ၾကားသိရသမွ်

ဥာဏ်ကောင်းတဲ့ မိန်းမပျိုလေး

တစ်ခါတုန်းက ရွာလေးတစ်ရွာရဲ့အနီးနားမှာရှိတဲ့ယာခင်းလေးထဲမှာ အသက် ၅၀ အရွယ်ဖခင်ကြီးနဲ့ ၁၀ နှစ်အရွယ်သမီးငယ်လေးတို့ဟာ ဟင်းသီးဟင်းရွက်လေးတွေနဲ့ ရာသီနှံလေးတွေစိုက်ပျိုးရင်းနေထိုင်ကြ သတဲ့..အဲ့သလို နေထိုင် လုပ်ကိုင်ကြရင်း ဖခင်ဖြစ်သူမကျန်းမမာဖြစ်တော့ ဆေးဝါးကုသဖို့အတွက် သူဋ္ဌေးကြီးတစ်ဦးဆီကနေ ငွေချေးပြီးဆေးကုသရပြီး


ချေးထားတဲ့ငွေကို ပြန်လာတောင်းတဲ့အခါ အတိုးတွေ မတရားတက်ပြီးသားအဖနှစ်ယောက်ပြန်မဆပ်နိူင်ဘူးဖြစ်နေတာပေါ့..သူဋ္ဌေးကြီးက သူချေးထားတဲ့ငွေနဲ့အတိုးကိုပြန်မဆပ်နိုင်ရင် ယာခင်းလေးနဲ့သမီးပျိုလေးကိုအကြွေးသိမ်းမယ် လို့ပြောတော့ သားအဖနှစ်ယောက်လည်းသူဋ္ဌေးကြီးကို ငိုယိုပြီးတောင်းပန်ကြရှာသတဲ့..အဲ့ဒီလို သားအဖနှစ်ယောက်က ငိုယိုပြီးတောင်းပန်တဲ့အခါ

သူဋ္ဌေးကြီးက..ကောင်းပြီ..ငါလည်းမတရားမလုပ်ချင်ပါဘူး..ဒီတော့ မိန်းမပျိုလေးကို အခွင့်အရေးတစ်ခုပေးပါမယ်..အဲ့ဒီအခွင့်အရေးကတာ့ ငါလက်ထဲမှာ ကျောက်ခဲအဖြူတစ်လုံးနဲ့ အမည်းတစ်လုံးကို ဆုပ်ကိုင်ထားပြီးမိန်းမပျိုလေးက တစ်လုံးကိုနိူက်ရပါမယ်..အဲ့လို့မိန်းမပျို လေးနှိုက်လိုက်တဲ့ကျောက်ခဲတစ်လုံးဟာ အဖြူ ဖြစ်ခဲ့မယ်ဆိုရင် ယာခင်းနဲ့မိန်းမပျိုလေးကို မသိမ်းတဲ့အပြင် ပေးစရာရှိတဲ့အကြွေးတွေအားလုံးကိုပြန်ဆပ်စရာမလိုတော့ပဲ

ဒီနေရာကနေပြန်လှည့်သွားပါမယ်လို့ငါကတိပေးပါတယ်..။အကဲ၍ မိန်းမပျိုလေးနိူက်မိ့တဲ့ကျောက်ခဲတစ်လုံးဟာ အမည်းဖြစ်ခဲ့မယ်ဆိုရင်တော့ ယာခင်းလေးနဲ့ မိန်းမပျိုလေးကိုသိမ်းရပါမယ်..ဒီအခွင့်အရေးကိုမယူရင်လည်း ငါ့ရဲ့မူလအစီစဉ်အတိုင်းပဲ ယာခင်းနဲ့မိန်းမပျိုလေးကိုသိမ်းပါမယ်´အဲ့ဒီလိုသူဋ္ဌေးကြီးက ပြောလိုက်တဲ့အခါ မိန်းမပျိုလေးကစဉ်စားပါတယ်..

သူဋ္ဌေးကြီးပေးတဲ့အခွင့်အရေးကိုမယူရင်လည်းအသိမ်းခံရမယ်..ယူခဲ့ရင်တော့ကံ ကောင်းပြီးကျောက်ခဲအဖြူ ကိုသူနိူက်မိ့ရင် အသိမ်းခံရမယ့်အရေးကနေလွတ်မြောက်ဖို့အခွင့်အလမ်းရှိသေးတယ် လို့စဉ်းစားပြီး သူဋ္ဌေးကြီးပြောတဲ့ အခွင့်အရေးကိုသဘောတူလိုက်ပါတယ်..။အဲ့လိုမိန်းမပျိုလေးကသဘောတူလိုက်တော့သူဋ္ဌေးကြီးက အနားမှာရှိတဲ့ ကျောက်ခဲနှစ်လုံးကိုလက်နဲ့ကောက်ယူလိုက်ပါတယ်။

ဒါပေမယ့် သူဋ္ဌေးကြီးကောက်ယူလိုက်တာဟာ ကျောက်ခဲအမည်းကြီးဘဲနှစ်လုံးဖြစ်နေတာကို မိန်းမပျိုလေးကတွေ့သွားတယ်..အဲ့ဒီအခါ မိန်းမပျိုလေးဟာ တုန်လှုပ်သွားပေမယ့် သူဋ္ဌေးကြီးကိုဘာမှမပြောဘဲ အချိန်တိုလေးအတွင်းမှာ ဉာဏ်ပညာနဲ့သူစဉ်းစားပါတယ်..သူဘာမှမပြောပဲ ဒီအတိုင်းနှိုက်လိုက်ရင်ကျောက်ခဲကအမည်းကြီးပဲ နှစ်လုံးဖြစ်နေရင်တော့ အမည်းကိုပဲနှိုက်မိမှာ သေချာတယ်

သူပြောလိုက်လို့ သူဋ္ဌေးကြီးက ကျောက်ခဲအဖြူတစ်လုံးနဲ့အမည်းတစ်လုံးကိုပြန်ကောက်ထည့်ရင်လည်းကျောက်ခဲအဖြူ ကိုနှိုက်မိဖို့ မသေချာဘူး..မနှိုက်တော့ဘူးလို့ပြောရင်လည်း ယာခင်းလေးနဲ့သူ့ကို သူဋ္ဌေးကြီးက သိမ်းမယ်..သူဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး အချိန်တိုလေးအတွင်းမှာမိန်းမပျို လေးဟာခေါင်းအေးအေးထားပြီး ဉာဏ်ပညာနဲ့ တွေးတောစဉ်းစားပါတယ်..

အဲ့လိုဉာဏ်ပညာနဲ့တွေးတောစဉ်းစားပြီးနောက်ဆုံးမှာမိန်းမပျို လေးဟာသူဋ္ဌေးကြီးကိုဘာမှမပြောတော့ဘဲကျောက်ခဲတစ်လုံးကိုနှိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်..မိန်းမပျိုလေးဟာကျောက်ခဲကိုနှိုက်တဲ့အခါမှာမျက်စေ့ကိုစုံမိတ်ပြီး ကြောက်လန့်တဲ့အမူအရာနဲ့ သူဋ္ဌေးကြီးလက်ထဲဆုပ်ကိုင်ထားတဲ့ ကျောက်ခဲနှစ်လုံးထဲကတစ်လုံးကိုနှိုက်လိုက်ပါတယ်..

အဲ့လိုကျောက်ခဲတစ်လုံးကိုနှိုက်ပြီးပြီးချင်းသူလက်ထဲမှာပါလာတဲ့ကျောက်ခဲကို ဖွင့်မပြဘဲ အနီးနားမှာရှိတဲ့ရေတွင်းထဲကိုပစ်ချလိုက်ပါတယ်..အဲ့ဒီလို မိန်းမပျိုလေးကနိူက်လိုက်တဲ့ကျောက်ခဲကိုဖွင့်မပြဘဲ ရေတွင်းထဲပစ်ချလိုက်တာကိုတွေ့တာ့..သူဋ္ဌေးကြီးက စိတ်ဆိုးပြီး..ဟ..ဘာဖြစ်လို့ နှိုက်လိုက်တဲ့ကျောက်ခဲကိုဖွင့်မပြပဲ ရေတွင်းထဲကိုပြစ်ချလိုက်တာလည်းလို့သူဋ္ဌေးကြီးကမေးတဲ့အခါ..မိန်းမပျိုလေးက..

တောင်းပန်ပါတယ် သူဋ္ဌေးမင်းကြီးရယ် ကျွန်မလည်းကြောက်ကြောက်နဲ့သူဋ္ဌေးမင်းကြီးလက်ထဲကကျောက်ခဲတစ်လုံးကိုနှိုက်လိုက်ရတော့ဖွင့်မကြည့်ရဲပဲ ရေတွင်းထဲကိုပြစ်ချလိုက်မိ့တာပါ..ဒါကြောင့်မို့ကျွန်မနှိုက်မိတဲ့ကျောက်ခဲက အဖြူလား အမည်းလားဆိုတာကိုမသိရတော့တဲ့အတွက် သူဋ္ဌေးမင်းကြီး လက်ထဲမှာကျန်ခဲ့တဲ့ကျောက်ခဲတစ်လုံးဟာအဖြူလားအမည်းလားဆိုတာကိုပဲကြည့်ရှုခွင့်ပြုပါဆိုပြီးမိန်းမပျိုလေးကပြောလိုက်တော့

သူဋ္ဌေးကြီးလည်းဘာမှမတတ်နိူင်တော့ပဲ သူလက်ထဲမှာရှိတဲ့ကျောက်ခဲအမည်းတစ်လုံးကိုဘဲ ဖွင့်ပြရတော့တာပေါ့..သူဋ္ဌေးကြီးလက်ထဲကနေဖွင့်ပြတဲ့ကျောက်ခဲကအမည်းဖြစ်နေတာလည်းတွေ့ကော မိန်းမပျိုလေးလည်းဝမ်းမြောက်ပျော်ရွှင်စွာနဲ့..`´သူဋ္ဌေးကြီးလက်ထဲမှာကျန်ခဲ့တဲ့ကျောက်ခဲကအမည်းဆိုတော့ ကျွန်မနှိုက်လိုက်မိတဲ့ကျောက်ခဲကအဖြူပေါ့နော်“လို့ပြောလိုက်တဲ့အခါ..သူဋ္ဌေးကြီးလည်းသူကတိစကားအတိုင်းယာခင်းနဲ့မိန်းမပျိုလေးကိုထားပြီး ပြန်သွားပါတော့တယ်။

credit – မူရင်းရေးသူအား လေးစားစွာဖြင့်

Zawgyi ဖြင့်ဖတ်ပါ


Leave a Reply

Your email address will not be published. Required fields are marked *