ၾကားသိရသမွ်

တစ္ဧကစိုက္ရင္ သိန္းတစ္ေထာင္ ျပန္ရတဲ့ လီလီပန္း တစ္ပိုင္တစ္နိုင္ စိုက္ပ်ိဳးၾကည့္ရေအာင္

တစ်ဧကစိုက်ရင် သိန်းတစ်ထောင် ပြန်ရတဲ့ လီလီပန်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြည့်ရအောင်

ဘုရား ပဲတင်တင် အလှပဲထိုးထို လီလီပန်း လေးနဲ့မှ ကုသိုလ် ပိုရသည် ၊ ကျက်သရေ ရှိသည် ၊ အလှထူးသည် ထင်ကြသည်။

မင်္ဂလာ အခမ်းအနား များပင် ဖြစ်စေ၊ အမှတ်တရ လက်ဆောင် ပန်းစည်း၊ ပန်းခြင်း အတွက်ဖြစ် စေ လီလီပန်း ဖြင့် အလှဆင်မည်ဆိုပါက တခြားသော ပန်း များထက် ဈေးပို ပေးကြရသည်။

ပေးရသည့် တန်ဖိုး နဲ့ လျော်ညီအောင်ပင် လီလီပန်း က ကြာရှည်ခံသည် တင့်တင့်တယ်တယ် ထူးထူးခြားခြား လှပသည့် အရည်အသွေး များကို ပိုင်ဆိုင်ထားသည်။

ဤသို့ ထူးခြားလှပပြီး ဈေးကြီးသည့် လီလီပန်း ကို မိမိတို့အိမ်တွ င် တစ်ပိုင်တစ်နိုင် စိုက်ပျိုး နိုင်ကြောင်း ဖော်ပြပေးလိုက်ပါသည်။

လီလီပန်း သည် သဇင်ပန်း များကဲ့သို့ပင် ဥမှပေါက်သည့် အပင် တစ်မျိုး ဖြစ်သည်။ စတင် စိုက်ပျိုး ရန်အတွက် ဥ ဖြင့်ပင် အပင်ကို ပျိုးရပါသည်။ပျိုးဥနု လျှင် အပင်မအောင်ပါ။

ပျိုးဥ အရင့်များကို ရွေးချယ်စိုက်ပျိုးဖို့ အဓိကလိုပါတယ် ။ စတင်စိုက်ပျိုးပြီး ၅ လအတွင်း အပွင့်ပွင့်ပြီး နောက်ထပ် ပျိုး ဥ ၅ ခုခန့် အပင်အောက်တွင် အမြစ်တွယ်ပြီးသား ဖြစ်နေပါသည်။

နေရာဒေသမရွေး စိုက်ပျိုးနိုင်ပါသည်။ အလင်းရောင် ကို နှစ်သက်သည်။ နေရာကောင်းရဖို့ လိုသည်။ လောင်းရိပ် ကျလွန်းပါက ကောင်းစွာကြီး ထွားမှု မရှိပါ။ အထူးသဖြင့် နံနက်နေရောင် ကောင်းစွာရဖို့ လိုပါသည်။

ရေဝပ်ဒဏ် ခံနိုင်ခြင်း မရှိပါ။ ပန်းအိုးဖြင့်လည်း စိုက်ပျိုးလို့ ရပါသည်။ မြေဘောင် လုပ်၍ စိုက်ပျိုးပါက မြေကို နွားချေးများများနဲ့ နှပ်ထားပါ ။ဘောင်ဖြင့် စိုက်မည်ဆိုပါက အကျယ် ၃ ပေ ပြုလုပ်ပါ။

ပေါင်းမြတ်များ ရှင်းလင်းရ လွယ်ကူရန် ဖြစ်ပါတယ်။ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ပတ်လည် စိုက်ပျိုးပါ။ အပင်ထွက်လာပြီး ရက် ၂၀ တစ်လသား အရွယ်တွင် ပေါင်းလိုက်၍ အစာကျွေးပါ။

မြေစေးလျှင် သဲနှုန်းမြေ ။ မြေဆွေး ။ နွားချေး(သို့) ကြက်ချေး မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။ မြေဘောင်ကို ကြိုတင်ပြင်ဆင်ပြီး တစ်လကျော်မှသာ စိုက်ပျိုးပါ။

အကောင်းဆုံးနည်းမှာ လီလီပန်း မျိုးဥနှင့် ဓါတ်မြေသြဇာ။ နွားချေးမြေ ဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့၍ မရပါ။ မျိုးဥ ပျက်စီးနိုင်ပါသည်။ ဥမှ ထွက်လာသော အမြစ် များနှင့်သာ မြေသြဇာ များထိတွေ့ရန် လိုအပ် ပါသည်။

မှိုသတ်ဆေး အပင်အားဆေး ပိုးသတ်ဆေးများကို လိုအပ်သလို ပက်ဖြန်းနိုင်ပါသည်။ အပူချိန် များလျှင် အပူကာ ပြုလုပ်ပေးလျှင် ပိုကောင်း ပါသည်။ အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်း ဖြစ်ပါသည်။

အပွင့်ပွင့်လာပါက ရိုးတံအပါခူးပြီး အပင် များကို ဒီအတိုင်းထားပါ။ မျိုးဥရယူရန် ဖြစ်ပါတယ်။ မျိုးဥ အရင့်များကို တူးယူနိုင်ပါတယ်။ အပင် တစ်ပင်လျှင် မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ် ။

တူးယူထားသည့် မျိုးဥ များကို အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့် မြေကြီး များကို ဖယ်ရှားလိုက်ပါ။ ထို့နောက် ချက်ချင်းစိုက်ပါ။ သို့မှ သာ အပင်ပေါက်အား ကောင်းမှာ ဖြစ်သည်။

မျိုးဥ များကို ဝယ်ယူနိုင်ပါသည် မျိုးဥ တစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့ မှ ပို့ပေးမည် ဖြစ်ပါသည်။ မျိုးဥ ရောက်ရောက်ချင်း စိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင် မျိုးဥ လတ်လတ်ဆတ်ဆတ်နဲ့ စိုက်ပျိုးနည်း ပညာတွေကို မျှဝေပေးလျက်ရှိပြီး လေ့လာချင်သူများအနေဖြင့် 09 420 102 108 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ကြောင်း သိရသည်

Crd- Yoma lann

တစ္ဧကစိုက္ရင္ သိန္းတစ္ေထာင္ ျပန္ရတဲ့ လီလီပန္း တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳးၾကည့္ရေအာင္

ဘုရား ပဲတင္တင္ အလွပဲထိုးထို လီလီပန္း ေလးနဲ႔မွ ကုသိုလ္ ပိုရသည္ ၊ က်က္သေရ ရွိသည္ ၊ အလွထူးသည္ ထင္ၾကသည္။

မဂၤလာ အခမ္းအနား မ်ားပင္ ျဖစ္ေစ၊ အမွတ္တရ လက္ေဆာင္ ပန္းစည္း၊ ပန္းျခင္း အတြက္ျဖစ္ ေစ လီလီပန္း ျဖင့္ အလွဆင္မည္ဆိုပါက တျခားေသာ ပန္း မ်ားထက္ ေစ်းပို ေပးၾကရသည္။

ေပးရသည့္ တန္ဖိုး နဲ႔ ေလ်ာ္ညီေအာင္ပင္ လီလီပန္း က ၾကာရွည္ခံသည္ တင့္တင့္တယ္တယ္ ထူးထူးျခားျခား လွပသည့္ အရည္အေသြး မ်ားကို ပိုင္ဆိုင္ထားသည္။

ဤသို႔ ထူးျခားလွပၿပီး ေစ်းႀကီးသည့္ လီလီပန္း ကို မိမိတို ့အိမ္တြ င္ တစ္ပိုင္တစ္ႏိုင္ စိုက္ပ်ိဳး ႏိုင္ေၾကာင္း ေဖာ္ျပေပးလိုက္ပါသည္။

လီလီပန္း သည္ သဇင္ပန္း မ်ားကဲ့သို႔ပင္ ဥမွေပါက္သည့္ အပင္ တစ္မ်ိဳး ျဖစ္သည္။ စတင္ စိုက္ပ်ိဳး ရန္အတြက္ ဥ ျဖင့္ပင္ အပင္ကို ပ်ိဳးရပါသည္။ပ်ိဳးဥႏု လွ်င္ အပင္မေအာင္ပါ။

ပ်ိဳးဥ အရင့္မ်ားကို ေ႐ြးခ်ယ္စိုက္ပ်ိဳးဖို႔ အဓိကလိုပါတယ္ ။ စတင္စိုက္ပ်ိဳးၿပီး ၅ လအတြင္း အပြင့္ပြင့္ၿပီး ေနာက္ထပ္ ပ်ိဳး ဥ ၅ ခုခန႔္ အပင္ေအာက္တြင္ အျမစ္တြယ္ၿပီးသား ျဖစ္ေနပါသည္။

ေနရာေဒသမေ႐ြး စိုက္ပ်ိဳးႏိုင္ပါသည္။ အလင္းေရာင္ ကို ႏွစ္သက္သည္။ ေနရာေကာင္းရဖို႔ လိုသည္။ ေလာင္းရိပ္ က်လြန္းပါက ေကာင္းစြာႀကီး ထြားမႈ မရွိပါ။ အထူးသျဖင့္ နံနက္ေနေရာင္ ေကာင္းစြာရဖို႔ လိုပါသည္။

ေရဝပ္ဒဏ္ ခံႏိုင္ျခင္း မရွိပါ။ ပန္းအိုးျဖင့္လည္း စိုက္ပ်ိဳးလို႔ ရပါသည္။ ေျမေဘာင္ လုပ္၍ စိုက္ပ်ိဳးပါက ေျမကို ႏြားေခ်းမ်ားမ်ားနဲ႔ ႏွပ္ထားပါ ။ေဘာင္ျဖင့္ စိုက္မည္ဆိုပါက အက်ယ္ ၃ ေပ ျပဳလုပ္ပါ။

ေပါင္းျမတ္မ်ား ရွင္းလင္းရ လြယ္ကူရန္ ျဖစ္ပါတယ္။ တစ္ပင္ႏွင့္တစ္ပင္ ၉ လက္မ ပတ္လည္ စိုက္ပ်ိဳးပါ။ အပင္ထြက္လာၿပီး ရက္ ၂၀ တစ္လသား အ႐ြယ္တြင္ ေပါင္းလိုက္၍ အစာေကြၽးပါ။

ေျမေစးလွ်င္ သဲႏႈန္းေျမ ။ ေျမေဆြး ။ ႏြားေခ်း(သို႔) ၾကက္ေခ်း ေျမၾသဇာ 50:30:20 အခ်ိဳးေရာစပ္ၿပီး စိုက္ပ်ိဳးပါ။ ေျမေဘာင္ကို ႀကိဳတင္ျပင္ဆင္ၿပီး တစ္လေက်ာ္မွသာ စိုက္ပ်ိဳးပါ။

အေကာင္းဆုံးနည္းမွာ လီလီပန္း မ်ိဳးဥႏွင့္ ဓါတ္ေျမၾသဇာ။ ႏြားေခ်းေျမ ေဆြးတို႔ႏွင့္ တိုက္႐ိုက္ထိေတြ႕၍ မရပါ။ မ်ိဳးဥ ပ်က္စီးႏိုင္ပါသည္။ ဥမွ ထြက္လာေသာ အျမစ္ မ်ားႏွင့္သာ ေျမၾသဇာ မ်ားထိေတြ႕ရန္ လိုအပ္ ပါသည္။

မႈိသတ္ေဆး အပင္အားေဆး ပိုးသတ္ေဆးမ်ားကို လိုအပ္သလို ပက္ျဖန္းႏိုင္ပါသည္။ အပူခ်ိန္ မ်ားလွ်င္ အပူကာ ျပဳလုပ္ေပးလွ်င္ ပိုေကာင္း ပါသည္။ အမွန္တကယ္ ျပဳစုေပးလွ်င္ တစ္ဧက သိန္းေထာင္ဂဏန္း ရရွိမယ့္ စိုက္ပ်ိဳးေရးလုပ္ငန္း ျဖစ္ပါသည္။

အပြင့္ပြင့္လာပါက ႐ိုးတံအပါခူးၿပီး အပင္ မ်ားကို ဒီအတိုင္းထားပါ။ မ်ိဳးဥရယူရန္ ျဖစ္ပါတယ္။ မ်ိဳးဥ အရင့္မ်ားကို တူးယူႏိုင္ပါတယ္။ အပင္ တစ္ပင္လွ်င္ မ်ိဳးဥ ၅ ဥ ခန႔္ ျပန္လည္ရရွိပါတယ္ ။

တူးယူထားသည့္ မ်ိဳးဥ မ်ားကို အရိပ္ထဲတြင္ ၃ ရက္ခန႔္ အေျခာက္ခံၿပီး ကပ္ေနသည့္ ေျမႀကီး မ်ားကို ဖယ္ရွားလိုက္ပါ။ ထို႔ေနာက္ ခ်က္ခ်င္းစိုက္ပါ။ သို႔မွ သာ အပင္ေပါက္အား ေကာင္းမွာ ျဖစ္သည္။

မ်ိဳးဥ မ်ားကို ဝယ္ယူႏိုင္ပါသည္ မ်ိဳးဥ တစ္ဥလွ်င္ ၁၀၀ က်ပ္ႏႈန္းျဖစ္ပါသည္။ ျပင္ဦးလြင္ၿမိဳ႕ မွ ပို႔ေပးမည္ ျဖစ္ပါသည္။ မ်ိဳးဥ ေရာက္ေရာက္ခ်င္း စိုက္ပ်ိဳးႏိုင္ဖို႔ ေျမေဘာင္ေတြ ႀကိဳတင္ မ်ိဳးဥ လတ္လတ္ဆတ္ဆတ္နဲ႔ စိုက္ပ်ိဳးနည္း ပညာေတြကို မွ်ေဝေပးလ်က္ရွိၿပီး ေလ့လာခ်င္သူမ်ားအေနျဖင့္ 09 420 102 108 သို႔ ဆက္သြယ္ေမးျမန္း မွာယူႏိုင္ေၾကာင္း သိရသည္

Crd- Yoma lann

Leave a Reply

Your email address will not be published. Required fields are marked *