” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”
Ganabia ##crd
Unicode
ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်မှာဖြစ်သည် … (ဖြစ်မှ ဖြစ်ရလေ အန်တီရယ်)
ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်…
ရန်ကုန်-ပြည်- မန္တလေး Express ကားပေါ်တွင်ဖြစ်သည်…
ကားပေါ်ရောက်ရင်အိပ်တတ်တာကြောင့်အသက် (၅၀) ဝင်းကျင်ခန့်အဒေါ်ကြီးတယောက်မှ
ယဉ်မောင်းအားကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်…
” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင်အဒေါ့်ကိုပြောပါကွယ်”
” ဟုတ်ကဲ့ ဂျီးဒေါ်ရေ”
ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနဲငယ်အကြာတွင်တော့
အဒေါ်ကြီးအသံဟိန်းထွက်လာသည်…” ကားဆရာရေ အုတ်ဖိုတာဆုံရောက်ပြီလားကွဲ့”
ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကြလေသည် …အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန်သွားတာကိုး …
အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်းအပြစ်တင်ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ
” ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်နောက်ကိုပြန်မောင်းပေးပါ့မယ် ဂျီးဒေါ်ရေ”
ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့်နောက်ကြောင်းပြန်လှည့်မောင်းခဲ့ရလေသည်…
” ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံရောက်ပါပြီဗျ ဆင်းလို့ရပါပြီ”
” အို ဆင်းမလို့မဟုတ်ပါဘူးငါ့တူရယ်ကားစထွက်တော့သမီးကမှာလိုက်လို့ပါ အုတ်ဖိုတာဆုံရောက်ရင်
နောက်ထပ်ဆေးတခွက်ထပ်သောက်ဖို့မမေ့နဲ့ဆိုလို့ပါကွယ်”
ရယ်မောခြင်းဖြင့် ဘဝအမောတွေပြေပါစေ…