Cobra
ယနေ့မနက် သိမ်းဆည်းရမိသည့် လက်နက်နှင့် တိုက်ပွဲမှတ်တမ်း
အကြမ်းဖက် စစ်ကောင်စီ တပ်သားတစ်ဦးအား ပစ်ခတ်ရှင်းလင်းပြီး ကော်ဘရာစစ်သည်တော်များက လက်နက်၊ စစ်ပစ္စည်းများ သိမ်းယူနေသော ရုပ်သံ ဖြစ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံခမရ(၂၀၇)၊ ခလရ(၈)၊ ခမရ(၂၀၄)၊ ခမရ(၉) ၊ ခမရ(၁၀၂) နှင့် လက်ရုံးတပ်ဖွဲ့များ၊ ဗိုလ်မုတ်သုန် ဦးစီးသော BGF အင်အား (၁၀၀) ခန့်၊ ပါဝင်သော စစ်ကောင်စီ စစ်ကြောင်းများသည် ဖလူးလေး၊ ဖလူးကြီးဒေသတွင် စုဖွဲ့၍ မြဝတီ – ဝေါ်လေကားလမ်းတစ်လျောက် ဒေသများအား ကျူးကျော်ရန် ကြိုးစားလာခဲ့ပါသည်။
ထို့ကြောင့် ခမရ(၂၀၇) ပါဝင်သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် မြဝတီ-ဝေါ်လေ ကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ (ဒေသအခေါ်) နေရာသို့ ဇူလိုင်လ (၇) ရက်နေ့တွင် ရောက်ရှိလာခဲ့ရာ လုံခြုံရေး ရယူထားသော ကော်ဘရာစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါသည်။ ယခုသတင်းထုတ်ပြန်သော ဇူလိုင်လ (၈) ရက် မနက် (၉) နာရီ အချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီးတစ်ဦး၊
ဆေးမှူး တစ်ဦး အပါအဝင် အလောင်း (၅) လောင်း အတည်ပြုတွေ့ရှိရပြီး စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရရှိထားသည်ကို တွေ့ရှိရပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ ထိခိုက်သေဆုံး စာရင်းအား တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်သဖြင့် အတည်ပြုနိုင်ရန် စီစစ်ဆဲ ဖြစ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီထံမှ MA -1 တစ်လက်၊ ၎င်းကျည် (၅.၅၆) ကျည် (၄၇၅) တောင့်၊ ကျည်ဘောက်(၄) ခု၊ အီနာဂါ ဗုံးသီး တစ်လုံး၊ အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိထားပါသည်။ ကော်ဘရာစစ်ကြောင်းဘက်မှ စစ်သည်တော်များ ကျဆုံး၊ ထိခိုက်၊ဒဏ်ရာ မရရှိခဲ့ပါ။
အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီလေတပ်မှ တိုက်လေယာဉ်တစ်စင်းသည် ဇူလိုင်(၈) ရက်နေ့ နံနက် (၄)နာရီခွဲ ခန့်အချိန်တွင် လေ့ကေ့ကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေး ရယူထားသော တောင်ကုန်းတစ်ခုပေါ်သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သော်လည်း ပြည်သူလူထုမေတ္တာဖြင့် ကော်ဘရာ စစ်သည်များ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရရှိခဲ့ပါ။
ရုပ်သံ – ယနေ့မနက် သိမ်းဆည်းရမိသည့် လက်နက်နှင့် တိုက်ပွဲမှတ်တမ်း အတို (အသံမပါဝင်ပါ)အကြမ်းဖက် စစ်ကောင်စီ တပ်သားတစ်ဦးအား ပစ်ခတ်ရှင်းလင်းပြီး ကော်ဘရာစစ်သည်တော်များက လက်နက်၊ စစ်ပစ္စည်းများ သိမ်းယူနေသော ရုပ်သံ ဖြစ်ပါသည်။
Cobra