“ဖုန်းထဲမှာ ကိုယ်မသိလိုက်ဘဲ ကုန်နေတဲ့ အင်တာနက် ဒေတာတွေကို ရှာဖွေပိတ်ဆို့နည်းများ”
မိုဘိုင်းဒေတာဈေးတွေလည်း တက်လာပြီဆိုတော့ Wifi သမားတွေအတွက် ပြဿနာမရှိပေမယ့် မိုဘိုင်းဒေတာနဲ့
သုံးနေသူတွေအတွက် ရေရှည်မှာ ကုန်ကျမှုက သိသိသာသာများလာနိုင်ပါတယ်။
ဒါကြောင့် ဒေတာကုန်ကျမှုသက်သာဖို့ နည်းလမ်း(၅)မျိုး ကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
(၁)မလိုအပ်တဲ့ Data Usage တွေကို Off ထားပါ။
မလိုအပ်ပဲ Background Data တွေသုံးနေတဲ့ App တွေကြောင့်Data ကုန်ကျမှုများလာနိုင်ပါတယ်။
အဲ့ App တွေကိုပိတ်ဖို့အတွက်ကတော့Setting ထဲမှာ Data Usage ကိုရှာပြီးBackgound Data ကို Off ထားနိုင်ပါတယ်။
Android မှာဆိုရင်
Setting>Data Usage>Background Data>Off
Xiaomi တွေမှာဆို
Setting>Connecting&Sharing>Data Usage>Background Data>Off
iOS တွေမှာဆို
Setting>Cellular>Apps တွေမှာမလိုတာတွေ ပိတ်ထားလိုက်ပါ
Sim Setting>Low Data Mode လည်း on ထားလို့ရပါတယ်
Software Auto Update တွေကိုလည်း ပိတ်ထားသင့်ပါတယ်
Android Play Store မှာဆိုရင်
PlayStore>Setting>Network Perference>
Auto-update apps>Don’t auto-update apps(or) Over Wifi Only လုပ်ထားနိုင်ပါတယ်
iOS မှာဆို Setting>Genreal>Softwared Update>
Automatic Download ကို ပိတ်ထားလိုက်ရင်ရပါပြီ။
(၂)Telegram မှာလည်း Auto-Download တွေပိတ်ထားပါ
Telegram ကလည်း Auto-Download တွေမပိတ်ထားမိရင် Data တော်တော်လေးစားပါတယ်
Auto-Download တွေပိတ်ဖို့အတွက်ဆိုရင်တော့
Telegram Setting>Automatic Media Download>When Using Mobile Data>Off ထားနိုင်ပါတယ်။
နောက်ပြီး Auto Play Media/Streaming မှာလည်း Off ထားသင့်ပါတယ်
အဲ့လိုဆိုရင် Telegram သုံးတဲ့အခါလည်း မလိုအပ်ပဲ Data ကုန်ကျတာတွေ မဖြစ်တော့ပါဘူး
(၃)Facebook အစား Facebook Lite သုံးပါ
ပုံမှန် Facebook Version ထက် Data ကုန်ကျမှု သက်သာစေတဲ့ Facebook&Messenger Lite Version
ကို Facebook က ထုတ်ပေးထားတာ ရှိပါတယ်။
Lite Version က Connection Stable မဖြစ်တဲ့ နေရာတွေနဲ့ 2G Network နဲ့တောင် အသုံးပြုလို့ရပါတယ်။
ပုံမှန် Facebook Version ထက် Data ကုန်ကျမှု (၂၅)ဆထိ သက်သာစေပါတယ်။
(ပုံမှန် Facebook Version မှာ 10MB ကုန်တယ်ဆို Lite Version မှာ 0.4MB ပဲကုန်မှာပါ)
UI က သိပ်မမိုက်ပေမယ့် Smooth ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။
ပုံမှန် Facebook Version ကိုပဲသုံးချင်တယ်ဆိုလည်း Auto-Play Video တွေကိုပိတ်ထားလို့ရပါတယ်။
Data ကုန်ကျမှု သက်သာချင်ရင်တော့ Facebook & Messenger Lite Version ကို Recommend ပေးပါတယ်။
Download လုပ်ရန်(Android တွေမှာပဲ ရပါမယ်)
Facebook Lite —> https://bit.ly/31Jjrqc
Messenger Lite —> https://bit.ly/3ECktmu
(၄)Video Call အတွက် Skype Lite သုံးပါ
Mobile Data နဲ့ Video Call ပြောတဲ့ သူတွေအတွက် Skype Lite ကData စားတာ တော်တော်လေးသက်သာပါတယ်။
(၁၀)မိနစ်စာ Video Call ပြောရင်တောင် 24MB လောက်ပဲ ကုန်ကျမှာပါ။
Video Quality ကလည်း အဆင်ပြေပါတယ်။ ဖုန်းပြောမယ်ဆိုလည်း 4MB နဲ့မိနစ်(၂၀) လောက်ပြောလို့ရပါတယ်။
Account ဖွင့်ပြီး လွယ်လွယ်ကူကူအသုံးပြုလို့ရပါတယ်။
Download လုပ်ရန်(Apkpure ကနေပဲ Down လို့ရပါတယ်)
Link–> https://bit.ly/3lMeTq
(၅)Browsing အတွက် Opera Mini-fast web browser
Browser သုံးတဲ့သူတွေအတွက် ဆိုရင်တော့ Chrome အစား Opera Mini ကို သုံးသင့်ပါတယ်။
Ads တွေလည်းမပါသလို Web Page Size တွေကိုလည်း 90% ထိ Compress လုပ်ပေးနိုင်လို့Mobile Data ကုန်ကျမှု တော်တော်လေးသက်သာစေပါတယ်။
ပုံမှန် Website တစ်ခု က 4MB ရှိမယ်ဆို Opera Mini မှာဆို 0.4MB လောက်ထိCompress လုပ်ပေးနိုင်လို့ Mobile Data နဲ့ Browser သုံးတဲ့သူတွေအတွက်Data ကုန်ကျမှုချွေတာနိုင်ပါတယ် ။
Download လုပ်ရန်–>https://bit.ly/3EClhrw
Mobile Data ချွေတာဖို့အတွက် ဒီနည်းလမ်းလေးတွေကို စမ်းသုံးကြည့်ကြပါ။
Credit
Zawgyi
“ဖုန္းထဲမွာ ကိုယ္မသိလိုက္ဘဲ ကုန္ေနတဲ့ အင္တာနက္ ေဒတာေတြကို ရွာေဖြပိတ္ဆို႔နည္းမ်ား”
မိုဘိုင္းေဒတာေဈးေတြလည္း တက္လာၿပီဆိုေတာ့ Wifi သမားေတြအတြက္ ျပႆနာမရွိေပမယ့္ မိုဘိုင္းေဒတာနဲ႔
သုံးေနသူေတြအတြက္ ေရရွည္မွာ ကုန္က်မႈက သိသိသာသာမ်ားလာႏိုင္ပါတယ္။
ဒါေၾကာင့္ ေဒတာကုန္က်မႈသက္သာဖို႔ နည္းလမ္း(၅)မ်ိဳး ကို ေျပာျပေပးသြားမွာပဲျဖစ္ပါတယ္။
(၁)မလိုအပ္တဲ့ Data Usage ေတြကို Off ထားပါ။
မလိုအပ္ပဲ Background Data ေတြသုံးေနတဲ့ App ေတြေၾကာင့္Data ကုန္က်မႈမ်ားလာႏိုင္ပါတယ္။
အဲ့ App ေတြကိုပိတ္ဖို႔အတြက္ကေတာ့Setting ထဲမွာ Data Usage ကိုရွာၿပီးBackgound Data ကို Off ထားႏိုင္ပါတယ္။
Android မွာဆိုရင္
Setting>Data Usage>Background Data>Off
Xiaomi ေတြမွာဆို
Setting>Connecting&Sharing>Data Usage>Background Data>Off
iOS ေတြမွာဆို
Setting>Cellular>Apps ေတြမွာမလိုတာေတြ ပိတ္ထားလိုက္ပါ
Sim Setting>Low Data Mode လည္း on ထားလို႔ရပါတယ္
Software Auto Update ေတြကိုလည္း ပိတ္ထားသင့္ပါတယ္
Android Play Store မွာဆိုရင္
PlayStore>Setting>Network Perference>
Auto-update apps>Don’t auto-update apps(or) Over Wifi Only လုပ္ထားႏိုင္ပါတယ္
iOS မွာဆို Setting>Genreal>Softwared Update>
Automatic Download ကို ပိတ္ထားလိုက္ရင္ရပါၿပီ။
(၂)Telegram မွာလည္း Auto-Download ေတြပိတ္ထားပါ
Telegram ကလည္း Auto-Download ေတြမပိတ္ထားမိရင္ Data ေတာ္ေတာ္ေလးစားပါတယ္
Auto-Download ေတြပိတ္ဖို႔အတြက္ဆိုရင္ေတာ့
Telegram Setting>Automatic Media Download>When Using Mobile Data>Off ထားႏိုင္ပါတယ္။
ေနာက္ၿပီး Auto Play Media/Streaming မွာလည္း Off ထားသင့္ပါတယ္
အဲ့လိုဆိုရင္ Telegram သုံးတဲ့အခါလည္း မလိုအပ္ပဲ Data ကုန္က်တာေတြ မျဖစ္ေတာ့ပါဘူး
(၃)Facebook အစား Facebook Lite သုံးပါ
ပုံမွန္ Facebook Version ထက္ Data ကုန္က်မႈ သက္သာေစတဲ့ Facebook&Messenger Lite Version
ကို Facebook က ထုတ္ေပးထားတာ ရွိပါတယ္။
Lite Version က Connection Stable မျဖစ္တဲ့ ေနရာေတြနဲ႔ 2G Network နဲ႔ေတာင္ အသုံးျပဳလို႔ရပါတယ္။
ပုံမွန္ Facebook Version ထက္ Data ကုန္က်မႈ (၂၅)ဆထိ သက္သာေစပါတယ္။
(ပုံမွန္ Facebook Version မွာ 10MB ကုန္တယ္ဆို Lite Version မွာ 0.4MB ပဲကုန္မွာပါ)
UI က သိပ္မမိုက္ေပမယ့္ Smooth ျဖစ္ျဖစ္ အသုံးျပဳလို႔ရပါတယ္။
ပုံမွန္ Facebook Version ကိုပဲသုံးခ်င္တယ္ဆိုလည္း Auto-Play Video ေတြကိုပိတ္ထားလို႔ရပါတယ္။
Data ကုန္က်မႈ သက္သာခ်င္ရင္ေတာ့ Facebook & Messenger Lite Version ကို Recommend ေပးပါတယ္။
Download လုပ္ရန္(Android ေတြမွာပဲ ရပါမယ္)
Facebook Lite —> https://bit.ly/31Jjrqc
Messenger Lite —> https://bit.ly/3ECktmu
(၄)Video Call အတြက္ Skype Lite သုံးပါ
Mobile Data နဲ႔ Video Call ေျပာတဲ့ သူေတြအတြက္ Skype Lite ကData စားတာ ေတာ္ေတာ္ေလးသက္သာပါတယ္။
(၁၀)မိနစ္စာ Video Call ေျပာရင္ေတာင္ 24MB ေလာက္ပဲ ကုန္က်မွာပါ။
Video Quality ကလည္း အဆင္ေျပပါတယ္။ ဖုန္းေျပာမယ္ဆိုလည္း 4MB နဲ႔မိနစ္(၂၀) ေလာက္ေျပာလို႔ရပါတယ္။
Account ဖြင့္ၿပီး လြယ္လြယ္ကူကူအသုံးျပဳလို႔ရပါတယ္။
Download လုပ္ရန္(Apkpure ကေနပဲ Down လို႔ရပါတယ္)
Link–> https://bit.ly/3lMeTq
(၅)Browsing အတြက္ Opera Mini-fast web browser
Browser သုံးတဲ့သူေတြအတြက္ ဆိုရင္ေတာ့ Chrome အစား Opera Mini ကို သုံးသင့္ပါတယ္။
Ads ေတြလည္းမပါသလို Web Page Size ေတြကိုလည္း 90% ထိ Compress လုပ္ေပးႏိုင္လို႔Mobile Data ကုန္က်မႈ ေတာ္ေတာ္ေလးသက္သာေစပါတယ္။
ပုံမွန္ Website တစ္ခု က 4MB ရွိမယ္ဆို Opera Mini မွာဆို 0.4MB ေလာက္ထိCompress လုပ္ေပးႏိုင္လို႔ Mobile Data နဲ႔ Browser သုံးတဲ့သူေတြအတြက္Data ကုန္က်မႈေခြၽတာႏိုင္ပါတယ္ ။
Download လုပ္ရန္–>https://bit.ly/3EClhrw
Mobile Data ေခြၽတာဖို႔အတြက္ ဒီနည္းလမ္းေလးေတြကို စမ္းသုံးၾကည့္ၾကပါ။
Credit