ျပည္တြင္းသတင္း

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်း ထောင် ၃ နှစ် ချခံရ

ဩဂုတ္လ ၄ ရက္ေန႔ ။

စစ္ေကာင္စီ၏ ဖမ္းဆီးျခင္းခံထားရသည့္ အဆိုေတာ္ အီတိုးကို ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅ (က) ျဖင့္ အင္းစိန္ေထာင္တြင္းတရား႐ုံးက ယေန႔ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

“ဟုတ္ပါတယ္။ အီတိုးကို ၃ ႏွစ္ ခ်မွတ္လိုက္တာပါ။ ၅၀၅ (က) နဲ႔ပါ” ဟု နီးစပ္ရာအသိုင္းအဝိုင္းက အတည္ျပဳသည္။

ႏိုင္ငံေက်ာ္အဆိုေတာ္ ေဇာ္ဝင္းထြဋ္၏ သားျဖစ္သူ အဆိုေတာ္ အီတိုးကို စစ္ေကာင္စီ တပ္ဖြဲ႕ဝင္မ်ားက ၿပီးခဲ့သည့္ ၂၀၂၁ စက္တင္ဘာ ၈ ရက္ ညပိုင္းက မရမ္းကုန္းၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ဝင္ေရာက္ ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

အဆိုေတာ္ အီတိုး အပါအဝင္ အမ်ိဳးသား ၅ ဦး၊ အမ်ိဳးသမီး ၁ ဦး စုစုေပါင္း ၆ ဦးအား ေဖာက္ခြဲေရးကိစၥမ်ားတြင္ ပါဝင္ၿပီး လက္လုပ္မိုင္းေတြ႕ရွိမႈႏွင့္ ပတ္သက္သည္ဟုဆိုကာ ဖမ္းဆီးခဲ့ေၾကာင္း ထိုစဥ္က စစ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့သည္။

သို႔ေသာ္ အဆိုေတာ္အီတိုးႏွင့္ အတူေတြ႕ရွိသည့္ လက္နက္မ်ားမွာ ၎၏ ပစၥည္းမ်ား မဟုတ္ဘဲ ပစၥည္းပိုင္ရွင္ ေပၚေပါက္ခဲ့ျခင္းေၾကာင့္ ပုဒ္မ ၅၀၅ (က) ျဖင့္သာ တရားစြဲဆိုခံရျခင္း ျဖစ္ေၾကာင္း သိရွိရပါသည္။

Unicode
စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့်း ထောင် ၃ နှစ် ချခံရ

ဩဂုတ်လ ၄ ရက်နေ့ ။

စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် အဆိုတော် အီတိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင်းတရားရုံးက ယနေ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ အီတိုးကို ၃ နှစ် ချမှတ်လိုက်တာပါ။ ၅၀၅ (က) နဲ့ပါ” ဟု နီးစပ်ရာအသိုင်းအဝိုင်းက အတည်ပြုသည်။

နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်၏ သားဖြစ်သူ အဆိုတော် အီတိုးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာ ၈ ရက် ညပိုင်းက မရမ်းကုန်းမြို့နယ်ရှိ နေအိမ်တွင် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

အဆိုတော် အီတိုး အပါအဝင် အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၆ ဦးအား ဖောက်ခွဲရေးကိစ္စများတွင် ပါဝင်ပြီး လက်လုပ်မိုင်းတွေ့ရှိမှုနှင့် ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း ထိုစဉ်က စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အဆိုတော်အီတိုးနှင့် အတူတွေ့ရှိသည့် လက်နက်များမှာ ၎င်း၏ ပစ္စည်းများ မဟုတ်ဘဲ ပစ္စည်းပိုင်ရှင် ပေါ်ပေါက်ခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့်သာ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *