Unicode
စင်ကာပူမှာ တလကို သိန်းတထောင်နီးပါးဝင်တယ်ဆိုတဲ့ ထူးထူးဆန်းဆန်းအသက်မွေးသူ တယောက်အကြောင်းပြောပြအုံးမယ်။ Bambi Leong Kai Mei ဆိုတဲ့ကလေးမအကြောင်းကို ခေတ်သစ်စုန်းပယောဂဆရာမအဖြစ် ဟိုနားဒီနားမှာဖတ်ရတာကြာပြီ။ သူ့ကို online မှာ DarkWitchBambi လို့ခေါ်ကြတယ်။
ဒီတခေါက် Sim Lim Square ရောက်မှသူ့ဆိုင်ရှေ့သွားပြီး ကေပိုးအုံးမယ်။02-28 မှာတဲ့။ ဆိုင်နာမည်က The Love Witch ပါတဲ့။ သူ့မှာ online shop ရော၊ ဗေဒင်ဟောခန်းရောရှိတယ်။
Bambi Leong Kai Mei ဟာ ဟယ်ရီပေါ်တာတို့လို ဟော့ဝပ်စ်စုန်းဝိဇ္ဇာမှော်ပညာသင်ကျောင်း The Hogwarts School of Witchcraft and Wizardry ထွက်တော့ မဟုတ်ပါဘူး။
Bambi က National University of Singapore က Political Science နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရထားတာ ဖြစ်ပါတယ်။ ကျနော်ပြောချင်တာက သူမကနိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရပြီး လူတွေအကြောင်းကိုကောင်းကောင်းသဘောပေါက်သွားပုံရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ သူ့လိုင်းနဲ့သူ entrepreneur တယောက်အဖြစ်အောင်မြင်နေတာတော့အမှန်ပဲ။
တလ စင်ကာပူဒေါ်လာ ၇၀၀၀၀ လောက်ဝင်တယ်ဆိုကတည်းက အချာပင်တော့မဖြစ်နိုင်ဘူး။ သူက တားရော့ဟောတယ်၊ ယတြာချေတယ်၊ ပြုစားတာတွေဘာတွေလုပ်ပေးတယ်။ ပယောဂအစီအရင်တွေရတယ်။ အမယ် … ဈေးကမပေါဘူး။
နှစ်ယောက်ကြားရှုပ်နေတဲ့တတိယလူကိုရှင်းပေးရင် ဒေါ်လာ (၆၀၀)၊ အလုပ်မှာပြဿနာရှာနေသူကိုရှင်းပေးရင် ဒေါ်လာ (၃၈၀)။ ပီယဆေးလိုချင်ရင် ဒေါ်လာ (၅၄၀)။ တသက်လုံးစာ ကျိန်မလား ဒေါ်လာ (၃၀၀၀၀)၊ အများကြီးပဲရှိတယ်။ white magic, dark magic တွေဘာညာရှိသေးတယ်။
အလုပ်မှာရာထူးတိုးချင်တာ ဘာညာသူ့ဆီမှာအစီအရင်တွေရသတဲ့။ အမယ် … တတိယနိုင်ငံတွေမှာကျောင်းဖွင့်ဖို့ ရည်ရွယ်ချက်ရှိသတဲ့။ အလုပ်လက်မဲ့ကလေးတွေကို သက်မွေးမှုတခုအနေနဲ့ magic skills ကိုသင်ပေးချင်လို့တဲ့။ သူ့ပရိတ်သတ်နဲ့သူအဆင်ပြေနေတာမှ ဝင်ငွေက online ကနေ တလ ဒေါ်လာ ၃၀၀၀၀ ကျော်၊ ဆိုင်ကနေ ဒေါ်လာ ၄၀၀၀၀ လောက်ရနေတာဖြစ်တယ်။ဟိုရှုပ်ရှက်ခတ်နေတဲ့ ဖုန်းရွှေဆရာတွေနဲ့မတူပဲ သူကရုပ်ကလေးကလည်းရှိ ပညာတတ်ကလေးကလည်းဖြစ် အသက်ကလည်း (၂၈) နှစ်ပဲရှိသေးတော့ သူ့ကိုပိုသဘောကျကြမလားပဲ။
Magic ယုံတဲ့လူတွေကတော့ နေရာတိုင်းမှာရှိတယ်ဆိုတာကို ဒီအဖြစ်က သက်သေပြနေတာပဲ။ တနေ့တနေ့အစီအရင်လုပ်ချင်တဲ့သူတွေ သူ့ဆီမှာမနည်းဘူးတဲ့။ဗဟုသုတတခုအနေနဲ့ ထူးထူးဆန်းဆန်းဝင်ငွေကောင်းနေသူတယောက်အကြောင်းပြောပြတာ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်လောက်မှာ ကီမိုနိုနဲ့ မိန်းမကို လေထဲမှာတွေ့ရတယ်တဲ့။ အဘတွေကိုမသိစေနဲ့အုံး။
Source : Richard Myo Thant
Zawgyi
စင္ကာပူမွာ တလကို သိန္းတေထာင္နီးပါးဝင္တယ္ဆိုတဲ့ ထူးထူးဆန္းဆန္းအသက္ေမြးသူ တေယာက္အေၾကာင္းေျပာျပအုံးမယ္။ Bambi Leong Kai Mei ဆိုတဲ့ကေလးမအေၾကာင္းကို ေခတ္သစ္စုန္းပေယာဂဆရာမအျဖစ္ ဟိုနားဒီနားမွာဖတ္ရတာၾကာၿပီ။ သူ႔ကို online မွာ DarkWitchBambi လို႔ေခၚၾကတယ္။
ဒီတေခါက္ Sim Lim Square ေရာက္မွသူ႔ဆိုင္ေရွ႕သြားၿပီး ေကပိုးအုံးမယ္။02-28 မွာတဲ့။ ဆိုင္နာမည္က The Love Witch ပါတဲ့။ သူ႔မွာ online shop ေရာ၊ ေဗဒင္ေဟာခန္းေရာရွိတယ္။Bambi Leong Kai Mei ဟာ ဟယ္ရီေပၚတာတို႔လို ေဟာ့ဝပ္စ္စုန္းဝိဇၨာေမွာ္ပညာသင္ေက်ာင္း The Hogwarts School of Witchcraft and Wizardry ထြက္ေတာ့ မဟုတ္ပါဘူး။
Bambi က National University of Singapore က Political Science ႏိုင္ငံေရးသိပၸံနဲ႔ဘြဲ႕ရထားတာ ျဖစ္ပါတယ္။ က်ေနာ္ေျပာခ်င္တာက သူမကႏိုင္ငံေရးသိပၸံနဲ႔ဘြဲ႕ရၿပီး လူေတြအေၾကာင္းကိုေကာင္းေကာင္းသေဘာေပါက္သြားပုံရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူဟာ သူ႔လိုင္းနဲ႔သူ entrepreneur တေယာက္အျဖစ္ေအာင္ျမင္ေနတာေတာ့အမွန္ပဲ။
တလ စင္ကာပူေဒၚလာ ၇၀၀၀၀ ေလာက္ဝင္တယ္ဆိုကတည္းက အခ်ာပင္ေတာ့မျဖစ္ႏိုင္ဘူး။ သူက တားေရာ့ေဟာတယ္၊ ယၾတာေခ်တယ္၊ ျပဳစားတာေတြဘာေတြလုပ္ေပးတယ္။ ပေယာဂအစီအရင္ေတြရတယ္။ အမယ္ … ေဈးကမေပါဘူး။
ႏွစ္ေယာက္ၾကားရႈပ္ေနတဲ့တတိယလူကိုရွင္းေပးရင္ ေဒၚလာ (၆၀၀)၊ အလုပ္မွာျပႆနာရွာေနသူကိုရွင္းေပးရင္ ေဒၚလာ (၃၈၀)။ ပီယေဆးလိုခ်င္ရင္ ေဒၚလာ (၅၄၀)။ တသက္လုံးစာ က်ိန္မလား ေဒၚလာ (၃၀၀၀၀)၊ အမ်ားႀကီးပဲရွိတယ္။ white magic, dark magic ေတြဘာညာရွိေသးတယ္။
အလုပ္မွာရာထူးတိုးခ်င္တာ ဘာညာသူ႔ဆီမွာအစီအရင္ေတြရသတဲ့။ အမယ္ … တတိယႏိုင္ငံေတြမွာေက်ာင္းဖြင့္ဖို႔ ရည္႐ြယ္ခ်က္ရွိသတဲ့။ အလုပ္လက္မဲ့ကေလးေတြကို သက္ေမြးမႈတခုအေနနဲ႔ magic skills ကိုသင္ေပးခ်င္လို႔တဲ့။ သူ႔ပရိတ္သတ္နဲ႔သူအဆင္ေျပေနတာမွ ဝင္ေငြက online ကေန တလ ေဒၚလာ ၃၀၀၀၀ ေက်ာ္၊ ဆိုင္ကေန ေဒၚလာ ၄၀၀၀၀ ေလာက္ရေနတာျဖစ္တယ္။ဟိုရႈပ္ရွက္ခတ္ေနတဲ့ ဖုန္းေ႐ႊဆရာေတြနဲ႔မတူပဲ သူက႐ုပ္ကေလးကလည္းရွိ ပညာတတ္ကေလးကလည္းျဖစ္ အသက္ကလည္း (၂၈) ႏွစ္ပဲရွိေသးေတာ့ သူ႔ကိုပိုသေဘာက်ၾကမလားပဲ။
Magic ယုံတဲ့လူေတြကေတာ့ ေနရာတိုင္းမွာရွိတယ္ဆိုတာကို ဒီအျဖစ္က သက္ေသျပေနတာပဲ။ တေန႔တေန႔အစီအရင္လုပ္ခ်င္တဲ့သူေတြ သူ႔ဆီမွာမနည္းဘူးတဲ့။ဗဟုသုတတခုအေနနဲ႔ ထူးထူးဆန္းဆန္းဝင္ေငြေကာင္းေနသူတေယာက္အေၾကာင္းေျပာျပတာ ျဖစ္ပါတယ္။ အသက္ ၁၀ ႏွစ္ေလာက္မွာ ကီမိုႏိုနဲ႔ မိန္းမကို ေလထဲမွာေတြ႕ရတယ္တဲ့။ အဘေတြကိုမသိေစနဲ႔အုံး။
Source : Richard Myo Thant