ၾကားသိရသမွ်

မွန်မြတ်တဲ့ စွန့်ဦးတီထွင်လူငယ်လေးတဦးရဲ့ ဝမ်းနည်းဖွယ် အဖြစ်အပျက် (မြန်မာပြည် လူငယ်တွေရဲ့ ဘဝ မျှော်လင့်ချက် မဲ့တော့မှာလား)…

၂၀၁၅ ခုနှစ်ခန့်က လှည်းတန်းမှာ ငါးကင်ရောင်းရင်း စာကြည့်တိုက်ဖွင့်ခဲ့တဲ့ စွန့်ဦးတီထွင် လူငယ်လေး ကိုဇော်ဇော်ရဲ့ အကြောင်းကို အွန်လိုင်း အသုံးပြုသူများ မှတ်မိကြဦးမယ် ထင်ပါတယ်။

ပညာတတ်ကြီး မဟုတ်ပေမယ့် သူ့ရဲ့ ထူးခြားတဲ့ စာကြည့်တိုက် ဖွင့်ပုံဖွင့်နည်းကြောင့် လူအများအပြား အခမဲ့ စာအုပ်ဖတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွန်မြတ်လှတဲ့ ရည်ရွယ်ချက်ကြောင့် လူအများအပြားက ချီးကျူး ခဲ့ကြပြီး ဂုဏ်ပြုဆု အများအပြားလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကြီး ကံဆိုးမိုးမှောင်ကျတဲ့ အချိန်မှာ စွန့်ဦးတီထွင် လူငယ်လေး ကိုဇော်ဇော်လည်း ပါဝင်သွားခဲ့ရပါတယ်။

ကားမတော်တဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့တဲ့ ကိုဇော်ဇော်ဟာ လူမှုကွန်ယက်ကနေ အတန်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

ဒဏ်ရာကြောင့် မှတ်ဉာဏ်တချို့ မေ့လျော့သွားတဲ့ ကိုဇော်ဇော်ဟာ လက်ရှိအချိန်မှာ ပြန်လည်ကျန်းမာဖို့ ကြိုးစား အားတင်းနေရတဲ့ အချိန် ဖြစ်ပါတယ်။ သူကိုယ်တိုင် ရေးထားတဲ့ ခံစားမှု စာတချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“ကျနော့်ပျောက်နေရသော အကြောင်းအရာ များစွာရှိခဲ့၍ နားလည်ပေး၍ ခွင့်လွှတ်ပေးကြပါခင်ဗျာ ယနေ့ ယခုအချိန်ထိ ကျနော် ဆေးကုနေရပါသည်ခင်ဗျာ။

ဒါပေမဲ့ ကျွန်တော်ဆေးကုရန် အလှူငွေ မကူညီကြပါနဲ့ခင်ဗျာ။ ကျွန်တော်ထက် လိုအပ်သော မိတ်ဆွေများစွာအတွက် ကူညီပေးကြပါခင်ဗျာ။ လူငယ်တွေမှာကိုယ်ပိုင်နာမည်ရှိကြစမြဲပါ။ ကျန်းမာစွာ ကျနော်နေထိုင်လျက်ပါ။ ကျ​​နော့်အတွက် စိတ်မပူကြပါနဲ့ခင်ဗျာ။”

ကိုဇော်ဇော် ဖွင့်ထားတဲ့ ငါးကင်ဆိုင်လေးလည်း ပိတ်လိုက်ရတဲ့ အကြောင်းကို သူကိုယ်တိုင် ရေးသားထားချက်တွေကို ဆက်လက် ဖော်ပြ လိုက်ပါတယ်- အိမ်ကလူတွေကပြောတယ်. ငှါး ထားသော ဆိုင်လေး ပိတ်လိုက်ရပြီတဲ့. စပေါ်ငွေက ရှစ်သိန်းကျပ်ပြန်မရ.ခြောက်လပြည့်အောင် ဖွင့်ရင်ပြန်ရတယ်. တစ်လ ဆိုင်ခန်းခက လေးသိန်းခွဲပေးရတယ် ဆိုင်က ငါးပေလောက်ပဲရှိ၍ ဝန်ထမ်းခအတွက်နဲ့ဆို တစ်လ ရှစ်သိန်းကျော်ကုန်ကျ၍ အရှုံပေါ်သွားခဲ့တယ်။

နှစ်လဘဲဖွင့်ခဲ့တယ်. ဘယ်လောက်အရှုံးပေါ်သွားလဲ ပြောမိ သိန်းလေးဆယ်လောက်တဲ့. ငါ့ ဆေးကုပေးမဲ့ ပိုတ်ဆံ တွေ ကုန်သွားပြီပေါ့ ပြောတော့ အားမငယ်ပါနဲ့ တဲ့။ ကိုယ်ဘဝကိုယ် အားတင်းထားပါတဲ့. ငါးကင်ဆိုင်ဖွင့်ဖို့ နေရာလေးများရှိရင် ကျနော့်ပြောပေးကြပါအုံးခင်ဗျာ။

မြန်မာပြည်ကြီး အမှောင်ထဲ ကျနေတဲ့အချိန်မှာ စေတနာမွန်မြတ်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့ ကိုဇော်ဇော်တို့လို စွန့်ဦးတီထွင် လူငယ်လေးတွေ အခုလို ဒုက္ခရောက်နေတာကို မြင်ရတာ အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြန်မာပြည်မှာ တရားမျှတမှုတွေ ရှင်သန်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ ရောက်လာပါစေလို့ ဆုတောင်းရင်း…

၂၀၁၅ ခုႏွစ္ခန႔္က လွည္းတန္းမွာ ငါးကင္ေရာင္းရင္း စာၾကည့္တိုက္ဖြင့္ခဲ့တဲ့ စြန႔္ဦးတီထြင္ လူငယ္ေလး ကိုေဇာ္ေဇာ္ရဲ့ အေၾကာင္းကို အြန္လိုင္း အသုံးျပဳသူမ်ား မွတ္မိၾကဦးမယ္ ထင္ပါတယ္။

ပညာတတ္ႀကီး မဟုတ္ေပမယ့္ သူ႔ရဲ့ ထူးျခားတဲ့ စာၾကည့္တိုက္ ဖြင့္ပုံဖြင့္နည္းေၾကာင့္ လူအမ်ားအျပား အခမဲ့ စာအုပ္ဖတ္နိုင္ခဲ့တာ ျဖစ္ပါတယ္။ သူ႔ရဲ့ မြန္ျမတ္လွတဲ့ ရည္ရြယ္ခ်က္ေၾကာင့္ လူအမ်ားအျပားက ခ်ီးက်ဴး ခဲ့ၾကၿပီး ဂုဏ္ျပဳဆု အမ်ားအျပားလည္း ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ျမန္မာျပည္ႀကီး ကံဆိုးမိုးေမွာင္က်တဲ့ အခ်ိန္မွာ စြန႔္ဦးတီထြင္ လူငယ္ေလး ကိုေဇာ္ေဇာ္လည္း ပါဝင္သြားခဲ့ရပါတယ္။

ကားမေတာ္တဆမႈေၾကာင့္ ဒဏ္ရာျပင္းထန္စြာ ရခဲ့တဲ့ ကိုေဇာ္ေဇာ္ဟာ လူမႈကြန္ယက္ကေန အတန္ၾကာ ေပ်ာက္ကြယ္ေနခဲ့တာ ျဖစ္ပါတယ္။ ဒဏ္ရာေၾကာင့္ မွတ္ဉာဏ္တခ်ိဳ႕ ေမ့ေလ်ာ့သြားတဲ့ ကိုေဇာ္ေဇာ္ဟာ လက္ရွိအခ်ိန္မွာ ျပန္လည္က်န္းမာဖို႔ ႀကိဳးစား အားတင္းေနရတဲ့ အခ်ိန္ ျဖစ္ပါတယ္။ သူကိုယ္တိုင္ ေရးထားတဲ့ ခံစားမႈ စာတခ်ိဳ႕ကို ေအာက္မွာ ေဖာ္ျပလိုက္ပါတယ္-

“က်ေနာ့္ေပ်ာက္ေနရေသာ အေၾကာင္းအရာ မ်ားစြာရွိခဲ့၍ နားလည္ေပး၍ ခြင့္လႊတ္ေပးၾကပါခင္ဗ်ာ ယေန႔ ယခုအခ်ိန္ထိ က်ေနာ္ ေဆးကုေနရပါသည္ခင္ဗ်ာ။ ဒါေပမဲ့ ကၽြန္ေတာ္ေဆးကုရန္ အလႉေငြ မကူညီၾကပါနဲ႔ခင္ဗ်ာ။ ကၽြန္ေတာ္ထက္ လိုအပ္ေသာ မိတ္ေဆြမ်ားစြာအတြက္ ကူညီေပးၾကပါခင္ဗ်ာ။ လူငယ္ေတြမွာကိုယ္ပိုင္နာမည္ရွိၾကစျမဲပါ။ က်န္းမာစြာ က်ေနာ္ေနထိုင္လ်က္ပါ။ က်​​ေနာ့္အတြက္ စိတ္မပူၾကပါနဲ႔ခင္ဗ်ာ။”

ကိုေဇာ္ေဇာ္ ဖြင့္ထားတဲ့ ငါးကင္ဆိုင္ေလးလည္း ပိတ္လိုက္ရတဲ့ အေၾကာင္းကို သူကိုယ္တိုင္ ေရးသားထားခ်က္ေတြကို ဆက္လက္ ေဖာ္ၿပ လိုက္ပါတယ္- အိမ္ကလူေတြကေျပာတယ္. ငွါး ထားေသာ ဆိုင္ေလး ပိတ္လိုက္ရၿပီတဲ့. စေပၚေငြက ရွစ္သိန္းက်ပ္ျပန္မရ.ေျခာက္လျပည့္ေအာင္ ဖြင့္ရင္ျပန္ရတယ္. တစ္လ ဆိုင္ခန္းခက ေလးသိန္းခြဲေပးရတယ္ ဆိုင္က ငါးေပေလာက္ပဲရွိ၍ ဝန္ထမ္းခအတြက္နဲ႔ဆို တစ္လ ရွစ္သိန္းေက်ာ္ကုန္က်၍ အရႈံေပၚသြားခဲ့တယ္။

ႏွစ္လဘဲဖြင့္ခဲ့တယ္. ဘယ္ေလာက္အရႈံးေပၚသြားလဲ ေျပာမိ သိန္းေလးဆယ္ေလာက္တဲ့. ငါ့ ေဆးကုေပးမဲ့ ပိုတ္ဆံ ေတြ ကုန္သြားၿပီေပါ့ ေျပာေတာ့ အားမငယ္ပါနဲ႔ တဲ့။ ကိုယ္ဘဝကိုယ္ အားတင္းထားပါတဲ့. ငါးကင္ဆိုင္ဖြင့္ဖို႔ ေနရာေလးမ်ားရွိရင္ က်ေနာ့္ေျပာေပးၾကပါအုံးခင္ဗ်ာ။

ျမန္မာျပည္ႀကီး အေမွာင္ထဲ က်ေနတဲ့အခ်ိန္မွာ ေစတနာမြန္ျမတ္ၿပီး စြမ္းေဆာင္ရည္ ေကာင္းတဲ့ ကိုေဇာ္ေဇာ္တို႔လို စြန႔္ဦးတီထြင္ လူငယ္ေလးေတြ အခုလို ဒုကၡေရာက္ေနတာကို ျမင္ရတာ အလြန္ဝမ္းနည္းဖို႔ ေကာင္းပါတယ္။ ျမန္မာျပည္မွာ တရားမၽွတမႈေတြ ရွင္သန္ၿပီး ဖြံ့ၿဖိဳးတိုးတက္မႈေတြ ေရာက္လာပါေစလို႔ ဆုေတာင္းရင္း…

Leave a Reply

Your email address will not be published. Required fields are marked *