နယူးယောက်၊ သြဂုတ် ၃
အကြမ်းဖက်စစ်တပ်ကိုနိုင်ငံတကာကအရေးယူရေး သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့မြန်မာပြည်သူတွေ UNရုံးချုပ်ရှေ့မှာဆန္ဒပြ (ရုပ်သံ)
နယူးယောက်၊ သြဂုတ် ၃
အကြမ်းဖက် စစ်တပ်က ဒီမိုကရေစီအရေးလှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး သတ်ဖြတ်မှု အပြီး အမျိုးသမီး ၉ဦးအပါအဝင် ထပ်မံ၍ အပြစ်မဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားသူပြည်သူအယောက် (၁၀၀) ကျော်အပေါ် သေဒဏ်စီရင်ရန် မြန်မာစစ်တပ်၏ စီစဉ်နေမှုအပေါ် နိုင်ငံတကာက အရေးယူ ဆောင်ရွက်ရေး နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့ဆန္ဒပြပွဲကို ဩဂုတ်လ ၂ရက် (ဒေသစံတော်ချိန်ညနေ ၅နာရီတွင် ) NYCBC မှဦးဆောင်ကာကျင်းပခဲ့သည်။
အဆိုပါပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ကာ ပါဝင်အင်အားဖြည့်ဆန္ဒပြခဲ့သည်။
မြန်မာပြည်တွင်းတွင် မင်းအောင်လှိုင်ဦးဆောင်သော အောက်တန်းစားအကြမ်းဖက်လူယုတ်မာအဖွဲ့မှ တရားမဝင်သေဒဏ် ချမှတ်ခံထားရသူများမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင်၊ မဆောင်းလေပြေ၊ မခင်ဝင့်ကျော်မောင်၊ မစုဝေနှင်း၊ မစုမြတ်သွယ်၊ မချိုချို တို့အမျိုးသမီး (၉) ဦးအပါအဝင် နောက် အပြစ်မဲ့ နွေဦးတော်လှန်ရေးလှုပ်ရှားသူပြည်သူအယောက် (၁၀၀) ကျော်ကျန်ရှိနေသေးသည်။