ဆန်ဆေးရေအစွမ်းနဲ့ ပေါင်၃၆၀ လူဝကြီးကနေ ပေါင် ၁၆၀ကျော် အထိ ဝိတ်ကျလာတဲ့…
ကျွန်တော်ခင်မင်လေးစား တန်ဖိုးထားရပါသော ကျွန်တော်အားခင်မင်ကြသော fbမှချစ်ဆုံး friendများအတွက်ပါ
ကိုအောင်ရေ တစ်ယောက်ထဲမှ ဟုတ်ရယ်လားမေးကြလွန်းလို့ပါ။ တအာဝရာကနေပိန်ဖို့ မလွယ်သလို ပိန်ရာကနေပြန်မဝဖို့ထိမ်းရတာ အတော်ခက်ခဲပါတယ်။
ကျွန်တော်အရမ်းဝလာတဲ့ အကြောင်းရင်း စပြောရမယ်ဆိုရင် ၈၈ အရေးခင်းမှာ သနတ်မှန်တာက စပြီးပြန်ပြောပြရမှာပါခင်ဗျာ။
ဘာလိုလည်းဆိုတော့ အရင်ကတအားပိန်ပိန်လေးမို့ပါ နောက်မှသွေးတွေသွင်းရင်း ဝလာစပြုလာရတာမို့ပါခင်ဗျာ။
ကျွန်တော်နှိင်ငံရေးမလုပ်ပေမဲ့ ပရဟိတစိတ်နဲ့ သနတ်မှန်တဲ့လူနာတွေ သွားကယ်ဆယ်ရင်း
20-9-1988နေ့လည် ၁ နာရီမှာ ပခုက္ကူ မြိုအ-လ-က(၁)ကျောင်းရှေ့မှာ
ကျွန်တော်အပါဝင်သံဃာတော်များမှ သနတ်မှန်ထားတဲ့လူတွေကောက်ယူ ခွင့်ပေးပါပြောပြီးသွားကောက်ကြတာ
သံဃာတော်နဲ့ကျွန်တော်တို့လိုလူတွေ အမြေုာက်အများသေပွဲဝင်ခဲ့ရပေမဲ့ မိဘကျေးဇူးကြောင့် ကျွန်တော်တယောက်ဘဲ
သနတ်၈ချက်မှန်ပေမဲ့ အသက်မသေသော်လည်းအောက်ပိုင်း၂နှစ်သေနေတာ တမြို့လုံးတနယ်လုံးသိကြပါတယ်ဗျာ။
ရတနာမြတ်သုံးပါဂုဏ်ကျေးဇူး မိဘခြေရာလေးအမြဲဆောင်ထားတဲ့ ယုံကြည်မှု့နဲ့မေမေကိုရိုသေလို့ပါ။
မေမေ့ကိုယ်တန်ဖိုးထားပြီး ညတိုင်းနေ့တိုင်းမေမေ့မကန်တော့ဘဲ မအိပ်တဲ့အကျိုးကျေးဇူးများနဲ့ အလုပ်သွားအလုပ်ပြန် အမြဲကန်တော့တဲ့ကျေးဇူးများပါ။
ယောင်ရင်တောင်မေမေ နေကောင်းလားနေကောင်းလားလို့ အမြဲယောင်တတ်တယ်စိတ်က မိဘမှမိဘပါဘဲခင်ဗျာနောက်ပြီး
ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ အကျိုးကျေးဇူးတွေနဲ ခြေနှစ်ခြောက်ဖြတ်ပြစ်ရမဲ့ဘဝကနေ လွတ်ကင်းသွားခဲ့ပါတယ်
အဲ့ဒီအခြေနေတုန်းကကျွန်တော့ဘဝ ခုလိုအခြေနေမျိုးနဲ့နေရဖို့ အိမ်မက်တောင်မမက်ဘူးပါဘူးဗျာ။
မိဘရိုသေကြပါမိဘကန်တော့ပြီးမှ အိပ်ကြပါမိဘသက်ရှိထင်ရှားရှိတုန်း စိတ်ချမ်းသာအောင်ထားပါလို့ ကျူံ တုန်းအထူးမေတ္တာရပ်ခံပါတယ်။
နှောင်မှနှောင်တမရကြပါနဲ့ခင်ဗျာ ကျွန်တော်ကျန်းမာရေး ပြန်ကောင်းလာတော့ လေဖြတ်နေတဲ့မေမေဆေးဖိုးအတွက်
ဘဝမျိုးစုံနဲ့ရှာဖွေနေရတော့ ကျွန်တော့ကိုယ်ကျွန်တော် ကရုမဆိုက်နှိင်ဘဲ အအိပ်အစားမမှန်မေမေကျန်တဲ့ ထမင်းကျန်ဟင်းကျန်ကိုယ်
လ္ဘက်အကြော်တွေနဲ့ညအချိန်မတော် မေမေဝေရာဝစ္စတွေပြီးမှစားရတော့ ပေါင်း၃၆၀ကြော်အထီဝလာခဲ့ပါတယ်
ခုအချိန်မှာမေမေသာ အသက်ပြန်ရှင်မယ်ဆိုရင်လေ ကျွန်တော့စည်းဇိမ်ဥစ္စာအားလုံးနဲ့ ပြန်ပြီးလည်းလို့ရရင် ပြန်လည်းလိုက်ချင်ပါတယ်
မဖြစ်နှိင်လို့ပြောတာမဟုတ်ရပါဘူးေ မမေမရှိ့တော့ဘာသာရေးနဲ့ ပရဟိတအလုပ်တွေဦးစားပေးပြီး လုပ်နေတာနဲ့
ကျွန်တော့ကိုယ်ကျွန်တော် သတိမထားမီပြန်ပါဘူးလွန်ခဲ့တဲ့ ၂နှစ်လောက်ကလေဖြတ်မလို့ ခဏခဏဖြစ်တော့မှချန်ပီယံ
အားကစားခန်းမပိုင်ရှင်ဆရာခိုင်စီမှာအားကစားသွားလုပ်ရပါတယ် ဆရာကလည်းစိတ်စေတနာ တအားကောင်းပါတယ်ေ ပါင်၃၆၀လူဝကြီးကနေ
ကျန်းမားရေးကောင်းပြီးပိန်ချင်အောင် စိတ်ဓါတ်ခွန်အားပေးတယ်။
မျက်နာသုတ်ပုဝါကြီးနဲ့အိပ်ထမတင် ကျွန်တော့ခန္ဓာကြီးကိုယ်မရရအောင် ကူညီပေးပါတယ် အဆီများတာရှောင်ဖို့ညစာထိမ်းစားဖို့
အမြဲသတိပေးပါတယ်တချို့က အားကစားလုပ်တာရပ်လိုက်ရင် ပိုဝလာတာမဟုတ်ပါဘူး အစား စားလို့ပြန်ဝတာပါခင်ဗျာ
နောက်မိုင်ဖုန်းဆရာတော်ကြီး၏တပည့်ဦးလေးဦးမြင့်မောင်မှ ဆရာတော်ကြီးသြဝါဒအရ နှိင်ငံတကာမှအလှကုန်းပစ္စည်းတွေနဲ့
အားဆေးတွေပိန်ဆေးတွေက ဂျင်ဆင်းရယ်ရှာဆောင်လက်ပတ် ဖွဲ့နှနဲ့မဂျစ်ဥတွေသဇင်ပန်းဥတွေကို
အခြေခံထားတာပါဖွဲ့နှဆိုတာ ဆန်ဆေးရည်ပါဘဲထမင်းချက်ဖို့ ဆန်၃ကြိမ်ဆေးတဲ့အခါ
ဒုတိယ ဆန်ဆေးတဲ့အခါရေသန့်နဲ့ဆေးပြီး ထိုဒုတိယဆန်ဆေးရည်ကို တရက်တစ်လီတာသောက်ကြည့်ပါ လို့အကျန်ဉာဏ်ပေးပါတယ်။
ဆန်ဆေးရည်ဆိုတာကလည်းရှေးကဖိုးဖွားတွေလက်ထက်ကထဲက ဆီးကျင်တာဆီအောင့်တာ အစာအိမ်နာတာ သွေးထဲမှာအဆီဓါတ်များတာ
ဆံပင်ညွတ်တာတွေအတွက် အတော်ကောင်းတာသိထားတော့ ကျွန်တော်နေ့စဉ်တရားထိုင်တယ် ချန်ပီယံမောင်မြန်မာဆရာခိုင်စီမှာ
အားကစား၁နာရီကြော်လုပ်ပါတယ် ဆန်းဆေးရေနေ့တိုင်း မျက်နာသစ်တယ်သောက်တယ် ဆန်ဆေးရည်နဲ့နံနက်တိုင်း
မျက်နာသစ်ရင်တင်းတိတ်ဝက်ခြံ မှဲ့ခြောက်နေလောင်ကွက်တွေ ပြောက်ပြီးအရွယ်တင်နှပျို စေတာအမှန်ပါ
တချို့ကဆိုကျွန်တော့ မျက်နာခွဲစိတ်ပြုပြင်ထာသလားအထင်မှာနေကြပါတယ် စိတ်နဲ့တောင်အဲ့ဒီအတွက်ပိုက်ဆံ အကုန်မခံပါဘူးခင်ဗျာ။
အဆီများတာရှောင်တယ် ညစာအသီးအနှံစားပါတယ်။ အဲ့ဒါကြောင့်၂နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီးသိသာစွာကိုယ်အလေးချိန်ကြသွားတာပါခင်ဗျာ။
စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးများနဲ့ ဆန်စပါးဖြစ်လာတော့လည်း ပိုးမထိုးအောင်အနှံမွှေးအောင်တချို့ကေ
ဆးဖြန်းတတ်သောကြောင့် ဆန်ဆေးတဲ့အခါ သေသေခြာခြာဆေးပါ။ ဒုတိယဆေးတဲ့ဆန်ဆေးရည်ကိုရေသန့်နဲ့ဆေးပါရေစစ်နဲ့ပြန်စစ်ပါ။
ပြီးမှနောက်နေ့မကူးဘဲ တနေ့ချင်းကုန်အောင်တလီတာ သောက်ပါမျက်နာသစ်ပါ မျက်နာသစ်တဲ့နေရာမှာမည်သည့် မျက်နာသစ်ဆေးမှမသုံးဘဲ
ရေခြောက်သွေ့အောင်ထားပါပြီးမှမီမီနှစ်သက်ရာမျက်နာသစ် ဆပ်ပြာနဲ့ရေဆေးကြောပါလို့ အကျန်ဉာဏ်ပေးချင်ပါတယ်။
ဆန်ဆေးရည်သောက်တာက အသားရေကျစ်ပြီးအမောခံနှိင်တာပါ။ အားကစားလုပ်တာနဲ့အစား အစား ထိမ်းစားမှညနေန၅နာရီနောက်ပိုင်း အသီးနှံဘဲစားလို့ပိန်တာပါခင်ဗျာ။
(ကျွန်တော်ပေါင် ၃၆၀ လူဝကြီးကနေပေါင်၁၆၀ကြော်အထိ ဝိတ်ကျလာရခြင်းခဏခဏမေးကြလို့
ဒီpostပြန်ပြန်ရေးရတာလည်း ၁၀ကြိမ်မကတော့ပါဘူးခင်ဗျာ။ ဖတ်ပြီးသားfriendတွေလည်း သည်းခံပေးပါလို့)