Unicode
စီးပွားရေးမှာ သိပ်အားကျရတဲ့သူတယောက်ရှိတယ်သူပြောဖူးတဲ့ စကားတစ်ခု…
လူတစ်ယောက်က တစ်လ ဝင်ငွေ ၁သိန်းရတယ် ဆိုပါတော့ တစ်လ ကို ၅သောင်းသုံးတယ် သူ တစ်လ ဝင်ငွေ ၅သောင်းပဲ ရတော့တဲ့အခါ ဘာလုပ်မလဲတဲ့ကိုယ်ထင်ခဲ့တာအသုံးစရိတ်ကို တဝက်လျှော့သုံးမယ်ပေါ့ သူ ရယ်တယ်…
အဲ့လိုတွေးရင် သူဌေးမဖြစ်တော့ဘူး တစ်လကို ၅ သောင်း အသုံးစားရိတ်ရှိနေရင် ငါအမြဲ ဒီလိုသုံးနိုင်အောင် ဘယ်လိုရှာရမလဲတွေးရတယ်…။လျှော့သုံးဖို့ထက် တိုးရှာနိုင်အောင် လုပ်လေတဲ့…။စောစောကပြောတော့ ဝင်ငွေကတဝက်ကျသွားတာဆိုလို့ ပြန်မေးတော့သူ ထပ်ရယ်တယ်…။
ဒီစီးပွားက ငွေဝင်နည်းရင် အခြားတစ်ခုကိုရအောင်ကြံပေါ့ အချိန်တိုင်း ကြံစည်နေရမှာပဲလေ…လူဆိုတာ မွေးစကနေ သေသည်အထိပြေးလမ်းပေါ်မှာ ပြေးနေသလိုပဲ…ပူလောင်လိုက်တာ မညည်းနဲ့အေးချမ်းချင် တရားရိပ်ခိုလိုက်တဲ့…။
အဲ့ဒီလူဟာ အသက် ၂၃ နှစ်မှာ စက်လှေအစီး ၈၀ ပိုင်တဲ့ Company ရဲ့ Director ဖြစ်နေပြီ…။သူငယ်ငယ်က သူ့မိသားစုကစက်လှေ ၁ စီးထဲနဲ့ ငါးဖမ်းလုပ်ငန်းလုပ်ခဲ့သူတွေ သူ့ဘဝမှာ ရုပ်ရှင်ရုံလဲ မသိဘူး ပန်းခြံလဲ မသိဘူး အချစ်ကိုလဲ ဦးစားမပေးခဲ့ဘူး
အလုပ်ချိန် ချစ်သူကို သတိရမိရင်တောင် မင်းကြောင့် ငါ အာရုံစိုက်မရဖြစ်တယ်ကွ ဆိုပြီးလှမ်းဆဲတတ်တဲ့သူမျိုး သူ့မှာလူငယ်ဘဝလဲ ဆုံးရှုံးတယ် ပျော်စရာဆိုတာ မရှိသလောက်ပဲ ဒီလို နေရတာ ပျော်ရဲ့လား?ဘဝက ဘာအဓိပ္ပါယ်ရှိမလဲ ကိုယ်မေးတော့…
အနည်းဆုံးတော့ ကိုယ့်ညီတွေကို နိုင်ငံခြားမှာ ကျောင်းထားနိုင်တယ်…ဆင်းရဲသူတွေကို ပေးနိုင်လှူနိုင်တယ်မကျန်းမာတဲ့အခါ ကုနိုင်တယ် ဆွေမျိုးတွေကို ထောက်ပံ့နိုင်တယ် တစ်နေ့ သားသမီးရှိလာရင် ပြည့်စုံမှုပေးနိုင်တယ်လေ ငွေမရှိပဲ ငယ်ဘဝကိုပေါ့ပေါ့ပါးပါး ပျော်နေခဲ့မယ်ဆို အတ္တကြီးရာ ကျတာပေါ့တဲ့…
ဘဝမှာ တခုပဲရမယ်အောင်မြင်မှုလား အေးချမ်းမှုလား နှစ်ခုလုံးလိုချင်လို့တော့ မရဘူး…ကြာလာလေ သဘောပေါက်လာလေပဲ ထမင်းကြမ်းကို ယပ်ခပ်စားရတာ ပြဿနာမဟုတ်ပေမယ့် ကိုယ်ချစ်တဲ့သူတွေ မပြည့်မစုံဖြစ်တာ ထိုင်ကြည့်ရတဲ့အခါတော့ အတော့်ကို နာကျင်ရတယ်…။
သူများစားရင် ကျွေးချင်တယ်သူများဝတ်ရင် ဆင်ချင်တယ်သူများပေးရင် ကိုယ်လဲပေးချင်တယ်…။ဒါဟာ လောဘ ဆိုရင် ဟုတ်တယ် ကျနော် သိပ်လောဘကြီးတာ…။
Original writer
Zawgyi
စီးပြားေရးမွာ သိပ္အားက်ရတဲ့သူတေယာက္ရွိတယ္သူေျပာဖူးတဲ့ စကားတစ္ခု…
လူတစ္ေယာက္က တစ္လ ဝင္ေငြ ၁သိန္းရတယ္ ဆိုပါေတာ့ တစ္လ ကို ၅ေသာင္းသုံးတယ္ သူ တစ္လ ဝင္ေငြ ၅ေသာင္းပဲ ရေတာ့တဲ့အခါ ဘာလုပ္မလဲတဲ့ကိုယ္ထင္ခဲ့တာအသုံးစရိတ္ကို တဝက္ေလွ်ာ့သုံးမယ္ေပါ့ သူ ရယ္တယ္…
အဲ့လိုေတြးရင္ သူေဌးမျဖစ္ေတာ့ဘူး တစ္လကို ၅ ေသာင္း အသုံးစားရိတ္ရွိေနရင္ ငါအၿမဲ ဒီလိုသုံးႏိုင္ေအာင္ ဘယ္လိုရွာရမလဲေတြးရတယ္…။ေလွ်ာ့သုံးဖို႔ထက္ တိုးရွာႏိုင္ေအာင္ လုပ္ေလတဲ့…။ေစာေစာကေျပာေတာ့ ဝင္ေငြကတဝက္က်သြားတာဆိုလို႔ ျပန္ေမးေတာ့သူ ထပ္ရယ္တယ္…။
ဒီစီးပြားက ေငြဝင္နည္းရင္ အျခားတစ္ခုကိုရေအာင္ႀကံေပါ့ အခ်ိန္တိုင္း ႀကံစည္ေနရမွာပဲေလ…လူဆိုတာ ေမြးစကေန ေသသည္အထိေျပးလမ္းေပၚမွာ ေျပးေနသလိုပဲ…ပူေလာင္လိုက္တာ မညည္းနဲ႔ေအးခ်မ္းခ်င္ တရားရိပ္ခိုလိုက္တဲ့…။
အဲ့ဒီလူဟာ အသက္ ၂၃ ႏွစ္မွာ စက္ေလွအစီး ၈၀ ပိုင္တဲ့ Company ရဲ႕ Director ျဖစ္ေနၿပီ…။သူငယ္ငယ္က သူ႔မိသားစုကစက္ေလွ ၁ စီးထဲနဲ႔ ငါးဖမ္းလုပ္ငန္းလုပ္ခဲ့သူေတြ သူ႔ဘဝမွာ ႐ုပ္ရွင္႐ုံလဲ မသိဘူး ပန္းၿခံလဲ မသိဘူး အခ်စ္ကိုလဲ ဦးစားမေပးခဲ့ဘူး
အလုပ္ခ်ိန္ ခ်စ္သူကို သတိရမိရင္ေတာင္ မင္းေၾကာင့္ ငါ အာ႐ုံစိုက္မရျဖစ္တယ္ကြ ဆိုၿပီးလွမ္းဆဲတတ္တဲ့သူမ်ိဳး သူ႔မွာလူငယ္ဘဝလဲ ဆုံးရႈံးတယ္ ေပ်ာ္စရာဆိုတာ မရွိသေလာက္ပဲ ဒီလို ေနရတာ ေပ်ာ္ရဲ႕လား?ဘဝက ဘာအဓိပၸါယ္ရွိမလဲ ကိုယ္ေမးေတာ့…
အနည္းဆုံးေတာ့ ကိုယ့္ညီေတြကို ႏိုင္ငံျခားမွာ ေက်ာင္းထားႏိုင္တယ္…ဆင္းရဲသူေတြကို ေပးႏိုင္လႉႏိုင္တယ္မက်န္းမာတဲ့အခါ ကုႏိုင္တယ္ ေဆြမ်ိဳးေတြကို ေထာက္ပံ့ႏိုင္တယ္ တစ္ေန႔ သားသမီးရွိလာရင္ ျပည့္စုံမႈေပးႏိုင္တယ္ေလ ေငြမရွိပဲ ငယ္ဘဝကိုေပါ့ေပါ့ပါးပါး ေပ်ာ္ေနခဲ့မယ္ဆို အတၱႀကီးရာ က်တာေပါ့တဲ့…
ဘဝမွာ တခုပဲရမယ္ေအာင္ျမင္မႈလား ေအးခ်မ္းမႈလား ႏွစ္ခုလုံးလိုခ်င္လို႔ေတာ့ မရဘူး…ၾကာလာေလ သေဘာေပါက္လာေလပဲ ထမင္းၾကမ္းကို ယပ္ခပ္စားရတာ ျပႆနာမဟုတ္ေပမယ့္ ကိုယ္ခ်စ္တဲ့သူေတြ မျပည့္မစုံျဖစ္တာ ထိုင္ၾကည့္ရတဲ့အခါေတာ့ အေတာ့္ကို နာက်င္ရတယ္…။
သူမ်ားစားရင္ ေကြၽးခ်င္တယ္သူမ်ားဝတ္ရင္ ဆင္ခ်င္တယ္သူမ်ားေပးရင္ ကိုယ္လဲေပးခ်င္တယ္…။ဒါဟာ ေလာဘ ဆိုရင္ ဟုတ္တယ္ က်ေနာ္ သိပ္ေလာဘႀကီးတာ…။
Original writer