စစ်သားကို ၇ တန်းကျောင်းသားက ဓားဖြင့်ထိုး
ပဲခူးတိုင်းတိုင်း အနောက်ဘက်ခြမ်း၊ ပြည်ခရိုင်၊ မှော်ဇာကျေးရွာအုပ်စုရှိ အထက်တန်းကျောင်းတွင် လုံခြုံ ရေးယူထားသည့် စစ်ကောင်စီတပ်သားကို ၇ တန်းကျောင်းသားတစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေးရာ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။
မှော်ဇော်ကျေးရွာအုပ်စု၊ အ.ထ.က ခွဲမှော်ဇာတွင် လုံခြုံရေးယူထားသော ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေးစက်ရုံ (က.ပ.စ ၅) တပ်မှ တပ်သားအောင်မြင့်မြတ်ဆိုသူ ဓားဖြင့်အထိုးခံရခြင်းဖြစ်သည်။ စစ်သားကို ဓားဖြင့်ထိုးသည့် ၇ တန်းကျောင်းသားကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ်ရာ ထိမှန်ပြီး ဖမ်းဆီးခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဓားနဲ့ထိုးခံရတဲ့ စစ်သားက လက်မောင်းထိသွားတယ်။ ဓားနဲ့ ထိုးတဲ့ ကလေးကတော့ ရှပ်ထိပြီး ပြည်ဆေးရုံ ကြီးကို သယ်သွားတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ကျောင်းသား၊ ကျောင်းသူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး ကျည်ဆံထိမှန်ထားသူ ၇ တန်းကျောင်းသားမှာ သေဆုံးခြင်း ရှိမရှိကို အတည် မပြုနိုင်သေးပေ။
စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ၂၁၄၅ ဦးထိ ရှိနေပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူ ၁၁၈၆၅ ဦးထိ ရှိနေပြီးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ယမန်နေ့ (ဩဂုတ် ၂) က ထုတ်ပြန်ထားသည်။
သတင်း – ကိုချို/ Myanmar Now