ၾကားသိရသမွ်

ရန်ကုန်မှာ အခိုးခံရတဲ့ဘတ်စ်ကား ယာဉ်တိုက်မှုအတွင်း ကလေးငယ် တစ်ဦးအပါအဝင် seemore……

ရန်ကုန်မှာ အခိုးခံရတဲ့ဘတ်စ်ကား ယာဉ်တိုက်မှုအတွင်း ကလေးငယ် တစ်ဦးအပါအဝင် ၂ ဦးသေဆုံ

ရန်ကုန်မြို့မှာ ဂတ်စ်ဖြည့်ဖို့ ရပ်ထားတဲ့ YBS ဘတ်စ်ကားတစ်စီးကို အမျိုးသားတစ်ဦးက ခိုးယူမောင်းနှင်ခဲ့ပြီး ခိုးယူသွားတဲ့လမ်းကြောင်းမှာ ယာဉ်တိုက်မှု ၂ ခု ဖြစ်ခဲ့တာကြောင့် ကလေးငယ် တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

လူထုမိတ်ဆွေယာဉ်လိုင်းက ဘတ်စ်ကားတစ်စီးဟာ ဒီနေ့ သြဂုတ်လ ၂ ရက်မနက်အစောပိုင်းမှာ ရွှေပြည်သာကွေ့က CNG ဓာတ်ငွေ့ဆိုင်မှာ ဂတ်စ်ဖြည့်ဖို့ စောင့်ဆိုင်းနေတုန်း ခိုးယူမောင်းနှင်ခံရတာလို့ အဲဒီယာဉ်လိုင်းဘက်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီကားဟာ အင်းစိန်မြို့နယ်ထဲက ဒညင်းကုန်းလမ်းဆုံမီးပွိုင့်မှာ ပထမဆုံး ယာဉ်တိုက်မှုဖြစ်ခဲ့တာကြောင့် အသက် ၁၂ နှစ်အရွယ်ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ပြီး နောက်ထပ် သက်လတ်ပိုင်းအရွယ် လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၂ ဦးဟာ ဦးခေါင်းကို ထိခဲ့တာကြောင့် စိုးရိမ်ရတဲ့အနေအထားနဲ့ အင်းစိန်ဆေးရုံကို ပို့ခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတွေက ပြောပါတယ်။

အဲဒီနောက် ဂျပန်လမ်း ကားဂိတ်မှာ ဖြစ်ပွားတဲ့ ဒုတိယမြောက် ယာဉ်တိုက်မှုမှာ လမ်းဘေးမှာရှိနေတဲ့ အမျိုးသမီးတစ်ဦးလည်း ကားနဲ့တိုက်ခံရပြီး အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့သလို ကားဟာလည်း လမ်းဘေး ဓာတ်တိုင်ကို တိုက်မိကာ ရပ်တန့်သွားခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

ယာဉ်လိုင်းဘက်ကတော့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာ လူသေဆုံးတာကို သတင်းမထုတ်ပြန်ပေမဲ့ ကားကိုမောင်းနှင်ခဲ့သူ အမျိုးသားကို အင်းစိန်၊ ရွာမ ယာဉ်မှုစစ်ရုံးမှာ ထိန်းသိမ်းထားတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

crd

ရန္ကုန္မွာ အခိုးခံရတဲ့ဘတ္စ္ကား ယာဥ္တိုက္မႈအတြင္း ကေလးငယ္ တစ္ဦးအပါအဝင္ ၂ ဦးေသဆုံ

ရန္ကုန္ၿမိဳ႕မွာ ဂတ္စ္ျဖည့္ဖို႔ ရပ္ထားတဲ့ YBS ဘတ္စ္ကားတစ္စီးကို အမ်ိဳးသားတစ္ဦးက ခိုးယူေမာင္းႏွင္ခဲ့ၿပီး ခိုးယူသြားတဲ့လမ္းေၾကာင္းမွာ ယာဥ္တိုက္မႈ ၂ ခု ျဖစ္ခဲ့တာေၾကာင့္ ကေလးငယ္ တစ္ဦးနဲ႔ အမ်ိဳးသမီး တစ္ဦးေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

လူထုမိတ္ေဆြယာဥ္လိုင္းက ဘတ္စ္ကားတစ္စီးဟာ ဒီေန႔ ၾသဂုတ္လ ၂ ရက္မနက္အေစာပိုင္းမွာ ေ႐ႊျပည္သာေကြ႕က CNG ဓာတ္ေငြ႕ဆိုင္မွာ ဂတ္စ္ျဖည့္ဖို႔ ေစာင့္ဆိုင္းေနတုန္း ခိုးယူေမာင္းႏွင္ခံရတာလို႔ အဲဒီယာဥ္လိုင္းဘက္က သတင္းထုတ္ျပန္ပါတယ္။

အဲဒီကားဟာ အင္းစိန္ၿမိဳ႕နယ္ထဲက ဒညင္းကုန္းလမ္းဆုံမီးပြိဳင့္မွာ ပထမဆုံး ယာဥ္တိုက္မႈျဖစ္ခဲ့တာေၾကာင့္ အသက္ ၁၂ ႏွစ္အ႐ြယ္ေယာက္်ားေလးတစ္ဦး ေသဆုံးခဲ့ၿပီး ေနာက္ထပ္ သက္လတ္ပိုင္းအ႐ြယ္ လူ ၃ ဦး ဒဏ္ရာရခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

ဒဏ္ရာရသူေတြထဲက ၂ ဦးဟာ ဦးေခါင္းကို ထိခဲ့တာေၾကာင့္ စိုးရိမ္ရတဲ့အေနအထားနဲ႔ အင္းစိန္ေဆး႐ုံကို ပို႔ခဲ့ရတယ္လို႔ ကူညီကယ္ဆယ္ေရးမွာပါဝင္သူေတြက ေျပာပါတယ္။

အဲဒီေနာက္ ဂ်ပန္လမ္း ကားဂိတ္မွာ ျဖစ္ပြားတဲ့ ဒုတိယေျမာက္ ယာဥ္တိုက္မႈမွာ လမ္းေဘးမွာရွိေနတဲ့ အမ်ိဳးသမီးတစ္ဦးလည္း ကားနဲ႔တိုက္ခံရၿပီး အခင္းျဖစ္တဲ့ေနရာမွာပဲ ေသဆုံးခဲ့သလို ကားဟာလည္း လမ္းေဘး ဓာတ္တိုင္ကို တိုက္မိကာ ရပ္တန႔္သြားခဲ့တယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။

ယာဥ္လိုင္းဘက္ကေတာ့ ယာဥ္တိုက္မႈျဖစ္စဥ္ေတြမွာ လူေသဆုံးတာကို သတင္းမထုတ္ျပန္ေပမဲ့ ကားကိုေမာင္းႏွင္ခဲ့သူ အမ်ိဳးသားကို အင္းစိန္၊ ႐ြာမ ယာဥ္မႈစစ္႐ုံးမွာ ထိန္းသိမ္းထားတယ္လို႔ သတင္းထုတ္ျပန္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *