ၾကားသိရသမွ်

ပိုက္ဆံရွာရာတြင္ ဝင္ေငြတခုထဲေပၚ မရပ္တည္သင့္တဲ့ အေၾကာင္းအရင္း

ပိုက်ဆံရှာရာတွင် ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာ မရပ်တည်ပါနဲ့

အခြားဒုတိယဝင်ငွေဝင်နိုင်အောင် ရင်းနှီးထားပါ။ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုထဲကို ခြေစုံပစ်ရပ်တည်နေရင် အဲ့ဒိဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင် မိ လက်မကိုင်မိ ဖြစ်ရတတ်ပါတယ်။

ဘဝမှာလည်းအားလုံး ဗြောင်းဆန်သွားတတ်ပါတယ်။ ဒါ့ကြောင့်ဒုတိယဝင်ငွေရနိုင်မယ့် နည်းလမ်းကို အမြဲရှာထားပါ။

ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာ လိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရ တတ်တယ်။တစ်ချို့တွေက လူသာ မချမ်းသာတာပါ။

ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူများလုပ်တာ လိုက်လုပ်ချင်တယ်။

ဒါပေမယ့် သူများလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့ အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။

ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာကို သုံးပါ။သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။

ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။ စုဆိုတာကလည်း တစ်သက်လုံးစုဘူးထဲမှာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။

သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကိုမြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။ စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။

စွန့်စားရာတွင် ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။

ရင်းနီးရာတွင် ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့။အရင်းအနှီးလုပ်ပြီဆိုရင်လည်း ရှိသမျှ ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။

လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။

မျှော်လင့်ရာတွင် ရိုးသားခြင်းဆို တာ ရှားပါးစျေးကြီးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။

ရိုးသားမှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။

-Warren Buffet

Crd

Zawgyi

ပိုက္ဆံရွာရာတြင္ ဘယ္ေတာ့မွ ဝင္ေငြတစ္ခုတည္းေပၚမွာ မရပ္တည္ပါနဲ႔

အျခားဒုတိယဝင္ေငြဝင္ႏိုင္ေအာင္ ရင္းႏွီးထားပါ။ လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုထဲကို ေျခစုံပစ္ရပ္တည္ေနရင္ အဲ့ဒိဝင္ေငြရပ္တန႔္သြားတဲ့ေန႔ ေျခမကိုင္ မိ လက္မကိုင္မိ ျဖစ္ရတတ္ပါတယ္။

ဘဝမွာလည္းအားလုံး ေျဗာင္းဆန္သြားတတ္ပါတယ္။ ဒါ့ေၾကာင့္ဒုတိယဝင္ေငြရႏိုင္မယ့္ နည္းလမ္းကို အၿမဲရွာထားပါ။

ပိုက္ဆံသုံးရာတြင္ သင့္မွာမလိုအပ္တဲ့ပစၥည္းေတြဝယ္ပါမ်ားရင္ သင့္မွာ လိုအပ္တဲ့ ပစၥည္းေတြ စြန႔္လႊတ္ရ တတ္တယ္။တစ္ခ်ိဳ႕ေတြက လူသာ မခ်မ္းသာတာပါ။

ကိုင္တဲ့အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြပါခ်ည္းပဲ။ ေရရွည္ကိုမၾကည့္ပဲ ေရတိုပဲ ၾကည့္တတ္တဲ့သူမ်ိဳးေတြပါ။ သူမ်ားလုပ္တာ လိုက္လုပ္ခ်င္တယ္။

ဒါေပမယ့္ သူမ်ားလို သူမခ်မ္းသာေသးဘူးဆိုတာကို ေမ့ေနတတ္ၾကပါတယ္။ကိုယ္ကမခ်မ္းသာေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႔iPhone ၿပိဳင္ကိုင္တန္း သြားမကစားပါနဲ႔။ သင္ပဲရႈံးသြားပါလိမ့္မယ္။ မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့ အခါ သုံးစရာမရွိျဖစ္တတ္ပါတယ္။

ပိုက္ဆံစုရာတြင္ သုံးၿပီးလို႔ ပိုတာကိုမစုပါနဲ႔။ စုၿပီးလို႔ ပိုတာကို သုံးပါ။သုံးၿပီးလို႔ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔ မလြယ္ေလာက္ပါဘူး။

ပိုက္ဆံဝင္လာရင္ အရင္ဆုံးသင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။ၿပီးမွ ပိုတာကိုသုံးပါ။ စုဆိုတာကလည္း တစ္သက္လုံးစုဘူးထဲမွာ အဲ့ဒိပိုက္ဆံကို ထားဖို႔ေျပာတာမဟုတ္ပါဘူး။

သင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။ သင့္ရဲ႕ တန္ဖိုးျမင့္ဖို႔ သင့္အရည္အခ်င္းေတြကိုျမႇင့္တင္ရပါမယ္။ အဲ့ဒိလိုလုပ္ဖို႔သင္တန္းေတြတက္ရပါမယ္။ စာအုပ္ေတြဖတ္ရပါမယ္။ အဲ့ဒိအတြက္ သင့္မွာပိုက္ဆံလိုပါတယ္။ အဲ့ဒိစုေငြေတြကို သုံးႏိုင္ပါတယ္။

စြန႔္စားရာတြင္ ေရအတိမ္အနက္ကို ေျခ၂ေခ်ာင္းလုံးခ်ၿပီး မစမ္းပါနဲ႔။မစြန႔္စားနဲ႔လိုေျပာတ မဟုတ္ပါဘူး။ မစြန႔္စားပဲနဲ႔လည္းမေအာင္ျမင္ႏိုင္ပါဘူး။ ဒါေပမယ့္ စြန႔္စားရာမွာေတာ့ပါးနပ္ဖို႔လိုပါတယ္။ အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကို ရွိသမွ်ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳးမလုပ္ပါနဲ႔။

ရင္းနီးရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့မွျခင္းတစ္ခုထဲစုၿပဳံမထည့္ထားပါနဲ႔။အရင္းအႏွီးလုပ္ၿပီဆိုရင္လည္း ရွိသမွ် ပိုက္ဆံေတြအားလုံးကို တစ္ေနရာထဲ စုၿပဳံ မရင္းႏွီးပါနဲ႔။

လုပ္ငန္းဆိုတာ ျမတ္ႏိုင္သလို ရႈံးလည္း ရႈံးႏိုင္ပါတယ္။ အားလုံးကို တစ္ေနရာတည္း စုၿပဳံရင္းႏွီးထားရင္ ရႈံးတဲ့အခါ တစ္ျပားမွ မက်န္ျဖစ္သြားပါလိမ့္မယ္။

ေမွ်ာ္လင့္ရာတြင္ ႐ိုးသားျခင္းဆို တာ ရွားပါးေစ်းႀကီးတဲ့ လက္ေဆာင္မြန္တစ္ခုပါ။ ဒါ့ေၾကာင့္ ခပ္ေပါေပါလူေတြဆီက မေမွ်ာ္လင့္ပါနဲ႔။သင္႐ိုးသားသလို လူတိုင္း႐ိုသားမယ္လို႔ဘယ္ေတာ့မွအေသအခ်ာ တြက္မထားပါနဲ႔။

႐ိုးသားမႈဆိုတာ ဒီေခတ္ထဲမွာ ေတာ္ေတာ္ကိုရွားပါးတဲ့ အရာပါ။ ဒါ့ေၾကာင့္ ႐ူး႐ူးမိုက္မိုက္နဲ႔ ဒီတန္ဖိုးႀကီးပစၥည္းကို လူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႔။

-Warren Buffet

Crd

Leave a Reply

Your email address will not be published. Required fields are marked *