မိုးလေ၀သ

၂၀၂၂ သြဂုတ်လ ၃ရက်နေ့မှ ၁၂ရက်နေ့အတွင်း မုတ်သုန်လေအားအလွန်ကောင်းလာပြီး ရွာသွန်းမြဲထက်၂ဆ ပိုမိုရွာသွန်းနိုင်သည့်ဒေသများ⛈













03/08/2022 ?⛈⛈⛈⛈ ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာမုတ်သုန်လေအားအလွန်ကောင်းလာနေပါတယ် တနင်္သာရီ တိုင်းမွန်ပြည်နယ်

ကရင်ပြည်နယ် ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးများရွာသွန်းနိုင်ပါတယ် ISSUED TIME 03/08/2022 AT 8:30AM

ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကို မိုးများစွာရွာသွန်းစေနိုင်တဲ့လေတွေစီးနေပါတယ် ????????? ISSUED TIME 03/08/2022 AT 8:08AM

နောက် ၂၄နာရီအတွင်း မြို့ကြီး ရွာငံ မိုးကြီးနိုင်ပါတယ်၊ နောင်ချို ဂုတ်တွင်း ကျောက်မဲ သီပေါ လားရှိုး နောက် ၂၄နာရီအတွင်း မိုးကြီးနိုင်ပါတယ် ???

ကုတ် မိုးမိတ် လေမိုးလျှပ်စီးမိုးကြိုးမိုးနှင့် မိုးသည်းထန်စွာရွာသွန်းနိုင်သဖြင့် တောင်ပြိုခြင်း သစ်ပင်များလှဲနိုင်ခြင်း အန္တရာယ်များရှိပါတယ်သတိပြုကြပါ ဘေးကင်းကြပါစေ

ရခိုင်ပြည်နယ်မိုး ??? သာလီစွပါအမျိုးတို့ရေ ၂၀၂၂ သြဂုတ်လ ၈ရက်နေ့မှ ၁ဝရက်နေ့အတွင်း ရခိုင်ပြည်နယ်တစ်ခုလုံးမှာ မိုးများစွာရွာသွန်းနိုင်ပြီး ၉ရက်နေ့မှာ မိုးကြီးရေလျှံနိုင်ပါတယ် ဘင်္ဂလားပင်လယ်အော်မှာ လှိုင်းကြီးနိုင်ပြီး

ကမ်းနီး ၁၂ပေ မှ ကမ်းဝေး၁၈ပေအထိရှိနိုင်ပါတယ် မိုးသက်လေးပြင်းကျရောက်စဉ် တစ်နာရီ ၂၄ မိုင် မှ လေပြင်းတိုက်ချိန် ဆောက်တိုက်လေ ၃၆ မိုင်အထိတိုက်ခတ်နိုင်ပါတယ် ရခိုင်ပြည်နယ် မိုးခေါင်နေတဲ့အခြေအနေကို အဆိုပါနေ့ရက်များတွင် မိုးခေါင်မှုရပ်တန့်သွားစေပါလိမ့်မယ်နော်

ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုန်လေအားအလွန်ကောင်းလာနေပါတယ် နောက်၂၄နာရီအတွင်း တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်ပဲခူးတိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း

ရခိုင်ပြည်နယ်တောင်ပိုင်း မကွေးတိုင်း မန္တလေးတိုင်း ရှမ်းပြည်နယ် ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး ဖားကန့် မော်လိုက် မင်းကင်း ဘုတလင် မုံရွာ မြောင်

ရေစကြို ပေါက် မြိုင် မြစ်ခြေ ပခုက္ကူ ပုဂံ ညောင်ဦး ငါ့သရောက် မြင်ခြံ ဒေသများတွင်ရွာသွန်းမြဲထက် ၂ဆ ပိုမိုရွာသွန်းနိုင်ပါတယ် သီးနှံစိုက်ပျိုးဖြစ်ထွန်းအောင်မြင်ကြပါစေ

မြန်မာနိုင်ငံရဲ့ စပါကျီ??? ဧရာဝတီတိုင်းကြီးတွင် ၂၀၂၂ သြဂုတ်လ ၂ရက်နေ့မှ ၁၂ရက်နေ့အတွင်း မိုးများစွာရွာသွန်းနိုင်ပါတယ် မွန်ပြည်နယ် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွေလည်း မိုးများရွာသွန်းနိုင်ပြီး

သြဂုတ်လ ၅ရက်နေ့မှ ၉ရက်နေ့အတွင်း မွန်ပြည်နယ် ကရင်ပြည်နယ်ပဲခူးတိုင်းတောင်ပိုင်း ရန်ကုန်တိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွေမှာ မိုးကြီးရေလျှံဖြစ်ပေါ်နိုင်သဖြင့် အထူးသတိထားပြီး အချိန်ပြည့်နီးပါး စောင့်ကြည့်ထောက်လှမ်းကာ အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားပါမယ်နော်- စုစုစံ

Leave a Reply

Your email address will not be published. Required fields are marked *