ၾကားသိရသမွ်

စစ္ယာဥ္တန္းမိုင္းမိၿပီး ၂၀ ဦးေသသြားတဲ့ စစ္ေကာင္စီေတြ ကားပ်က္ႀကီးကို ကင္းပုန္းေစာင့္က်န္ခဲ့

ျမင္းမူ ၊ဇူလိူင္ ၈၊ ၂၀၂၂ ။

စစ္ကိုင္းကေန ျမင္းမူၿမိဳ႕ကို ဆင္းလာတဲ့ စစ္ေကာင္စီကား ၉ စီးကို ေဒသခံပီဒီအက္ဖ္ေတြက

ဇူလိူင္လ ၈ ရက္ ဒီေန႔ညေနမွာ ေနရာခြဲကာ တိုက္ခိုက္ခဲ့လို႔ စစ္ေကာင္စီ ၂၀ ဦးေသဆုံးကာ ကားတစီးပ်က္စီးခဲ့တယ္လို႔

ျမင္းမူျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ညေန ၅နာရီခြဲမွာ ျမင္းမူၿမိဳ႕နယ္ ေပ်ာ့႐ြာနဲ႔ နဘဲၾကဴး႐ြာဇရပ္အနီးမွာပထမအႀကိမ္နဲ႔ ၁၀ မိနစ္အၾကာမွာ ျမင္းမူနဲ႔

ထီးေဆာင္း႐ြာၾကားမွာ ဒုတိယအႀကိမ္ ပေဒသာမိုင္းေတြနဲ႔ တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။

“စစ္ေကာင္စီကားတန္းကို ၂ ႀကိမ္စလုံး ပေဒသာမိုင္းဆြဲေတြနဲ႔ဆြဲခဲ့တာဗ် ပ်က္ၿပီးက်န္ခဲ့တဲ့ စစ္ေကာင္စီကားက

ဒုတိယအႀကိမ္ ပေဒသာမိုင္းနဲ႔ ထိတာပါ အဲဒီစစ္ကားပ်က္ႀကီးရဲ႕ အနားကိုေတာ့ ကိုယ့္ရဲေဘာ္ေတြကပ္လို႔ မရဘူးဗ်

စစ္သားေတြ ကင္းပုန္းေစာင့္ၿပီး က်န္ခဲ့တာ”လို႔ ျမင္းမူ PDF အဖြဲ႕ တာဝန္ရွိသူက ေျပာပါတယ္။

အဲဒီတိုက္ခိုက္မႈကို People Defence Force Myinmu-MMUPDF ကဦးေဆာင္ၿပီး Black Eagle Defence Force –

MMU၊ Black Hawk Force Myinmu-BHFM၊ People Guerlla Commando-MMU နဲ႔

Myinmu Civil Revolution Force-MMUတို႔ပူးေပါင္းခဲ့တယ္လို႔ သိရပါတယ္။

#ေျမလတ္အသံ

Unicode,

စစ်ယာဉ်တန်းမိုင်းမိပြီး ၂၀ ဦးသေသွားတဲ့ စစ်ကောင်စီတွေ ကားပျက်ကြီးကို ကင်းပုန်းစောင့်ကျန်ခဲ့

မြင်းမူ ၊ဇူလိူင် ၈၊ ၂၀၂၂ ။

စစ်ကိုင်းကနေ မြင်းမူမြို့ကို ဆင်းလာတဲ့ စစ်ကောင်စီကား ၉ စီးကို ဒေသခံပီဒီအက်ဖ်တွေက

ဇူလိူင်လ ၈ ရက် ဒီနေ့ညနေမှာ နေရာခွဲကာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၂၀ ဦးသေဆုံးကာ ကားတစီးပျက်စီးခဲ့တယ်လို့

မြင်းမူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ညနေ ၅နာရီခွဲမှာ မြင်းမူမြို့နယ် ပျော့ရွာနဲ့ နဘဲကြူးရွာဇရပ်အနီးမှာပထမအကြိမ်နဲ့ ၁၀ မိနစ်အကြာမှာ မြင်းမူနဲ့

ထီးဆောင်းရွာကြားမှာ ဒုတိယအကြိမ် ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ကောင်စီကားတန်းကို ၂ ကြိမ်စလုံး ပဒေသာမိုင်းဆွဲတွေနဲ့ဆွဲခဲ့တာဗျ ပျက်ပြီးကျန်ခဲ့တဲ့ စစ်ကောင်စီကားက

ဒုတိယအကြိမ် ပဒေသာမိုင်းနဲ့ ထိတာပါ အဲဒီစစ်ကားပျက်ကြီးရဲ့ အနားကိုတော့ ကိုယ့်ရဲဘော်တွေကပ်လို့ မရဘူးဗျ

စစ်သားတွေ ကင်းပုန်းစောင့်ပြီး ကျန်ခဲ့တာ”လို့ မြင်းမူ PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို People Defence Force Myinmu-MMUPDF ကဦးဆောင်ပြီး Black Eagle Defence Force –

MMU၊ Black Hawk Force Myinmu-BHFM၊ People Guerlla Commando-MMU နဲ့

Myinmu Civil Revolution Force-MMUတို့ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

#မြေလတ်အသံ

Leave a Reply

Your email address will not be published. Required fields are marked *