ၾကားသိရသမွ်

မန္တလေး ရှမ်းကလေးကျွန်းမှာ ပြည်သူကို လက်နက်ပြ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ဗုံးခွဲခံရပြီး

MFP ၊ ဩဂုတ် – ၄

မန္တလေးတိုင်း အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်း ရှမ်းကလေးကျွန်းအနီး စစ်အုပ်စုငွေညှစ်တဲ့နေရာမှာ ဒီမနက် (၉)နာရီခွဲလောက်က မိုင်းပေါက်ကွဲပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ MFP ရဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကိုင်း-မန္တလေးလမ်း လမ်းလယ်ကျွန်းမှာ ကုန်တင်ယာဉ်နဲ့ လူစီးယာဉ်တွေကို စစ်အုပ်စုလက်အောက်ခံ ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့က စစ်ဆေးနေချိန် ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အဲဒီကော်မတီအကူ မောင်ကိုကိုအောင်(၂၂ နှစ်)ဟာ ခါးမှာ မိုင်းစထိမှန်ဒဏ်ရာ၊ ကော်မတီစာရေး ဦးညွှန့်ဝင်း (၅၆ နှစ်)ဟာ ညာဘက်ပါးပြင်နဲ့ လက်ဖျံတို့မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုဟာ အချိန်ကိုက်မိုင်းနဲ့ အကြီးစားဖောက်ခွဲမှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မန္တလေး ရှမ်းကလေးကျွန်းမှာ ပြည်သူကို လက်နက်ပြ ဖမ်းဆီးငွေညှစ်နေတဲ့ စစ်အုပ်စု ဗုံးခွဲခံရပြီး နှစ်ယောက် ဒဏ်ရာရ

MFP ၊ ဩဂုတ် – ၄

မန္တလေးတိုင်း အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်း ရှမ်းကလေးကျွန်းအနီး စစ်အုပ်စုငွေညှစ်တဲ့နေရာမှာ ဒီမနက် (၉)နာရီခွဲလောက်က မိုင်းပေါက်ကွဲပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ MFP ရဲ့သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

စစ်ကိုင်း-မန္တလေးလမ်း လမ်းလယ်ကျွန်းမှာ ကုန်တင်ယာဉ်နဲ့ လူစီးယာဉ်တွေကို စစ်အုပ်စုလက်အောက်ခံ ယာဉ်လုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့က စစ်ဆေးနေချိန် ပေါက်ကွဲမှုဖြစ်ပွါးခဲ့တာလို့ ဆိုပါတယ်။

ပေါက်ကွဲမှုကြောင့် အဲဒီကော်မတီအကူ မောင်ကိုကိုအောင်(၂၂ နှစ်)ဟာ ခါးမှာ မိုင်းစထိမှန်ဒဏ်ရာ၊ ကော်မတီစာရေး ဦးညွှန့်ဝင်း (၅၆ နှစ်)ဟာ ညာဘက်ပါးပြင်နဲ့ လက်ဖျံတို့မှာ မိုင်းစထိမှန်ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

အဲဒီပေါက်ကွဲမှုဟာ အချိန်ကိုက်မိုင်းနဲ့ အကြီးစားဖောက်ခွဲမှုလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ မန္တလေးအခြေစိုက် ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ No More Dictatorship က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *