လူငယ်တွေရဲ့ အနာဂတ်
မာရှယ်လောကလဲရှိ မိုးတွေကလဲရွာနေဆိုတော့ အတော်ခက်ခဲကြမှာပဲ စာမေးပွဲက JLPT လက်မှတ်တစ်ခုပဲ အရေးပါတာမဟုတ်ပါဘူး
တစ်နှစ်ကျော်အတွင်း စုတ်ပြတ်သတ်သွားတဲ့
လူငယ်တွေရဲ့ အနာဂတ်
ခုမနက် 2:47 Am ရန်ကုန် JLPT ဖောင်ဝယ်ဖို့ အခြေနေတဲ့ ?
မာရှယ်လောကလဲရှိ မိုးတွေကလဲရွာေနဆိုတော့ အတော်ခက်ခဲကြမှာပဲ စာမေးပွဲက JLPT လက်မှတ်တစ်ခုပဲ အရေးပါတာမဟုတ်ပါဘူး
Net Test တို့ Top J တို့ ဆိုလဲ နေရာတော်တော်များများမှာ အသိမှတ်ပြုပါတယ်
အဲ့လောက်ကြီး ပင်ပန်းခံနေရတာတွေ မြင်ရတော့ ရင်ထဲမကောင်းဘူး ?
တန်းစီတဲ့သူ များလွန်းလို့ JLPT လျှောက်လွှာရောင်းချမှုကို ရပ်ဆိုင်းလိုက်ရ
သြဂုတ်လ၅ရက် ခုမနက် ရန်ကုန်မှာ JLPT ဖောင်ဝယ်ဖို့ လူအုပ်ကြီး ပြေးသွားနေတာတွေ့ရပါတယ်။ မာရှယ်လောကလဲရှိ မိုးတွေကလဲရွာနေတာဆိုတော့ အတော်ခက်ခဲကြမယ့် သဘောရှိပါတယ်။
ဒါပေမယ့် မနက်၅နာရီအချိန်မှာတောင် တန်းစီတဲ့သူက ခန့်မှန်းခြေ ၅၀၀၀(ငါးထောင်)ခန့်ရှိနေတဲ့ အတွက် LPT 2022 December ရန်ကုန်စာဖြေဌာန လျှောက်လွှာရောင်းချခြင်းကို
ရပ်ဆိုင်းလိုက်တယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ၊မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)က ကြေညာချက် ထုတ်ပြန်လိုက်တာ တွေ့ရပါတယ်။
လျှောက်လွှာတွေကို လူကိုယ်တိုင် ရောင်းပေးမယ့်အစား Online စနစ်နဲ့ သာ လက်ခံသွားတော့မယ်လို့ လည်း သိရပါတယ်။