ၾကားသိရသမွ်

အရမ်းချစ်စရာကောင်းတဲ့ သမီးလေး အမရာကို ယနေ့မှာ အောင်မြင်စွာ မွေးဖွားခဲ့တဲ့ အိမ့်ချစ်

အဆိုတော်အိမ့်ချစ်ကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက ဂီတလောကကို ဝင်ရောက်လာသူ တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို အပြည့်အဝ ဆက်ခံရရှိထားတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အသံလေးကလည်း နားဆင်သူတိုင်းရဲ့ ရင်ထဲထိရောက်သွားအောင်ကို အသံပါဝါအားကောင်းလွန်းတာပါ ။

သီချင်းကောင်းလေးတွေ ဖန်တီးတတ်ပြီး ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်နေတဲ့ သူမက လူငယ်ပရိသတ်တွေကြား ရေပန်းစားကျော်ကြားနေတဲ့ အမျိုးသမီး အဆိုတော်မလေးတစ်ဦးပါ ။လက်ရှိမှာတော့ အိမ့်ချစ်က သူမအရမ်းချစ်ရတဲ့ ချစ်သူနဲ့အတူတူ သာယာပျော်ရွှင်စရာ မိသားစု ဘဝလေးကို ဖြတ်သန်းနေတာဖြစ်ပါတယ်။

ယနေ့မှာတော့ ရမ်းချစ်စရာကောင်းတဲ့ သမီးလေး အမရာကို အောင်မြင်စွာ မွေးဖွားခဲ့ပြီး အမှတ်တရ ပုံလေးတွေနဲ့ အတူ ” သမီးလေး Amara ကို ယနေ့ 6.8.2022 နံနက် 7:13 အချိန်တွင် 6 ပေါင် 12 အောင်စဖြင့် အောင်မြင်စွာမွေးဖွားပြီးခဲ့ပါပြီ မိခင်ကော ခလေးပါ နေကောင်းကျန်းမာပါတယ်ခမျာ မေမေအိမ့်ဖုန်းမကြည့်နိုင်လို့ ဖေဖေကပ

ချစ်ပရိတ်သတ်တွေအတွက် ပုံလေးတွေတင်ပေးလိုက်ပါတယ်” ဆိုတဲ့ စာလေးကို ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။

Credit

-Zawgyi Font ဖြင့်ဖတ်ရန် –





Credit

Leave a Reply

Your email address will not be published. Required fields are marked *