ကြားသိရသမျှ

အာဏာသိမ်းပြီးခါစကာလထက် စစ်အာဏာရှင်ဆန့်ကျင်တိုက်ခိုက်မှုများ လက်ရှိမှာပိုမိုများပြားလာကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်ဝန်ခံ ( ဘာအခုမှ ကြောက်ပါပြီလဲ …)

စစ်အသုံးအဆောင်ပစ္စည်းများ အရင်ထက်ပိုမိုပံ့ပိုးကူညီမှုတွေကြောင့် အာဏာ သိမ်းကာလအစပိုင်းထက် လက်ရှိ တာဝန်ယူခဲ့တဲ့ကာလမှာ တိုက်ခိုက်မှုတွေပိုမိုများပြားလာကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝန်ခံပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းကာလကိုနောက်ထပ်(၆)လသက်တမ်းထပ်တိုးပြီး ဒီနေ့သြဂုတ်(၁)ရက်နေ့မှာ ပြည်သူကိုမိန့်ခွန်း ပြောကြားစဉ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ “လက်ရှိခြောက်လတာကာလအတွင်း

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနယ်မြေအချို့ ကယားပြည်နယ်နဲ့ ကရင်ပြည် နယ်အချို့တို့မှာ နောက်ကွယ်က KNU၊ KIA သောင်းကျန်းသူတွေရဲ့ လူအင်အားနဲ့ လက်နက်အင်အားအပါအဝင် စစ်အသုံး အဆောင်ပစ္စည်းတွေကို ယခင်ကထက်ပိုမိုပံ့ပိုးကူညီမှုတွေကြောင့် တာဝန်ယူပြီးခဲ့တဲ့တစ်နှစ်တာ သက် တမ်းကာလနဲ့နှိုင်းယှဉ်ရင် အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖျက်စီးမှုတွေ ပိုမိုများပြားလာတဲ့အတွက် တရားဥပဒေ စိုးမိုးမှုကို အလေးထားပြီးမူလအခြေအနေအတိုင်း ပြန်လည်တည်ငြိမ်အေးချမ်းသွားဖို့

ဆက်လက်‌ ဆောင်ရွက်သွားဖို့လိုအပ်လျက်ရှိပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းမီး‌ကျောက်အချို့ဟာ KIAတို့ထုတ်လုပ်တဲ့ လက်နက်များ၊ KNUလှုပ်ရှားရာ မြန်မာထိုင်းနယ်စပ် ဒေသများက ဝင်ရောက်လာတာဖြစ်တဲ့အတွက် တရား မဝင်လက် နက်ဝယ်ယူသယ်ပို့ခြင်းများမရှိစေရအောင် အလေးထားဆောင်ရွက်သွားပါမယ်” လို့ စစ်ခေါင်းဆောင်က ပြောဆိုလိုက်တာပါ။ တိုက်ခိုက်ခံရမှုမှာ

ရန်ကုန်တိုင်းတစ်ခုထဲတင် အကြိမ်ရေနှစ်ထောင်ကျော်ရှိပြီး၊ စစ်ကိုင်းတိုင်းမှာ အကြိမ်ရေလေးထောင်ကျော်နဲ့ မကွေးမှာအကြိမ်ရေတစ်‌ ထောင်ကျော်တိုက်ခိုက်ခံခဲ့ရကြောင်း မိန့်ခွန်းမှာဝန်ခံပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးကတည်းက နိုင်ငံတဝှမ်း လက်ပစ်ဗုံးပစ်ခတ်မှုနဲ့ မိုင်းခွဲခံရမှု (၇၂၄၆)ကြိမ်နဲ့ တိုက်ခိုက်သတ်ဖြတ်ခံရမှု (၆၅၆၇)ကြိမ်ရှိပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာနဲ့

အရပ်သားသေဆုံးမှု (၃၄၈၃)ကျော်ရှိကြောင်း ပြောဆိုခဲ့ပြီး စစ်ကောင်စီကလက်နက်ကြီး၊ လေယာဉ်စတာတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ်သားသေဆုံးမှုကို‌တော့ ထည့်သွင်းပြောဆိုမှုမရှိခဲ့ပါဘူး။

crd-

ယူနီကုတ်

Leave a Reply

Your email address will not be published. Required fields are marked *