ယောက်ျားလေးတွေ ဆိုတာ သူငယ်ချင်းပဲ ဖြစ်စေ ချစ်သူပဲ ဖြစ်စေ၊ မကောင်းတာချည်းပဲတော့ မဟုတ်ပါဘူး။ သင့်ကို တစ်ခါတစ်ရံ ပျော်ရွှင်စေနိုင်သလို အားကိုးရတဲ့ သူတွေလည်း ဖြစ်နိုင်ပါတယ်
ဒါပေမယ့် တချို့မိန်းကလေးတွေ ကတော့ သူတို့ရဲ့ ချစ်သူကောင်လေးေ တွအပေါ်မှာ အသည်းနှလုံး တစ်ခုလုံး ပုံအပ်မိ လိုက်လို့ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေရတာတွေ ရှိပါတယ်
အိမ်ထောင်သည်တွေကတော့ နှစ်ယောက် တစ်ဘဝ ထူထောင်ထားလို့ အပူဆိုတာ တန်သလောက် ရှိကြပေမယ့် လွတ်လပ်နေသေးတဲ့ အမျိုးသမီးလေးတွေကတော့ ချစ်သူယောက်ျားတွေ အတွက် အပူသည်လို ဖြစ်မနေသင့်ဘူးလို့ အကြံပေးပါရစေ
ဒါကြောင့် ဘဝမှာ ယောက်ျားတွေ၊ အချစ်တွေထက် အရေးကြီးတဲ့ အရာတွေ အကြောင်း ကို ပြောပြပေးလိုက်ပါတယ်နော်
၁- ကိုယ့်ရဲ့ ပစ္စုပ္ပန် – လက်ရှိပစ္စုပ္ပန်ဆိုတာ ကိုယ့်မှာ ရှိသမျှ အကုန်လို့တောင် ပြောလို့ရပါတယ်။ အနာဂတ်မှာ ဘာဖြစ်သွားနိုင်မှန်း ဘယ်သူမှ မသိနိုင်တာကြောင့် လက်ရှိအချိန်မှာ ပျော်အောင် နေဖို့က အရေးကြီးဆုံးပါ
သင့်ဘေးပတ်ဝန်းကျင်မှာ သင့်ကို ချစ်သူခင်သူတွေ ဆိုတာလည်း အများကြီး ရှိလို့နေပါတယ်
မြင်နေရသမျှ စိတ်ရွှင်လန်းစရာ အသေးအဖွဲလေးတွေရယ်ကို သင်အာရုံစိုက် တန်ဖိုးထားနေ သင့်ပါတယ်။ အချစ်အတွက်ရယ်ပဲ အာရုံတွေ အကုန် ပုံမထားသင့်ပါဘူး
၂- ကိုယ့်မိသားစု – သင်မသိလို့ပါ။ သင့်မိသားစုဝင်တွေက သင့်ကို တစ်လောကလုံးထက် ပိုချစ်နိုင်ကြသူတွေပါ။ သွေးက ရေထက် ပျစ်တယ်လေနော်
အနာဂတ်ဆိုတာ မသေချာလို့ နောက်သူတို့ မရှိတော့မှ နောင်တရ မနေရအောင် မိသားစုဝင်တွေ ရှိနေတုန်း သူတို့နဲ့ အခိုက်အတန့်တိုင်းကို တန်ဖိုးထားသင့်ပါတယ် …
၃- အချစ်ရဆုံးသူငယ်ချင်းတွေ – သူငယ်ချင်းဆိုတာ ဘဝမှာ အရေးပါတဲ့ အကြောင်းပြချက်တွေနဲ့ တည်ရှိနေသူတွေပါ။ သင်လည်း သူတို့ကို လိုအပ်သလို၊ သူတို့လည်း သင့်ကို လိုအပ်ပါတယ်
တစ်ခါတစ်ရံ သင့် မိသားစုထက်တောင် သူတို့ သင့်အကြောင်းကို သိနေတတ်ပါသေးတယ်။ အဲ့ဒါကြောင့် အချစ်ကိုပဲ အာရုံစိုက်မနေပါနဲ့။ သူငယ်ချင်းတွေကိုလည်း သတိရသင့်ပါတယ်နော်
၎- ကိုယ့်ကျန်းမာရေး – ကျန်းမာမှ ဘဝရဲ့ စည်းစိမ်တွေ ခံစားနိုင်မှာလေ။ အစားကောင်းတွေ စား၊ အားကစားတွေ ပုံမှန်လုပ်ရင် ခေါင်းထဲမှာ စိတ်ညစ်စရာ တွေးဖို့အချိန်တောင် ရှိမှာ မဟုတ်ပါဘူး
ယောက်ျားလေးတွေ အချစ်တွေကြောင့် ခံစားနေရမယ့်အစား ကိုယ့်ကျန်းမာရေးအတွက် အကျိုးရှိအောင် ဂရုတစိုက် နေထိုင်လိုက်ရင် အကျိုးပိုပြီး ရှိသွားမှာပါ
၅- ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေ – လူတိုင်းမှာ စိတ်ဝင်စားမှု၊ ဝါသနာတွေ ရှိကြပါတယ်။ အနုပညာလား၊ အားကစားလား၊ အချက်အပြုတ်လား၊ စာဖတ်စာရေးတာလား၊ ဂိမ်းလား
ဘယ်ဝါသနာကိုမဆို တစိုက်မတ်မတ် အာရုံစိုက်ပြီး ထူးချွန်အောင် လုပ်နိုင်ရင် မပေါက်မြောက်ဘူးဆိုတာ မရှိပါဘူး …
ဒါကြောင့် သင့်ကို ပျော်ရွှင်စေတဲ့ ဝါသနာတွေအတွက်လည်း အချိန်ပေးပါ …
၆- ကိုယ့်ကိုယ်ကို သိဖို့ – တခြားလူနဲ့ မတွဲခင်၊ တခြားလူက ကိုယ့်ကို ပျော်ရွှင်စေဖို့ မမျှော်လင့်ခင်၊ ကိုယ့်စိတ်ကိုယ် နားလည်းပြီး ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင် နေတတ်ဖို့က အရေးအကြီးဆုံးပါပဲ …
၇- ကိုယ့်အနာဂတ် – သင့်ဘဝက ဘယ်လောက်တောင် စိတ်လှုပ်ရှားဖို့ ကောင်းလဲဆိုတာ စဉ်းစားကြည့်ဖူးလား
သင်ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းတွေ ရှိနေတယ်။ တခြားနိုင်ငံ၊ တခြားမြို့တွေမှာ သွားပြီး ရှင်သန် နေထိုင်နိုင်သေးပါတယ် …
ကိုယ်ပိုင် လုပ်ငန်းတွေ လုပ်ဦးမလား။ ကိုယ့်ရည်မှန်းချက်ကို ဘယ်လိုပြည့်မြောက်အောင် လုပ်နိုင်မလဲ ဆိုတာလည်း အာရုံစိုက်ထား သင့်ပါတယ်နော် crd