ပြည်တွင်းသတင်း

ကြားပွဲစားမလိုပဲ Passport ကို ကျပ်သုံးသောင်းကျော်နဲ့ တစ်ရက်တည်းအပြီးလုပ်နည်း

မနက် ၅ နာရီအရောက်သွား၊မြန်မာပလာဇာဖက်က ပွဲစားနဲ့လုပ်တဲ့သူတွေပဲဝင်လို့ရပါတယ်။ကိုယ့်ဘာသာလုပ်မယ့်သူတွေ ဆရာစံပန်းခြံဘက်ကနေတန်းစီရပါတယ်။

မှတ်ချက်။မည်သူတစ်ဦးတစ်ယောက်ပြောတာမှလက်မခံပါနဲ့လက်ဖက်ရည်ဖိုး(၃၀၀၀)ပေးရင်တန်းမစီရဘူး။ပြောလဲမယုံပါနဲ့အထဲရောက်မှဖောင်ဝယ်ပါ။

ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ရဲဂိတ်ကိုဖြတ်ဖို့အတွက် ကျား/မခွဲပြီးတန်းစီရပါမယ်။

(စာရွက်စာတန်းဖိုင်၊ဖုန်း၊ပိုက်ဆံအိတ်ပဲယူလို့ရပါမယ်)ကျန်သောပစ္စည်းများ လုံးဝယူခွင့်မရှိ။ တစ်ရက်တည်းနဲ့မပြီးခဲ့သောသူများ၊

စာအုပ်လာထုတ်သူများ၊ပွဲစားအပ်ထားသူများ၊ဆိုင်ရာပိုင်ရာများကိုအရင်ခေါ်သွင်းပါတယ်။နောက်ဆုံးမှကိုယ်ဘာသာလုပ်တဲ့သူတွေကိုခေါ်သွင်းပါတယ်။ရဲဂိတ်မှာစစ်ဆေးပြီး သွားရင်တော့passport ရုံးရှေ့ပြေးပါ။

၂။ရုံးထဲကိုဝင်ဖို့ ကျား/မ မခွဲတော့ပဲ ရုံးရဲ့ဘေးကနေပြန်ပြီး တန်းစီရပါမယ်။

အဝင်ဝမှာ မှတ်ပုံတင်/သန်ခေါင်စာရင်း(မူရင်း) ပြပြီး ဝင်ရပါမယ်။

၃။ရုံးထဲရောက်ပြီဆိုတာနဲ့ညာဘက်မှာရဲနှစ်ယောက်ထိုင်နေတဲ့စားပွဲရှိပါတယ်။

အဲ့ဒါဖောင်လိုချင်လို့ဆိုပြီးတောင်းလိုက်ပါ။ဖောင်ကြေး မိမိသဒ္ဒါရှိသလောက်ပေးရင်ရပါပြီ။ဖောင်ယူပြီးမဖြည့်ပါနဲ့အုံးအရင်ဆုံး လ.ဝ.က ဂိတ်(၁ကနေ ၁၄)ထိရှိပါတယ်။လူရှင်းတဲ့ဂိတ်ကိုရွှေးပြီးတန်းစီပါ။တန်းစီနေတုန်း ဖောင်ဖြည့်ပါ။

လ.ဝ.ကဂိတ်ရောက်ရင်မှတ်ပုံတင်မူရင်း၊သန်းခေါင်စာရင်းမူရင်း၊မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူ နှစ်စုံနဲ့ဖြည့်ထားတဲ့ဖောင်ကိုပေးမျက်နှာနဲ့လက်ဗွေscanဖတ်ပြီးရင်မှတ်ပုံတင်မူရင်း၊သန်းခေါင်စာရင်းမူရင်းနဲ့မိတ္တူတစ်စုံနဲ့မိမိဖြည့်ထားတဲ့ဖောင်ကိုပြန်ပေးပါတယ်အဲ့မှာ(၂၀၀၀)ပေးရပါမယ်ဘဏ်ချလံပြန်ရပါတယ်။

၅။ချလံရပြီဆိုတာနဲ့မြန်မာ့စီးပွားရေးဘဏ်မှာ ဘဏ်ချလံနှင့်အတူ(၂၅၀၀၀)ပေးလိုက်ပါ။

ပေးပြီးငွေသွင်းပြီးစီးကြောင်းချလံရဖို့ ပြန်စောင့်ရပါတယ်။

၆။ ချလံပြန်ရပြီဆိုရင်ဘေးနားမှာရှိတဲ့လူနည်းတဲ့ဓါတ်ပုံအခန်းတွေရှေ့မှာတန်းစီရပါမယ်။

အဲ့မှာ ဘဏ်ချလံရယ်၊မှတ်ပုံတင်မိတ္တူ၊သန်းခေါင်စာရင်းမိတ္တူရယ်ပြရပါတယ်။ပြီးရင်ဓါတ်ပုံရိုက်လက်ဆယ်ချောင်းလုံးလက်ဗွေနှိပ်မျက်လုံး scanဖတ် မိမိရဲ့လက်မှတ်ထိုး ဒါတွေအားလုံးပြီးရင်တော့စာအုပ်ထုတ်ရမယ့်ချလံပြန်ရပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *