ဗေဒင်

၂၀၂၂ ခုနှစ်၊ သြဂုတ်လ အတွင်းတစ်လစာဟောစာတမ်း…

* တနဂ်နွေသားသမီးများ အတွက် *

ယခင်ဘဝကပြုခဲ့သည့်ကုသိုလ်၊ ယခုပြုလုပ်နေဆဲကုသိုလ်အားလုံးကို အကျိုးခံစားရမည့်ကာလဖြစ်သည်။ ဘုရား၊ တရား များများလုပ်ပါ။

မထင်မှတ်ပဲ ထီပေါက်ကိန်း၊ အမွေရကိန်းများရှိသည်။

မိသားစုကြောင့် စိတ်ပျော်ရွှင်ရတတ်သည်။ ဤကာလတွင် အလှူအတန်းများများလုပ်ပေးပါ။

စီးပွားရေးအထူးကောင်းမည့်ကာလဖြစ်သောကြောင့် မည်သည့်ကိစ္စမဆိုစေတနာထားပြီသာလုပ်ပေးပါ။ မွေးမြူရေးလုပ်ငန််းများ အကျိုးပေးတတ်သည်။

အိမ်ထောင်သည်များ သားသမီး ရတနာထွန်းကားတတ်သည်။ ပျိုရွယ်သူများ ချစ်ဦးသူနှင့်ဆုံစည်းကံကောင်းတတ်သည်။

မိဘ သဘောမတူမှု့များတော့ကြုံရတတ်သည်။ ကျန်းမာရေးကတော့ တုန်လှုပ်စရာ ဘေးဆိုးမြား

မမျှော်လင့်ထားသောရောဂါများဖြစ်တတ်သည်။ သို့သော်လည်းဒုက္ခတွေကြားမှ သီသီလေးလွတ်တတ်ပါသည်။

အကျိုးပေးဂဏန်း ၄ ၇ အကျိုးပေးအရောင် အပြာရောင်

* တနလ်ာသားသမီးများအတွက် *

ရပ်ဝေးမှအလုပ်အကိုင်များ ၊ ယခင်ရင်းနှီးမြှုပ်နှံထားသောလုပ်ငန်းများ စတင်အဆင်ပြေလာမည့်ကာလဖြစ်သည်။

ကာလရှည်စွာ ရင်းနှီးမြှုပ်နှံထားပြီး အဆင်မပြေသည့်လုပ်ငန်းများ အဆင်ပြေလာလိမ့်မည်။

စနနေံပါသောလုပျငနျးမြားအကြျုးပေးတတျ၍ ရွှေ၊ မြေ လုပ်ငန်းလုပ်သူများ ပို၍အဆင်ပြေလိမ့်မည်။

အလုပ်နဲ့လက်မပြတ်ပေမယ့် မကြာခဏ အကြွေးတင်နေတတ်သည်။အလုပ်ကိစ္စနှင့်ပက်သတ်၍ လက်ရှိအလုပ်မှာပဲတည်မြဲအောင်နေပါ။

အချစ်ရေးအဆင်ပြေသာယာပါလိမ့်မည်။ချစ်သူဆီကမထင်မှတ်ထားသော တန်ဖိုးကြီးလက်ဆောင်ရတတ်သည်။

မိမိထက် ဂုဏ် ၊ ရာထူးကြီးမားသောသူနှင့်ဖူးစာဆုံရတတ်သည်။ အိမ်ထောင်သည်များ ဆွေမျိုးဒုက္ခပေးမှု့ကြောင့်ပြဿနာများရင်ဆိုင်ရတတ်သည်။

ကျန်းမာရေးကတော့ ဦးနှောက် အာရုံကြောရောဂါအပါအဝင်မကြာခဏ ခေါင်းကိုက်ခြင်းများကြုံတွေ့ရတတ်သည်။

အကျိုးပေးဂဏန်း ၈ ၊၅ အကျိုးပေးအရောင် အဝါရောင်

* အဂ်ါ သားသမီးများ *

အဂ်ါ သားသမီးများအနေဖြင့် စီးပွားရေးတွင် ကြိုးစားလေ အောင်မြင်လေ တိုးတတ်လေဖြစ်သော ကာလဖြစ်ပါသည်။

မိမိကြိုးစားမှု့ကြောင့် ရည်မှန်းထားသည်များအောင်မြင်တတ်ပါသည်။

အချစ်ရေး ကိစ္စများကတော့ ပျိုရွယ်သူများ စန်းပွင့်သည့်ကာလဖြစ်သည်။ရည်းစားဟောင်းများလည်းဝင်၍ခြေရှုပ်တတ်ပါသည်။

အိမ်ထောင်သည်များ သားသမီးကောင်း ရနိုင်ပါသည်။ပြဿနာများဖြစ်ခဲ့သည်ရှိသော် မိသားစုဝင်များ ကြောင့် အဆင်ပြေတတ်သည်။

ကျန်းမာရေးကတော့ ဘယ်ဘက်လက် ညာဘက်ခြေထောက် ဂရုစိုက်ရမည်။ မိမိ လက်အောက်ငယ်သားများ၏ ကျန်းမာရေး ဂရုစိုက်ပေးပါ။

အကျိုးပေးဂဏန်း ၈/၆ အကြျိုးးပေးအရောငျ ခရမ်းရောင်

ဘုရားတွင် ပန်းသီ ၅လုံး လှူပေးခြင်းဖြင့် ကံကောငျးမှု့မြားပိုငျဆျိုငျနိုငျပါစေ။

* ဗုဒ္ဓဟူး သားသမီးများအတွက် *

အလုပ်အင်တာဗျူး၊ သင်တန်းကိစ္စများအောင်မြင်တတ်ပြီး အလုပ်မရှိသူများ အလုပ်ရတတ်သည်။ အလုပ်အကိုင်အခွင့်အလမ်းများစွာပေါ်ပေါက်တတ်သည်။

အခွင့်အရေးကိုထိထိမိမိ အသုံးချတတ်ပါစေ။ မြေကိစ္စအရောင်းအဝယ်များလည်းအောင်မြင်တတ်သည်။


အချစ်ရေးတွင် ပြျိုရှယျသူမြားစနျးပှငျ့ပြီးမမျှော်လင့်ပဲအိမ်ထောင်ကျတတ်သည်။ အိမ်ထောင်ဘက်ရွေးရာတွင် အစကောင်းပြီး နှောင်းပိုင်းဒုက္ခပေးသူနှင့်ကြုံရသောကြောင့် သတိထားရွေးချယ်သင့်ပါသည်။

အိမ်ထောင်ရေးမှာ အိမ်ထောင်ဘက်ကအလောင်းကစားလုပ်သောကြောင့်စိတ်ညစ် စိတ်ပူပန်ရတတ်သည်။ ပြဿနာများကြားဗျာများပြီး လူအများရှေ့တွင်မျက်နှာငယ်ရတတ်သည်။

ကျန်းမာရေးအခြေနေကတော့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှု့များနေတတ်သည်။ စိတ်လေ ၊ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ စိတ်ဓာတ်ကျနေတတ်သည်။

မတော်တဆမှု့ ဂရုစိုက်ရမည်။ အကျိုးပေးအရောင် အဝါရောင် အကျိုးပေးဂဏန်း ၈ ၃

ဘုရားတွင် ပေါက်ပေါက် လှူခြင်းဖြင့်ကံကောင်းမှု့များပိုင်ဆိုင်နိုင်ပါစေ။

* ကြသပတေး သားသမီးများအတွက် *

စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်သင့်သောကာလဖြစ်သည်။ ရေလုပ်ငန်းလုပ်သူများ၊ ရွှေလုပ်ငန်းလုပ်သူများ အကျိုးပေးနိုင်သည်။

မိဘ မောင်နှမများ၏ အားပေးချစ်ခင်မှု့ကိုလည်း ခံရတတ်သည်။ စာပေ၊ သစ်သီးနှင့်ဆေးအရောင်းအဝယ်များလည်း အကျိုးပေးတတ်သည်။

စိတ်ရှည်သည်းခံပါက လုပ်ငန်းပိုမိုအောင်မြင်တတ်သည်။

အိမ်ထောင်သည်များ အိမ်ထောင်ရေးအဆင်မပြေ၍ သဘောထားကွဲလွဲမှု့များကြုံရတတ်သည်။

အိမ်ထောင်ဘက်ကအိမ်မကပ်သောကြောင့် စိတ်ညစ်ရတတ်သည်။

အချစ်ရေးတွင်စန်းထနေလိမ့်မည်။ ချစ်သူနှင့်လည်း အဆင်ပြေနိုင်သည့်ကာလဖြစ်သည်။သို့သော် စကားအပြောအဆို ဆင်ခြင်ပါ။

ကျန်းမာရေး တွင် မျက်လုံးကိုအထူးဂရုပြုပါ။ အကျိုးပေးအရောင် အဖြူရောင် အကျိုးပေးဂဏန်း ၇ ၉ ယတြာ ဘုရားတွင် အုန်းညွှန့် ၇ညှှနျ့ပူဇောျပေးပါ။

* သောကြာ သားသမီးများအတွက် *

စီးပွားရေးလုပ်ငန်းများတွင် အဂ်ါနံပါသောလုပ်ငန်းများ (ဆန်၊ ဆီ ၊ ဆေး၊ ဆား၊ စက်ပစ္စည်း၊ စက်ချုပ်၊ စာချုပ်) စသည့်လုပ်ငန်းလုပ်သူများ အကျိုးပေးတတ်သောကာလဖြစ်သည်။

စီးပွားရေးအတွက် ပြည်တွင်းပြည်ပခရီးများလည်းထွက်ရတတ်သည်။

နိုင်ငံရပ်ခြားမှ အလုပ်လုပ်သူများသည် မိသားစုနှင့်ပက်သတ်ပြီး သတင်းကောင်းကြားရတတ်သည်။

ရာထူး ၊ လုပျငနျးအပွောငျးအရှှေ့ရျှိသညျ။ လုပ်ငန်းအပြောင်းအရွှေ့များလည်းအဆင်ပြေတတ်သည်။

အချစ်ရေးတွင် မကြာခဏဆိုသလိုအထင်လွဲမှု့များကြုံရတတ်သည်။ မလွတ်လပ်သောသူများနှင့်ကြုံတွေ့ရပြီးမိမိ၏ ဂုဏ်သိက္ခာများကျဆင်းတတ်သည်။

အိမ်ထောင်ရေးကတော့ မိမိ၏အိမ်ထောင်ဘက်က ခြေမငြိမ်တတ်ပါ။ သူတစ်ပါးကြောင့်ပြသနာဖြစ်တတ်သည်။မကြာခဏလည်းအငြင်းပွားရတတ်သည်။

ကျန်းမာရေးကတော့ ခါးနာခြင်း၊ ခြေထောက်၊ ဒူး၊ မျက်စိဝေဒနာဖြစ်ခြင်း ဂရုစိုက်ပေးပါ။ အကျိုးပေးဂဏန်း ၁ ၄ အကျိိုးပေးအရောင် အဝါရောင်

* စနေသားသမီးများ *

စနေသားသမီးများ အနေဖြင့် စီးပွားရေးတွင် မိမိ၏ လူယုံ လှည့်စားခြင်းခံရတတ်ပါသည်။

ကားအရောင်းအဝယ် စက်ပစ္စည်းအရောင်းအဝယ်များ အကျိုးပေးဖြစ်ထွန်းမည့်ကာလဖြစ်ပါသည်။

?အချစ်ရေးကတော့ ချစ်ပေမယ့်လည်း တကျက်ကျက်ဖြစ်နေရမယ့်အခြေနေပါ။ ပျိုရွယ်သူများ မကောင်းသတင်းလွင့်ခံရတတ်သည်။ သတိထားပါ။

အိမ်ထောင်ရေးကတော့အိမ်ထောင်ဘက် မိသားစုကြောင့် စိတ်အနှောင့်ယှက်ဖြစ်ရပါသည်။ ကျန်းမာရေး အနေဖြင့် သွေးတိုး ရောဂါရှိသူများ

ဆီးချိုရောဂါရှိသူများအနေဖြင့် ပို၍ဂရုစိုက်သင့်သည်။ ညာဘကျဦးခေါငျးဂရုဈိုကျပေးပါ။.

အကျိုးပေးဂဏန်း ဝ/၉ အကျိုးပေးအရောင် အပြာရောင် ဘုရားတွင် ငှက်ပျောသီး တစ်ဖီး လှူခြင်းဖြင့် ကံကောင်းမှု့များ ပိုင်ဆိုင်နိုင်ပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *