သရုပ်ဆောင်၊ အဆိုတော်၊ ဆရာဝန် တစ်ဦးဖြစ်ပြီး ပရိသတ်အချစ်တွေကို တစ်ခဲနက်ရရှိထားသူလေး ချစ်သုဝေ ဟာ အဆိုတော်လင်းလင်း နဲ့ အိမ်ထောင်ကျပြီး အမြွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ် ကို မွေးဖွားထားသူတစ်ယောက် ဖြစ်ပါတယ်။
စိတ်ပျိုလို့ ကိုယ်နုတဲ့ ချစ်သုဝေက အသက် (၃၇) နှစ်ရောက်သည့်တိုင် လူငယ်လေးလို လန်းဆန်းလှပနေဆဲပါ။ ချစ်သုဝေ ကတော့ အမှန်တရားကိုချစ်မြတ်နိုးပြီး ပြည်သူတွေဘက်က ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးထဲမှာ အပါအဝင်ဖြစ်ပါတယ်။
ပုဒ်မ ၅၀၅ က နဲ့တရားဆွဲဆိုခံရထားပေမယ့် တိမ်းရှောင်ရင်း အမှန်တရားအတွက် ဆက်လက်လုပ်ကိုင်နေဆဲပါပဲနော်။
ချစ်သုဝေ ဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို နည်းမျိုးစုံနဲ့အကူအညီပေးနိုင်အောင် ဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်။
ဒီကနေ့မှာလဲ .ဒီဝန်ဟာမလေးလံလောက်ရင်ပါ တလရခရီးရှည်မှာ ပမ်းလာကြတာကြောင့် လက်မှတ်ရောင်းအား ရှေ့တခေါက်ထပ်ကျလာတာကို စိတ်ထဲမယ် ပြည်သူတွေပမ်းနေကြလို့တကယ် စိတ်ပူစိတ်မကောင်းဘူး..
ဒီတလရ အမြန်ပြီးဆုံးစေချင်ပြီ ဒီပြည်သူအားလုံးရဲ့ဒုက္ခဟာကိုယ့်ဒုက္ခလေမို့..ဒါပေမယ့် အားတင်းမယ် ရှေ့ဆက်မယ် ပြုံးထားကြတယ် ရင်ဆိုင်မယ် ကျော်လွှားမယ် ” လို့ ချစ်သုဝေ ဟာ သူ့ရဲလူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ မင်းသမီး ချစ်သုဝေ ရဲ့ ပြည်သူအားလုံးရဲ့ဒုက္ခဟာ ကိုယ့်ဒုက္ခလိုပဲ ခံယူထားပါတယ်တဲ့။
ဒါကြောင့် လေးစားဖို့ကောင်းတဲ့ မင်းသမီး ချစ်သုဝေ ရဲ့ စိတ်ဓာတ်လေးကို ချီးကျူးစကားအချို့ ကောမန့်မှ ရေးသားသွားပေးခဲ့ပါအုန်းနော်။
ပြည်သူအားလုံးရဲ့ဒုက္ခဟာ ကိုယ့်ဒုက္ခလိုပဲ ခံယူထားတယ်ဆိုတဲ့ မင်းသမီး ချစ်သုဝေ

ချစ်သုဝေ