်ပါတယ်။မိခင်ကြီးမရှိတော့ပေမယ့်လည်း

လောကကြီးကိုအရှုံးမပေးဘဲ ဆက်လက်ကြိုးစားနေတဲ့ ကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။

ဂျမ်းတောတို့ မောင်နှမက စုစုပေါင်း ၁၀ ယောက်ရှိပြီး ဂျမ်းတောရဲ့ အပေါ်မှာ ၃ ယောက် အောက်မှာ ၆ ယောက်ဖြစ်တယ်လို့ သိရပါတယ်။

မိသားစုကို တစ်ယောက်တည်းအားလေးနဲ့ တတ်နိုင်သမျှ ရှာဖွေကျွေးမွေးနေတဲ့ ဂျမ်းတောတစ်ယောက် အခုနောက်ပိုင်းမှာ

ဆရာဖြစ်သူ စည်သူပလပ်ကျွတ်ရဲ့ အကူအညီ ၊ အွန်လိုင်းပေါ်က စေတနာရှင် အလှူရှင်တွေရဲ့ အကူအညီနဲ့

သရက်ကင်သည်ဈေးသည်လေး ဘဝကနေ အွန်လိုင်းဈေးသည်လေး ဖြစ်သွားပြီပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ စည် ဂျမ်း ဘုံ တို့ ဆရာတပည့်သုံးယောက်ကတော့ ကြောငြာတွေလည်း ရိုတ်ကူးနေရသလို

live sale တွေလွှင့်ပြီးလည်း အောင်မြင်နေကြတာဖြစ်ပါတယ်။ဒီနေ့မှာတော့ တစ်ရက်တောင် မပြည့်သေးဘဲ စည်ချမ်းဘုံတို့ရဲ့

ဟာသဗီဒီယိုလေးကတော့ Tiktok မှာ 1 million ကို ကျော်သွားတာလည်းဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *