Rain (For Ialinks)
Unicode
ခင်ပွန်းသစ်နဲ့အတူ ရောဂါသည်ခင်ပွန်းဟောင်းကို အိမ်ပေါ်ခေါ်တင်ကာ ငြိုငြင်ခြင်းမရှိ ပြုစုစောင့်ရှောက်ပေးခဲ့သော အမျိုးသမီး
ဇနီးမောင်နှံနှစ်ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် ကွာရှင်းပြတ်စဲကြရာတွင် များသောအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ဝေးကွာစိမ်းကားကုန်ကြပြီး ခေါ်ပြောနှုတ်ဆက်ဖို့ပင်မလွယ်ကြတော့ပေ။
သို့ပေမယ့် ဗီယက်နမ်နိုင်ငံမှ ဇနီးသည်တစ်ဦးသည် ဦးနှောက်အာရုံကြောရောဂါကြောင့် အိပ်ရာထဲလှဲနေရသော ခင်ပွန်းဖြစ်သူကို ပြုစုစောင့်ရှောက်ပေးခဲ့ရာ အချိန်ကြာလာသည်နှင့်အမျှ ခင်ပွန်းသည်က ဇနီးအားသနားလာပြီး နောက်အိမ်ထောင်သစ်ထူထောင်ကာ သူမဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းစေလို၍ ကွာရှင်းခိုင်းခဲ့သည်။
ဇနီးဖြစ်သူသည် ကွာရှင်းပြတ်စဲပြီးသည့် ခင်ပွန်းဟောင်းကို အိမ်ပေါ်ခေါ်တင်ကာ ခင်ပွန်းသစ်ရဲ့ သဘောတူညီမှုနဲ့ ဆေးကုပေးရင်း ဝတ်ကြီးဝတ်ငယ် ပြုစုပေးခဲ့ရာ ခင်ပွန်းသစ်ကလည်း သူ့ရဲ့အစ်ကိုကြီးအဖြစ်သဘောထားကာ ငြိုငြင်ခြင်း၊သဝန်တိုခြင်းတွေမရှိပဲ သူပါကျွေးမွေးပြုစုပေးခဲ့သေးသည်။
Rain (For Ialinks)